Author: Baby Yit Lone

  • မြစ်ကြီးနားမှာ သူခိုးက ဓားနဲ့ခုတ်သွား

    မြစ်ကြီးနားမှာ သူခိုးက ဓားနဲ့ခုတ်သွား

    အသတ်ခံထားရသောရုပ်အလောင်းအား ဆေးရုံကြီးရင်ခွဲရုံသို့ပို့ပေးခြင်းကုသိုလ်. ယနေ့ 31.8.2025 ရက်တွင် ဧရာ၀တီကရုဏာ(အခမဲ့) လူမှုကူညီရေးအသင်းမှ မနက်(7:15)အချိန် ရွှေညောင်ပင်ရပ်ကွက်တွင် အသတ်ခံထားရသောအလောင်းအား လာသယ်ပေးရန် ဖုန်းဆက်အကြောင်းကြားခဲ့သောကြောင့် သွားရောက် ကူညီပေးခဲ့ပါတယ်ဗျာ. Tun Tun

  • ရွေးကောက်ပွဲကသာ နိုင်ငံ၏အပြောင်းအလဲတခုကို ဖန်တီးနိုင်မည်ဟု ဦးကိုကိုကြီးပြော

    ရွေးကောက်ပွဲကသာ နိုင်ငံ၏အပြောင်းအလဲတခုကို ဖန်တီးနိုင်မည်ဟု ဦးကိုကိုကြီးပြော

    ရွေးကောက်ပွဲကနေပဲ နိုင်ငံရဲ့အပြောင်းအလဲတခုကို ဖန်တီးလို့ရမယ်၊ စစ်ရေးနည်းလမ်းနဲ့ ဖက်ဒရယ်နဲ့ တန်းတူညီမျှရေးကို ဖော်ဆောင်လို့မရဘူးလို့ ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။ သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ ပါတီတည်ထောင်ခြင်း ၇ ပြည့်အခမ်းအနားအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်အခုလို ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲပြီးမှပဲ နိုင်ငံရေးအခင်းအကျင်းအသစ်တခု ပေါ်လာမှာဖြစ်ပြီး အဲဒီကနေတဆင့် လက်ရှိပြဿနာတွေကို ဆက်လက်ဖြေရှင်းရမယ်လို့လည်း ဆိုပါတယ်။ ဦးကိုကိုကြီးက “ရွေးကောက်ပွဲကနေတဆင့်ပဲ အပြောင်းအလဲတခုကို ဖန်တီးလို့ရမယ်လို့ ကျနော်တို့က မျှော်လင့်တယ်။ စိတ်ကြိုက်ရလဒ်ကြီးဖြစ်ချင်မှဖြစ်မယ်။ သို့သော် ရွေးကောက်ပွဲမလုပ်ရင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်လို့ ကျန်တဲ့သူတွေမှာရော ကျနော်တို့ တိကျတဲ့ အဖြေမရှိဘူး။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲပြီးသွားရင် နိုင်ငံရေးအခင်းအကျင်းအသစ် တခုပေါ်လာမယ်။ ပေါ်လာပြီးတော့မှ အဲဒီအခင်းအကျင်းအသစ်ကနေတဆင့် လက်ရှိ ပြဿနာတွေကို ဆက်လက်ဖြေရှင်းရမယ်လို့ ထင်ပါတယ်”လို့…

  • ဆွမ်းလောင်း ရေစက်ချပွဲလုပ်နေစဉ် ဘုန်းကြီးကျောင်းသားများကို ဝင်ရောက်ပေါ်တာဆွဲ

    ဆွမ်းလောင်း ရေစက်ချပွဲလုပ်နေစဉ် ဘုန်းကြီးကျောင်းသားများကို ဝင်ရောက်ပေါ်တာဆွဲ

    ရေနံချောင်းမြို့နယ်၊ ဂျုပ်ပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်း ရေစက် ချပွဲ လုပ်နေစဉ် စစ်တပ်က ဘုန်းကြီးကျောင်းသားများကို စစ်မှုထမ်းခိုင်းရန် ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ် ၄ ဦး အဖမ်းခံရ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်း ရေစက် ချပွဲ လုပ်နေစဉ် စစ်တပ်က ဘုန်းကြီးကျောင်းသားများကို စစ်မှုထမ်းခိုင်းရန် ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ် ၄ ဦး အဖမ်းခံလိုက်ရကြောင်း ကျေးရွာသူ ကျေးရွာသားတချို့က ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ ဝါတွင်းကာလ ဥပုသ်နေ့ ဖြစ်သည့်အတွက် ရေနံချောင်း မြို့နယ် ဂျုပ်ပင်ရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်းရေစက်ချပွဲ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ပြုလုပ်နေစဉ် ရေနံချောင်းမြို့နယ်၊ လက် မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင် ဦးစီးသော…

  • နွားကျောင်းသားတောင် ထောက်ခံစာယူနေကြရတဲ့ခေတ်

    နွားကျောင်းသားတောင် ထောက်ခံစာယူနေကြရတဲ့ခေတ်

    နွားကျောင်းသားတောင် ထောက်ခံစာယူနေကြရတဲ့ခေတ် လွတ်လပ်ရေးဖခင်ကြီးဟာ သူ့ဇာတိမြို့ကလူတွေ သူတည်ထောင်ခဲ့တဲ့စစ်တပ်လက်ထက်မှာ ခုလိုသောကပင်လယ်ဝေနေကြရတာသိရင် မြေကြီးထဲက ပြန်ကုန်းထကာ ပါးရိုက်ဆုံးမ လေမလား တွေးကြည့်ပါတယ်။ လီကွမ်းယူမသေခင်က တိုင်းပြည်အာဏာယူပြီး သောက်သုံးမကျရင် သူကိုယ်တိုင်အခေါင်းထဲကပြန်ထလာပြီး ပညာပေးပြမယ်တဲ့လေ။ ပညာမတတ်ဘဲ အာဏာရူးတွေကို လီကွမ်းယူသတိပေးသွားတာလေးက သိပ်သဘောကျစရာပါ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဖဲရိုက်နေတာမျိုး မဟုတ်ဘူး။ သင့်အနာဂတ်ပါသလို ငါ့အနာဂတ်လည်းပါပါတယ်။ ငါတို့မျိုးဆက်ဟာ တိုင်းပြည်လွတ်လပ်ရေးရဖို့၊ ရလာတော့ ပြန်လည်ထူထောင်ရေးလုပ်ကြရာမယ် သွေးသားထဲကနေ အရိုးကျေကျေအရေခမ်းခမ်း ကြိုးစားပြီးလုပ်ခဲ့ကြရတာပါ။ မထိုက်တန်တဲ့ အာဏာကို ရယူပြီးတိုင်းပြည်ဖျက်ဖို့ ကြိုးစားလာတာမျိုး ငါ့မျက်စေ့ရှေ့မှာ အဖြစ်မခံနိုင်ဘူးတဲ့။ photo: credit ZA

  • “တတိုင်းပြည်လုံး နတ်သမီးဖြစ်သွားလိမ့်မယ်”

    “တတိုင်းပြည်လုံး နတ်သမီးဖြစ်သွားလိမ့်မယ်”

    ခုချိန်ထိ ဘာဖြစ်လို့ ဖြစ်နေတယ်ဆိုတာ မသိကြသေးဘူး။ ဒေါ်လာဈေးက ငြိမ်နေပါလားဆိုပြီး ကြည်နူးနေတဲ့သူက ရှိသေးတယ်။ ‌နင့်ပထွေးက လှုပ်မရအောင် တုပ် ထားမှတော့ မငြိမ်ဘဲ နေပါ့မလား။ ဘာမှမသွင်းတော့ ဘာမှမကုန်၊ ဘာမှမကုန်တော့ ဘာမှမရှိ၊ ဘာမှမရှိတော့ ဘာမေးမေး ရှားနေတဲ့ ဘာမေးရှားဖြစ်။ လူပြိန်းလိုပြောရရင် ဒေါ်လာဈေး ငြိမ်တယ်ဆိုတာ ၂ မျိုးပဲရှိတယ်။ နိုင်ငံတခုရဲ့ ပို့ကုန်နဲ့ သွင်းကုန်က မျှတနေရင်ပဲဖြစ်ဖြစ်၊ ပို့ကုန်က သွင်းကုန်ထက် ကျော်နေရင်ပဲဖြစ်ဖြစ် ဒေါ်လာဈေးငြိမ်မယ်။ ဒါမှမဟုတ် ပြည်ပက လာတာမှန်သမျှ ဘာမှမသုံးရဆိုပြီး အဝင် အကုန်ပိတ်လိုက်ရင် သုံးဖို့ ဒေါ်လာ မလိုတော့ ရင် ဒေါ်လာဈေးငြိမ်မယ်။ ခုဖြစ်နေတာ နောက်ကဟာပဲ။ နဂိုထဲက ဘာမှမထွက်တဲ့ တိုင်းပြည်မှာ အဝင်ပါ ပိတ်လိုက်တော့ အစစအရာရာ ပစ္စည်းတွေ…