Author: Baby Yit Lone
-

ကော့သောင်းတွင် ဘုရားပေါ်အရက်သောက်သူကို ဟန့်တားသည့်ဆရာတော် ရိုက်နှက်ခံရပြီး ပျံလွန်
ကော့သောင်းမြို့နယ်ရှိ ပင်လယ်ကျေးရွာတစ်ရွာတွင် ဘုရားရင်ပြင်ပေါ်အရက်သောက်စားနေသူအား သောက်စားခြင်းမပြုရန်တားမြစ်ပြောဆိုသည့် ကျောင်းထိုင်ဆရာတော်တစ်ပါးရိုက်နှက်ခံရပြီး ပျံလွန်တော်မူကြောင်း စုံစမ်းသိရှိရသည်။ စူငယ်ဘလိုင်းကျေးရွာအုပ်စု၊ မကြုံဂလက်မော်ကင်းကျေးရွာရှိ အောင်ခေမာကျောင်းတိုက်ဆရာတော် ဦးပဏ္ဍိတအား ကျောင်းတွင် ကပ္ပိယနှင့် ကျောင်းသားအချို့မရှိချိန် ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီတွင် အသက် ၂၅ နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးက လာရောက်ရိုက်နှက်ခဲ့ကြောင်း ဆရာတော်နှင့် နီးစပ်သည့် သံဃာတော်အသိုင်းအဝိုင်းထံမှ သိရှိရသည်။ ဆရာတော်၏ ဦးခေါင်းကို ကြေးစည်တီးသည့်သစ်သားတုတ် (တင်းပုတ်) ဖြင့် ရိုက်နှက်ခဲ့ခြင်းကြောင့် ပျံလွန်တော်မူသွားခဲ့ကြောင်း ပျံလွန်တော်မူသွားသည့် ဆရာတော်နှင့် နီးစပ်သည့် ရဟန်းတစ်ပါးက မိန့်သည်။ “ဆရာတော်ရဲ့ဦးခေါင်းတစ်ခုလုံးက ရစရာမရှိတော့ဘူး။ တင်းပုတ်နဲ့ ထုရိုက်ထားတာ” ဟု အထက်ပါ ရဟန်းက မိန့်သည်။ သတ်ဖြတ်သွားသူသည် အဆိုပါကျောင်းတိုက်အတွင်း ထမင်း၊ ဟင်းများ လာရောက်တောင်းယူစားသောက်လေ့ရှိသူဖြစ်ကြောင်း ဆရာတော်နှင့်…
-

ဗန်းမောက်မြို့ကို စစ်တပ်က သိမ်းပြီးနောက် NUG တပ်က မြို့ကိုပြန်ဝိုင်း ပိတ်ဆို့ပြီးတိုက်ခိုက်နေ
အမျိုးသားညီညွတ်ရေးအစိုးရ NUG သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် SNA တို့က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြန်လည်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု စစ်ကောင်စီက ကြေညာထားသည်။ မြေပြင်စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံပြည်သူများကလည်း ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်ပြီဟု အတည်ပြုပြောကြားထားကြသည်။ ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခု ဖြစ်သော မြနန္နာ၊ လွှစင်ကုန်းနှင့် မြို့မရပ်ကွက်တို့ကို စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း မြို့ပတ်ပတ်လည်ကို NUG တပ်များမှ ဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု ဗန်းမောက်မြို့နယ်ပအဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “အခု အခြေအနေအရဆိုရင် မြို့ရဲ့အနီးနား ဘေးပတ်လည်ကို PDF ပကဖ တွေက ဝိုင်ရံပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်ဗျာ။ PDF ပကဖတို့က အချိန်မရွေး…
-

ကျောင်းကပွဲမှာ ဖင်ကုန်းပြီး လိင်ဆက်ဆံသလို ကပြခဲ့လို့ ကျောင်းထုတ်ခံရတော့မယ့် ကောင်မလေး (ရုပ်သံ)
ကျောင်းကပွဲမှာ ဖင်ကုန်းပြီး လိင်ဆက်ဆံသလို ကပြခဲ့လို့ ကျောင်းထုတ်ခံရတော့မယ့် ကောင်မလေး (ရုပ်သံ)
-

ဒုဗိုလ်သန့်ဇင်အောင် ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံး
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ် ၆၇ မှ ဒုဗိုလ်သန့်ဇင်အောင် ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံး အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ် ၆၇ မှ ဒုဗိုလ်သန့်ဇင်အောင် (ခ) သီဟအောင်မှာ ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံးသွားကြောင်း ကာယကံရှင်မိဘများ၏ လူမှုကွန်ရက်တွင် ဖော်ပြချက်နှင့် တပ်အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ပြင်ဦးလွင် စစ်တက္ကသိုလ်မှ အမှတ် ၆၇ ဗိုလ်လောင်းသင်တန်းဆင်းခဲ့သော ဒုဗိုလ်သန့်ဇင်အောင်(ခ) သီဟအောင်မှာ ကျောင်းဆင်းပြီး ၂ လအကြာ ၂၀၂၆…
-

မှောင်ခိုပစ္စည်းဖမ်းခြင်းနှင့်ခါးပတ်ကြား
၁၉၆၄ ခုမှာ ပြည်သူပိုင်သိမ်းပြီး ပစ္စည်းမျိုးစုံကို ဗဟိုအစိုးရကချုပ်ကိုင်ပြီးရောင်းတယ်။ ပပက ပြည်သူ့ဆိုင် သမဝါယမ နာမည်အမျိုးမျိုးတတ်ပြီး ပြည်သူလူထုကို ခွဲတမ်းနဲ့ ရောင်းပေးတယ်။ ငပိ ငံပြာရည် ကြက်သွန်ကအစ လူဦးရေအလိုက် ခွဲတမ်းနဲ့ရောင်းပေးတယ်။ မိသားစုဝင်တစ်ယောက်သေရင် အကြောင်းကြားရတယ်။ စာအုပ်ထဲကနေပယ်ဖျက်ပစ်တယ်။ အကြောင်းမကြားဘဲ ပစ္စည်းခွဲတမ်းဆက်ယူနေရင် အလွဲသုံးစားမှုနဲ့ အရေးယူခံရတာတွေ အစပိုင်းမှာရှိခဲ့ပါတယ်။ မှီခဲ့သူတွေမှတ်မိကြပါလိမ့်မယ်။ ၁၉၆၇ ခုလောက်မှာ မှောင်ခိုဆိုတဲ့ဝေါဟာရပေါ်လာတယ်လို့ပြောရမယ်။ ရှေးတုံးက မှောင်ခိုပစ္စည်းဖမ်းတယ်ဆိုတာ အတော်ကြောက်စရာကောင်းတယ်။ လဘက်ခြောက် ဆန် ဆီ ဆားကအစ မိသွားရင်ထောင်ကျသွားနိုင်တယ်။ အပိုအဖြစ် အလုပ်ကြမ်းနှင့်ဆိုတာက ပါသေးတယ်။ ၁၉၆၇/၇၀ခုနှစ်လောက်မှာ အဖမ်းအဆီးအတော်ကြမ်းတယ်။ ဈေးချို(၁၂)ရုံထဲအထိဝင်ဖမ်းတယ်။ ဖမ်းမိရင်လည်း အစပိုင်းတော့ ဘာမှလုပ်မရဘူး။ ဈေးချိုမှာ ဈေးရောင်းရတာ ကျီးလန့်စာစားရောင်းကြရတယ်။ ပြည်တွင်းဖြစ်လုံခြည်ကအစ ဖွက်ပြီးရောင်းကြရတယ်။ ချည်ထုတ်ဆိုတာက အိန္ဒိယကလာတာ။ ချည်ထုတ်တွေတွေ့ရင်ဖမ်းတယ်။ တောင်မြို့က…