Author: Baby Yit Lone
-

စမူဆာရေဆေးနေတဲ့အချိန် ရွှေလဲပါ ကားလဲ ပါသွား
စမူဆာရေဆေးနေတဲ့အချိန် ရွှေလဲပါ ကားလဲ ပါသွားတဲ့သတင်း ဖြစ်စဉ်က အူဒေါဌာနီမြို့မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးကြီး ၁ ဦးဟာ ဖေ့ဘွတ်ကနေ အသက် ၄၂ နှစ် ရှိ အမျိုးသားနဲ့ သိခဲ့ကြတယ်။ အမျိုးသမီးကြီးရဲ့ နာမည်ကို ဒေါ်ပိလို့ ပေးထားပါတယ်။ ဒေါ်ပိက ဖေ့ဘွတ်ကခင်လာတဲ့ အမျိုးသားနဲ့ ၂ လလောက် လေလှိုင်းထဲကနေ စကားပြောသိခဲ့ကြပြီး လေလှိုင်းထဲမှာပဲ ချစ်သွားကြတယ်ရှင့်။ အဲလိုနဲ့ ၆ ရက်နေ့က ဒေါ်ပိနဲ့ အမျိုးသားတို့က ပထမဆုံး ဒိတ်ကြဖို့ တည်းခိုခန်းတစ်ခုကို ရွေးလိုက်တယ်။ တည်းခိုခန်းမှာ အမျိုးသားနဲ့ ဒေါ်ပိတို့ဟာ ၃ ရက် ၃ ည အတူအိပ်ခဲ့ကြတယ်ရှင့်။ စတည်းထဲက အခန်းခရှင်းခါနီးကျတော့ အမျိုးသားက ဒေါ်ပိကို သူ့လစာ…
-

မဟာမိတ်တွေတော်လှန်ရေးအဖွဲ့တွေနဲ့ ခပ်စိပ်စိပ် တွေ့ဆုံပြီး စစ်ရေးအရှိန်မြှင့်ဖို့အားထုတ်နေကြောင်း NUG ဝန်ကြီးချုပ်ပြော
မဟာမိတ်တွေတော်လှန်ရေးအဖွဲ့တွေနဲ့ ခပ်စိပ်စိပ် တွေ့ဆုံပြီး စစ်ရေးအရှိန်မြှင့်ဖို့အားထုတ်နေကြောင်း NUG ဝန်ကြီးချုပ်ပြော မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ခပ်စိပ်စိပ်တွေ့ဆုံနေပြီး စစ်ရေးအရှိန်မြှင့်ဖို့ အားထုတ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ရက်မှာ ကျရောက်တဲ့ (၇၉)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမှတ်တရစကား ပြောကြားရာမှာ အခုလို အသိပေးခဲ့တာပါ။ တော်လှန်ရေးခရီး (၅)နှစ်တာရောက်လာပြီဖြစ်ပြီး ခရီးဟာရှည်သင့်သလောက် ရှည်လာပြီဖြစ်လို့ အားလုံးဟာ ခရီးပမ်းမှုဒဏ်ကိုလည်း ခံစား လာကြရတာ အမှန်ဖြစ်တယ်လို့ ပြောပါတယ်။ ” ဒါပေမယ့် ဘယ်လောက်ခရီးပမ်းပမ်း ကျွန်တော်တို့တွေ အားလုံး အခက်အခဲ၊ စိန်ခေါ်မှုတွေကြားက စုစည်းလုပ်ဆောင်နိုင်မှုတွေ၊ အားထုတ်ကြိုးပမ်းနိုင်မှုတွေကြောင့် ရရှိခဲ့ တဲ့ အောင်မြင်မှုတွေဟာ ကျွန်တော်တို့ရှေ့ကို အင်အားအပြည့်နဲ့ ဆက်နိုင်ဖို့ သမိုင်းဝင်မှတ်တိုင်တွေအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။…
-

မြန်မာနိုင်ငံ ငလျင်လှုပ်ရှားမှု ဆန်းစစ်ချက်နှင့် ကာလတို သုံးသပ်ခန့်မှန်းချက်
📢 မြန်မာနိုင်ငံ ငလျင်လှုပ်ရှားမှု ဆန်းစစ်ချက်နှင့် ကာလတို သုံးသပ်ခန့်မှန်းချက် 📅 (၁၂ ဖေဖော်ဝါရီ ၂၀၂၆ မွမ်းမံချက်) ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ငလျင်ဖြစ်စဉ််များနှင့် ပတ်သက်၍ လက်ရှိရရှိထားသော အချက်အလက်များအပေါ် အခြေခံကာ အောက်ပါအတိုင်း သုံးသပ်ပေးလိုက်ပါသည်။ 🔎 လက်ရှိတွေ့ရှိချက်များ 🟡 အမြင့်ဆုံးအင်အားအနေဖြင့် M3.9 (မန္တလေး) နှင့် M3.8 (ပခုက္ကူ)တို့ အောက်တွင်သာ ရှိနေပြီး အများစုမှာ M 2.0 မှ 2.9 ကြားတွင်သာ ရှိနေသည်။ 🐉 ပြနေသည့်လက္ခဏာ စစ်ကိုင်းပြတ်ရွေ့ မတ်လ ၂၈ ရက် မြေမျက်နှာ ပြင်အက်ကြောင်းတလျှောက်တွင် တနေရာတည်း စုပြုံလှုပ်ခတ်ခြင်း (Swarm) မရှိဘဲ ပျံ့နှံ့လှုပ်ရှားနေသည်။ လက်ကျန်ဖိအားများကို သူ့သက်ဆိုင်ရာ အဓိကဇုန်များတွင်သာ…
-

ICJ တရားရုံးက စီရင်ချက် ချမှတ်ပါက ကျူးလွန်သူ မြန်မာစစ်ခေါင်းဆောင်များကို ICC အပါအဝင် နိုင်ငံတကာတရားရုံးများတွင် ဆက်လက်အရေးယူရန် လမ်းပွင့်လာမည်
မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု ICJ တရားရုံးက စီရင်ချက် ချမှတ်ပါက ကျူးလွန်သူ မြန်မာစစ်ခေါင်းဆောင်များကို ICC အပါအဝင် နိုင်ငံတကာတရားရုံးများတွင် ဆက်လက်အရေးယူရန် လမ်းပွင့်လာမည်ဟုဆို မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ တရားရုံးက စီရင်ချက်ချမှတ်ပါ ကျူး လွန်သူ မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံတကာရာဇဝတ်တရားရုံး-ICC အပါအဝင် နိုင်ငံတကာတရားရုံးများတွင် ဆက်လက်အရေး ယူရန် လမ်းပွင့်လာမည်ဖြစ်ကြောင်း OWP (The Organization for World Peace)က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သုံးသပ်ဖော်ပြထားသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ် ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်း ရှိ၊ မရှိ…
-

ရွှေပေါက်ကံရဲစခန်းရှေ့တွင် ကင်းပတ်ရန် ပြုလုပ်နေသော ရဲများကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်
မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံရဲစခန်းရှေ့တွင် ကင်းပတ်ရန် ပြုလုပ်နေသော ရဲများကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံရဲစခန်းရှေ့တွင် ကင်းပတ်ရန် ပြုလုပ်နေသော ရဲများကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲများ ထိခိုက်သေဆုံးမှုရှိကြောင်း Yangon Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၁၁ နာရီ ၄၃ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့ နယ်ရှိ ရွှေပေါက်ကံရဲစခန်းရှေ့တွင် ကင်းပတ်ရန် ပြင်ဆင်နေသည့် ရဲများကို တော်လှန်ရေး ရဲဘော်များက ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ရဲများ ထိခိုက် သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ “ရဲစခန်းကနေ ကင်းပတ်ဖို့ အထွက်…