Author: Baby Yit Lone
-

ကန့်ဘလူ၊ ဇီးကုန်းမြို့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်
ကန့်ဘလူ၊ ဇီးကုန်းမြို့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ရဲအရာရှိများ အပါ အဝင် ရဲ ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၂ လက် သိမ်းဆည်းရရှိပြီး ရဲစခန်း တစ်ခုလုံးကို မီးရှို့ရှင်းလင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ရဲအရာရှိငယ်များ အပါ အဝင် ရဲ ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက် နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာ ဝန် ရှိသူ တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊…
-

ဖားကန့်တွင် တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦး သေဆုံး
ဖားကန့်တွင် တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦး သေဆုံး စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ဒေသ (ဆိပ်မူကျေးရွာ) ကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက်ကိုးနှစ်အရွယ် ကလေးငယ်တဦး သေဆုံးကာ သက်ကြီးရွယ်အိုအဘွားတဦးနှင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။ “စုစုပေါင်းငါးယောက်လောက်ရှိတယ်။ တအိမ်တည်းက ကလေးနှစ်ယောက်ထိတာ တယောက်က သေ တာ ပွဲချင်းပြီး၊ နောက်တယောက်က လက်ပြတ်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။ ယနေ့(စက်တင်ဘာ ၁၇ ရက်) ညနေ ၄ နာရီခန့်တွင် ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက်အတွင်းသို့ လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်ကိုးနှစ်အရွယ် မမေမြတ်နိုးသည် နေရာတွင်သေဆုံးခဲ့ပြီး ၎င်း၏ညီမဖြစ်သူ အသက်ငါးနှစ်ဝန်းကျင်အရွယ် မခင်မြတ်နိုးသွယ်မှာ ညာဘက်လက်တွင် ပြင်းထန်ဒဏ်…
-

ယခုနှစ်အတွင်း လက်နက်ချ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်ရှိ
အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း လက်နက်ချ အလင်းဝင်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၂,၀၂၉ ယောက် ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်းမှာ အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၁၅ ယောက်အနက် ၂ ယောက်မှာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ပြီး စစ်သုံ့ပန်း ဖမ်းဆီးခံရသူ ၁၀ ယောက် ပါဝင်တယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းမှာ အလင်းဝင်လာသူ ၁၀ ယောက်ရှိပြီး စစ်သုံ့ပန်း ဖမ်းဆီးခံရသူ ၆ ယောက်က စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးစက်ဝန်းထဲ ပိတ်မိချိန် ကြာမြင့်လာတာနဲ့အမျှ အနားမရမှု၊ အဖိနှိပ်ခံရမှု၊ မိသားစုနဲ့ ကြာမြင့်စွာ ခွဲခွာနေရမှုတွေကြောင့် စိတ်ထောင်းကိုယ်ကြေ ပင်ပန်းနေပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့…
-

အင်တာနက်ထိန်းချုပ်မှုတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge အဓိကပါဝင်နေ
စစ်ကော်မရှင်၏ အင်တာနက်ထိန်းချုပ်မှုတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge အဓိကပါဝင်နေပြီး VPN အသုံးပြုသူများကိုပင်ခြေရာခံနိုင် စစ်ကော်မရှင်၏ အင်တာနက်အသုံးပြုမှု ထိန်းချုပ်ရေးတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge သည် အဓိကပါဝင်နေပြီး VPN အသုံးပြု၍ အင်တာနက်ကျော်ခွသူများကိုပင် ခြေရာခံနိုင်သည့်စနစ်ကို ရောင်းချနေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။ JFM ၏ ထုတ်ပြန်ချက်တွင် တရုတ်ကုမ္ပဏီ Geedge နှင့်ပတ်သက်သော လျှို့ဝှက်စာရွက်စာတမ်းများ တစ်သိန်းကျော် ပေါက်ကြားခဲ့ပြီး ထိုစာရွက်စာတမ်းများတွင် မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့သို့ တရုတ်၏ ဆင်ဆာပိတ်ပင်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေးစနစ်များကို တိတ်တဆိတ်ရောင်းချနေသည်ဟု ဖော်ပြထားသည်။ လူမှုကွန်ရက်သုံးစွဲသူ ၃၃.၅ သန်းကို ထောက်လှမ်းထိန်းချုပ် စစ်ကော်မရှင်သည် ပြည်တွင်းတယ်လီကွန်းအော်ပရေတာများ၏ အကူအညီဖြင့် မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူ ၃၃.၅ သန်း၏ အွန်လိုင်းလှုပ်ရှားမှုများကို ဘက်စုံထောက်လှမ်းခြင်း၊…
-

ရှမ်းပြည်ဝန်ကြီးချုပ် လာကူပေးထားတဲ့ ဆန်အိတ် ၁၀၀ ကျော်အတွက် ငွေလာမချေတာကြောင့် ဆန်ဆိုင်ပိုင်ရှင်က ပြန်သယ်သွား
လားရှိုးရောက် စစ်ရှောင်တွေကို ရှမ်းပြည်ဝန်ကြီးချုပ် လာကူပေးထားတဲ့ ဆန်အိတ် ၁၀၀ ကျော်အတွက် ငွေလာမချေတာကြောင့် ဆန်ဆိုင်ပိုင်ရှင်က ပြန်သယ်သွား ကျောက်မဲ တိုက်ပွဲကြောင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို စစ်ရှောင်လာတဲ့ သူတွေကို စစ်ကောင်စီရဲ့ ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လာကူပေးတဲ့ ဆန်အိတ် ၁၀၀ ကျော်ကို ဆန်ဆိုင်ပိုင်ရှင် ပြန်လာသယ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်မှာ လားရှိုးမြို့ ရှမ်းစာပေ နဲ့ ယဉ်ကျေးမှုရုံးရှိ စစ်ရှောင်တွေကို ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က လာရောက်တွေ့ဆုံခဲ့ရာ ဆန်အိတ် ၁၄၀ အပါအဝင် ကြက်ဥ၊ ဆီ နဲ့ ခေါက်ဆွဲထုပ်တွေကို လာရောက်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ မနေ့ စက်တင်ဘာ ၁၆ ရက်မှာတော့ ဆန်ပိုင်ရှင်ဘက်က ရှမ်းစာပေ နဲ့ ယဉ်ကျေးမှုရုံးရှိ…