📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ

ဧရာဝတီတိုင်းရှိ ဘိုကလေး၊ ကန်ကြီးထောင့်နှင့် ဒေးဒရဲမြို့နယ်များတွင် စစ်မှုထမ်းရန်အတွက် လူအစားထိုး ရောင်းဝယ်သည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်နေကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက်အရွယ်ရှိ လူငယ်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း တို့မှ ရှာဖွေဖမ်းဆီးကာ စစ်ကောင်စီလက်အောက်ခံ စစ်ကော်မရှင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အရောင်းအဝယ်ဈေးကွက် ဖန်တီးနေကြောင်း ဒေသခံများထံမှ သိရသည်။

“ဘိုကလေးမြို့နယ် (၉) ရပ်ကွက်အုပ်ကြီးက အဆိုးဆုံးပဲ။ ရာထူးတည်မြဲဖို့ သူ့သားအရင်းနှစ်ယောက် လုံးကို စစ်မှုထမ်းထဲ ထည့်လိုက်ပြီး ရသမျှကို ယူနေတာ။ မိသားစုလိုက် ဆိုင်ကယ်တစ်စီးစီနဲ့ ချမ်းသာနေတာ” ဟု ဘိုကလေးမြို့ခံတစ်ဦးက ပြောသည်။

ဘိုကလေးမြို့နယ်မှ စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသည် ရန်ကုန်၊ လှိုင်သာယာမှ လူမိုက်များနှင့် ပူးပေါင်းကာ ပျံကျလုပ်ကိုင်သည့် လူငယ်များ၊ အသက်မပြည့်သေးသူများနှင့် ထောင်ထွက်လူငယ်များကို တစ်ဦးလျှင် ကျပ်သိန်း ၅၀ ကျော်ဖြင့် ဝယ်ယူပြီး အခြားမြို့နယ်များသို့ စစ်မှုထမ်းလူစားထိုး ရောင်းချနေသည်ဟု ဆိုသည်။

စစ်မှုထမ်းခေါ်ယူသည့်အဖွဲ့မှ အပူတပြင်း လူတောင်းဆိုနေသည့် မြို့နယ်များတွင် လူစားထိုး စုဆောင်းထားသည့် ရပ်ကျေးအဖွဲ့များက တစ်ဦးလျှင် သိန်း ၁၅၀ မှ ၁၈၀ အထိ တောင်းယူ၍ လူကုန်ကူးသည့်သဖွယ် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် ရပ်ကွက်အတွင်း ခိုးဆိုးလုယက်မှုများ ပြုလုပ်သည်ဟု သတင်းထွက်သည့် လူငယ်များကို ဖမ်းဆီးထိန်းသိမ်းကာ စစ်မှုထမ်းရန် လူစားထိုး ထည့်သွင်းလျက်ရှိသည်။ ထိုသို့ လူစားထိုး ထည့်ပေးသည်ကို အကြောင်းပြု၍ ကန်ကြီးထောင့်မြို့နယ်တွင် တစ်အိမ်ထောင်လျှင် ကျပ် ၃၀,၀၀၀ နှုန်းဖြင့် လစဉ် ကျပ်သိန်း ၂၀၀ ကျော်ကို အုပ်ချုပ်ရေးအဖွဲ့များက ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင်လည်း စစ်မှုထမ်းခေါ်ယူသည့်အဖွဲ့နှင့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး စစ်မှုထမ်းအကျုံးဝင်သည့် အသက်အရွယ်ရှိရာ နေအိမ်များမှ ကျပ် ၅၀,၀၀၀၊ ကျန်ရှိသည့် နေအိမ်များမှ ကျပ် ၂၀,၀၀၀ အထိ ကောက်ခံနေပြီး ငွေကြေးတတ်နိုင်သည့် နေအိမ်များကို ပစ်မှတ်ထား၍ ငွေညှစ်လျက်ရှိသည်။

ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များကို စစ်ကော်မရှင်က တရားခံပြေးများ ဖမ်းဆီးသကဲ့သို့ စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးပြီး စစ်ရေးပြင်းထန်နေသည့် ဒေသများသို့ ရက်တိုသင်တန်းပေးကာ စေလွှတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ-ဧရာ၀တီတိုင်း၊ အနောက်တောင်တိုင်း(နတခ) စစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ် ၁၈ ရက်က တွေ့ရစဉ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်