Author: Baby Yit Lone

  • နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို စစ်တပ်မှ ဖမ်းဆီး

    နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို စစ်တပ်မှ ဖမ်းဆီး

    နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို ယမန့်နေ့ညက စစ်တပ်မှ ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေပြီး ဒီကနေ့မှာတော့ ဖမ်းဆီးခံလိုက်ရတာသေချာကြောင်း ပုံနှင့်တကွ ဖေါ်ပြလာတာကို တွေ့ရပါတယ်။ ဖြိုးအိအိ‌ဇော်ဟာ ဖေါ်ချွတ်မယ်တစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ သူမကို နတ်သမီးခေါ်ပါက ပိုက်ဆံပေးမယ်ဆိုတဲ့ post ကြောင့် ဝေဖန်မှုတွေရှိခဲ့ကာ ခုချိန်မှာတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ ‌ဖြိုးအိအိဇော်ဟာ ဖေါ်ချွတ်မယ် တစ်ဦးဖြစ်ပေမယ့် သူ့ကိုအားပေးတဲ့ ဆင်းရဲနွမ်းပါးသူတွေကို လိုက်လံပြီး ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖေါ်ချွတ်မယ်တွေအနေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံ‌နေရပြီး ဒါဟာ ဖိုဝါဒကြီး‌ဆိုးတဲ့ တိုင်းပြည်တစ်ခု ဖြစ်တာကြောင့်လို့ လူမှုကွန်ယက်မှာ ဝေဖန်ပြောဆို နေတာတွေလည်းရှိနေပါတယ်။ ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာဆိုသော ဖြိုးအိအိဇော် ရဲစခန်းမှာ ထိန်းသိမ်းခံထားရ ဖြိုးအိအိဇော်ဆိုတာ မသိသေးသူများအတွက်…

  • လက်နက်ကိုင်အဖွဲ့​တွေကို တရုတ်က ဖိအား​ပေးတဲ့အ​ပေါ်  ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်က ပြော

    လက်နက်ကိုင်အဖွဲ့​တွေကို တရုတ်က ဖိအား​ပေးတဲ့အ​ပေါ် ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်က ပြော

    နိုင်ငံ​မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့​တွေကို တရုတ်က ဖိအား​ပေးတဲ့အ​ပေါ် ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်က စီကျင်းပင်ကို​ပြော အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က တရုတ်သမ္မတစီကျင်းပင်နဲ့​တွေ့ဆုံစဥ် မြန်မာနိုင်ငံ​မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကို တရုတ်အစိုးရက ဖိအား​ပေး ​ပေးတဲ့အတွက်​ကြောင့် ​ကျေးဇူးတင်ရှိကြောင်း​ပြောကြားလိုက်ပါတယ်။ အာဏာသိမ်း​ခေါင်း​ဆောင်ဟာ သြဂုတ် ၃၀ ရက်မှာ တရုတ်သမ္မတစီကျင်းပင်နဲ့​​တွေ့ဆုံ​ဆွေး​နွေးစဥ်”မြန်မာနိုင်ငံ​မြောက်ပိုင်း​ဒေသ​ဖွံ့ဖြိုး​​ရေးအတွက် နယ်စပ်​ဒေသမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့များကို တရုတ်နိုင်ငံက ဖိအား​ပေး ​ဆောင်ရွက်​​ပေး​​​နေမှုကြောင့် ငြိမ်းချမ်း​ရေး ရရှိတဲ့အ​ခြေအ​နေများ ​မြင်တွေ့လာရတဲ့အတွက် ​ကျေးဇူးတင်ရှိ​ကြောင်း​ပြောကြားလိုပါတယ် “လို့​ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ​ပေမယ့် သြဂုတ် ၃၀ ရက် ည ၈ နာရီသတင်းမှာစစ်​ကောင်စီက ထုတ်ပြန်တဲ့အခါ ​မြောက်ပိုင်းက​တော်လှန်​ရေးအဖွဲ့​တွေကိုတရုတ်ကဖိအား​ပေးတဲ့အ​ပေါ် ​ကျေးဇူးတင်ရှိ​ကြောင်း ​ပြောကြားတာကိုစစ်​ကောင်စီကချန်လှပ်ထားခဲ့တာ​တွေ့ရပါတယ်။ တရုတ်အစိုးရအ​နေနဲ့လည်း မြန်မာနိုင်ငံပြည်တွင်း​ရေးကို ဝင်မစွက်ဖူး​ပြော​ပေမယ့် စစ်​ကောင်စီအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကိုဖိအား​ပေး ​နေတယ်ဆိုတာ အာဏာသိမ်း​ခေါင်း​ဆောင်ကိုယ်တိုင်က အစည်းအ​ဝေးမှာတရားဝင်ထုတ်​ပြောလာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာန နဲ့ တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းဌာနတို့ရဲ့ထုတ်ပြန်ချက်​တွေမှာလည်း တရုတ်အစိုးရက…

  • ချောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ဇနီးကို ပေါ်တာဆွဲမိတဲ့ပျူစောထီးခေါင်းဆောင် တရားစွဲဖမ်းဆီးခံရ

    ချောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ဇနီးကို ပေါ်တာဆွဲမိတဲ့ပျူစောထီးခေါင်းဆောင် တရားစွဲဖမ်းဆီးခံရ

    ချောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ဇနီးကို ပေါ်တာဆွဲမိတဲ့ပျူစောထီးခေါင်းဆောင် တရားစွဲဖမ်းဆီးခံရ မကွေးတိုင်း၊ ချောက်မြို့ရှိ ချောက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးရဲ့ဇနီးကို ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တဦး ပြန်လည်ဖမ်းဆီးခံထားရတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။ သြဂုတ် ၂၃ ရက်မနက် ၁၀ နာရီခွဲလောက်က ချောက်မြို့မစျေးအနီးမှာ အထက်ပါအုပ်ချုပ်ရေးအဖွဲ့ဝင်အေးမင်းထွန်းရဲ့ ဇနီးဖြစ်သူ မနွယ်မာဝင်းကို ပျူစောထီးအဖွဲ့ ၁၅ ဦးလောက်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ “ပျူစောထီးခေါင်းဆောင်က ဈေးဝယ်လာတဲ့လူငယ်တွေကို ပတ်ဆွဲနေတာ၊ အဲ့ဒီနေ့က ရွာဘက်က ဈေးလာဝယ်တဲ့ လူငယ် ၁၀ ဦးကျော်လောက်လည်းဖမ်းသွားတယ်၊ ဘယ်ရွာကလို့တော့မသိဘူး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ မိန်းမကတော့ ဆိုင်ကယ်နဲ့ဈေးလာဝယ်တာ၊ ဆိုင်ကယ်စတန်း (Motorcycle stand) မှာ ဆိုင်ကယ်အပ်အပြီး ဈေးဘက်လာတဲ့အချိန် ပျူစောထီးအဖွဲ့နဲ့တွေ့တာမှာ ပေါ်တာဆွဲခံလိုက်ရတာ”လို့ ဖြစ်စဥ်ကို သိရှိတဲ့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူက ပြောပါတယ်။ ဖမ်းဆီးပြီးနောက် မနွယ်မာဝင်းကို နေ့ချင်းပြန်လွှတ်ပေးခဲ့မယ့်…

  • ဝဝတုတ်တုတ် ကလေးများပင် ခေါင်းပဲ ကျန်ခဲ့ဟု တသချစ်ဦးမောင် ထွက်ဆို (ရုပ်သံ)

    ဝဝတုတ်တုတ် ကလေးများပင် ခေါင်းပဲ ကျန်ခဲ့ဟု တသချစ်ဦးမောင် ထွက်ဆို (ရုပ်သံ)

    မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်း၌နေထိုင်ခဲ့စဉ်က အစာအဟာရပြတ်လပ်ပြီး ဝဝတုတ်တုတ် ကလေးများပင် ခေါင်းပဲ ကျန်ခဲ့ဟု တသချစ်ဦးမောင် ထွက်ဆို (ရုပ်သံ) စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာရွာ ပျူစခန်းအတွင်းနေထိုင်ရစဉ် အစာအဟာရ ပြတ်လပ် ပြီး ဝဝတုတ်တုတ်ကလေးများပင် ခေါင်းပဲ ကျန်ရှိခဲ့ကြောင်း တသချစ်ဦးမောင်က ဝန်ခံထွက်ဆိုထားသည်။ ဩဂုတ်လ ၁၅ ရက်နေ့က မော်လိုက်မြို့နယ်၊ ထော်သာရွာ ပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တသချစ်ဦးမောင်အပါအဝင် မိသားစုဝင် ၁၀၀ ဦးကျော်ကို ဖမ်းဆီးရရှိ ခဲ့ပြီး ယင်းစခန်းအတွင်းနေထိုင်ခဲ့ရမှုနှင့်ပတ်သက်၍ ဝန်ခံထွက်ဆိုရာတွင် ထည့်သွင်းပြော ဆိုထား ခြင်းဖြစ်သည်။ “ထော်သာစခန်းကုန်းမှာ ဆားစပြီးပြတ်ခဲ့ပါတယ်။ ဆား၊ ငပိစပြတ်ခဲ့ပါတယ်။ ကျနော်တို့ဆိုရင် နေစရာမရှိ၊ စားစရာမရှိ အဖြစ်မျိုးတွေလည်း ကြုံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ငတ်မွတ်ခေါင်း ပါးခဲ့ပါတယ်။ ကျနော်ပြောချင်တာတော့…

  • ရှေ့တန်းထွက်ရန်ငြင်းသည့်တပ်ရင်းမှူးကို စစ်ဌာနချုပ်သို့ပို့ပြီးစစ်ဆေး၊ အရာရှိအချို့ကိုထပ်ဖမ်း

    ရှေ့တန်းထွက်ရန်ငြင်းသည့်တပ်ရင်းမှူးကို စစ်ဌာနချုပ်သို့ပို့ပြီးစစ်ဆေး၊ အရာရှိအချို့ကိုထပ်ဖမ်း

    ရှေ့တန်းထွက်ဖို့ ငြင်းဆန်လို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တပ်ရင်းမှူးကို နေရာပြောင်းရွှေ့ စစ်ဆေးနေပြီး ဆက်စပ်ပတ်သက်သူတွေကိုလည်း ထပ်ဖမ်းထားတယ်လို့ စစ်ကောင်စီရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ သြဂုတ် ၁၉ ရက်က ရှေ့တန်းထွက်ဖို့အမိန့်ကို ငြင်းဆန်ခဲ့တဲ့အတွက် အစားထိုးတာဝန်ကျလာတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးကို ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာမှာ အခြေစိုက်တဲ့ အမတ ၃၄၄ အမြောက်တပ်ထဲမှာပဲ စစ်ဆေးနေရာက သြဂုတ်လတတိယအပတ်ထဲမှာ ပုသိမ်မြို့ တောင်ပေါ်မှာရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ဆီကို ပြောင်းရွှေ့စစ်ဆေးနေတာလို့ သိရပါတယ်။ အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတယောက်က “ရေကြည်၊ စက်စက်ယို ကျေးရွာအနီးမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်လို့ (မအူပင် အခြေစိုက်)ခလရ ၂၇ တပ်ရင်းမှူး ကျသွားခဲ့တယ်။ အခု အဖမ်းခံရတဲ့သူက ခလရ ၂၇၁ တပ်ရင်းမှူး၊ ကျသွားတဲ့ တပ်ရင်းမှူးနေရာမှာ တာဝန်ယူဖို့…