Author: Baby Yit Lone

  • ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ

    ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ

    ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ ဧရာဝတီတိုင်းရှိ ဘိုကလေး၊ ကန်ကြီးထောင့်နှင့် ဒေးဒရဲမြို့နယ်များတွင် စစ်မှုထမ်းရန်အတွက် လူအစားထိုး ရောင်းဝယ်သည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်နေကြောင်း သိရသည်။ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက်အရွယ်ရှိ လူငယ်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း တို့မှ ရှာဖွေဖမ်းဆီးကာ စစ်ကောင်စီလက်အောက်ခံ စစ်ကော်မရှင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အရောင်းအဝယ်ဈေးကွက် ဖန်တီးနေကြောင်း ဒေသခံများထံမှ သိရသည်။ “ဘိုကလေးမြို့နယ် (၉) ရပ်ကွက်အုပ်ကြီးက အဆိုးဆုံးပဲ။ ရာထူးတည်မြဲဖို့ သူ့သားအရင်းနှစ်ယောက် လုံးကို စစ်မှုထမ်းထဲ ထည့်လိုက်ပြီး ရသမျှကို ယူနေတာ။ မိသားစုလိုက် ဆိုင်ကယ်တစ်စီးစီနဲ့ ချမ်းသာနေတာ” ဟု ဘိုကလေးမြို့ခံတစ်ဦးက ပြောသည်။ ဘိုကလေးမြို့နယ်မှ စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသည် ရန်ကုန်၊ လှိုင်သာယာမှ လူမိုက်များနှင့် ပူးပေါင်းကာ ပျံကျလုပ်ကိုင်သည့် လူငယ်များ၊ အသက်မပြည့်သေးသူများနှင့်…

  • စီးပွားရေး လုပ်ငန်းရှင် (၄၀) ကျော် ကို စစ်တပ် လိုက်ဖမ်းနေ

    စီးပွားရေး လုပ်ငန်းရှင် (၄၀) ကျော် ကို စစ်တပ် လိုက်ဖမ်းနေ

    ယမန်​နေ့ ညပိုင်းကစပြီး နေပြည်တော်မှာရှိတဲ့ လုပ်ငန်းရှင်အချို့ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတယ်လို့ စီပွားရေးလုပ်ငန်းရှင်တွေနဲ့ နီးစပ်တဲ့ နေပြည်တော်သတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။ ကနဦးသတင်းများအရ နေပြည်တော်ပြန်လည်တည်ဆောက်ရေးစီမံကိန်းနဲ့ EV ကားကိစ္စလည်း ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းရှင် အယောက် ၄၀ ကျော်ကို ဖမ်းဆီးသွားမယ်လို့ သတင်းများ ထွက်ပေါ် ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင် ၁၀ ယောက်ကျော်ကို စစ်တပ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

  • အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်

    အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်

    မုံရွာမြို့ အခြေစိုက် အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၃ ဦး အပါအဝင် ၈ ဦး ပွဲချင်းပြီး သေဆုံးပြီး ယမ်းသိုလှောင်ရုံ မီးလောင်ပျက်စီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၃ ဦး အပါအဝင် ၈ ဦး ပွဲချင်းပြီး သေဆုံးကာ ယမ်းသိုလှောင်ရုံ မီးလောင်ပျက်စီးခဲ့ကြောင်း Chindwin Rocket Brother -CRB မှ တာဝန်ခံက ပြောဆိုသည်။ ဇူလိုင်လ ၂၉ ရက်နေ့နှင့် ဩဂုတ်လ ၂၆ ရက်နေ့ တို့တွင်…

  • ကျုံပျော်တွင် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဖမ်းခံခဲ့ရသည့် လူငယ် ၄ ဦး စစ်မှုထမ်းနေရ

    ကျုံပျော်တွင် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဖမ်းခံခဲ့ရသည့် လူငယ် ၄ ဦး စစ်မှုထမ်းနေရ

    ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၄ ယောက်ဟာ အဓမ္မစစ်မှုထမ်းနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဧပြီ ၁၁ ရက်က ကျုံပျော်မြို့နယ်က စစ်ကောင်စီခန့် ညောင်ပင်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှကြိုင် သေနတ်နဲ့ပစ်ခတ်ခံရတာမှာ စွပ်စွဲပြီးဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ လူငယ် ၄ ယောက်ဟာ မိသားစုနဲ့အဆက်အသွယ်ပြတ်နေပြီး အခု သြဂုတ် ၂၈ ရက်ကမှ စစ်မှုထမ်းနေရတယ် ဆိုတာ သိရတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့သူတွေက အရပ်သားတွေပါ။ စ ဖမ်းကတည်းက အရပ်သားဆိုတာ သိသိနဲ့ ဖမ်းခဲ့တာ။ အဖမ်းခံရပြီး ၂ လလောက်အထိ အဆက်အသွယ်ရသေးတယ်။ နောကိပိုင်း မရတော့တာ။ အရေးယူထားတယ်ပဲထင်တာ။ အခုလ…

  • ကချင်ပြည်နယ် ကြံ့ဖွံ့ပါတီရုံးပတ်လည်၌ ကတုတ်ကျင်းတူးပြီး မိုင်းထောင်နေ

    ကချင်ပြည်နယ် ကြံ့ဖွံ့ပါတီရုံးပတ်လည်၌ ကတုတ်ကျင်းတူးပြီး မိုင်းထောင်နေ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရွေးကောက်ပွဲလုပ်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်ရှိ ကြံခိုင်ရေး ပါတီရုံးပတ်ချာလည်ကို ကတုတ်ကျင်းများတူးပြီး မိုင်းများထောင်နေကြောင်း သတင်းရရှိသည်။ မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်ရှိ ကြံခိုင်ရေး ပါတီရုံးပတ်ချာလည် လမ်းကို မိုင်းများထောင်နေပြီး ဒေသခံများသွားလာမှုကို ကန့်သတ်နေ သည်ဟု မြို့ခံတစ်ဦးက ပြောသည်။ ” ပြည်နယ်ကြံ့ဖွတ်ရုံးပတ်ချာလည်မှာမိုင်းတွေထောင်တယ်၊ကတုတ် ကျင်းတွေ တူးတယ်၊ ဂေါက်ကွင်းဘက်သွားတဲ့လမ်း‌ကိုလည်း မလာဖို့ ဟန့်တားတယ်၊ မိုင်းရှိသည်ဆိုတဲ့သတိပေးချက် တွေလည်း ရေးထားတယ်၊ ဒီလိုပုံနဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ မြို့မှာတော့ဟာသဖြစ်နေတယ်”ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။ ဖြတ်သွားဖြတ်လာလုပ်၍ ပေါက်ကွဲပြီးထိခိုက်ပါပါက လျော်ကြေးပေးမည်မဟုတ်သည့်အပြင် မိုင်းတန်ဖိုးပါ ပြန် လျော်ရမည်ဟု သတင်းလွှင့်ထားကြောင်း နောက်ထပ်မြို့ခံတစ်ဦးကပြောသည်။ မြို့နယ် ၁၀၂ခုတွင် ရွေးကောက်ပွဲအပိုင်းလိုက် ပြုလုပ်မည်ဟု ကြေညာထားသည့်စစ်ကောင်စီက မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်မှမြို့နယ်၁၈ခု၌ ရွေး‌ကောက်ပွဲလုပ်မည်ဟုဆိုထားသည်။ အဆိုပါ၁၈မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်မြို့နယ် ခြောက်ခုပါဝင်နေသည်။ KIO/KIA…