Author: Baby Yit Lone
-

ကချင်ပြည်နယ် ကြံ့ဖွံ့ပါတီရုံးပတ်လည်၌ ကတုတ်ကျင်းတူးပြီး မိုင်းထောင်နေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရွေးကောက်ပွဲလုပ်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်ရှိ ကြံခိုင်ရေး ပါတီရုံးပတ်ချာလည်ကို ကတုတ်ကျင်းများတူးပြီး မိုင်းများထောင်နေကြောင်း သတင်းရရှိသည်။ မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်ရှိ ကြံခိုင်ရေး ပါတီရုံးပတ်ချာလည် လမ်းကို မိုင်းများထောင်နေပြီး ဒေသခံများသွားလာမှုကို ကန့်သတ်နေ သည်ဟု မြို့ခံတစ်ဦးက ပြောသည်။ ” ပြည်နယ်ကြံ့ဖွတ်ရုံးပတ်ချာလည်မှာမိုင်းတွေထောင်တယ်၊ကတုတ် ကျင်းတွေ တူးတယ်၊ ဂေါက်ကွင်းဘက်သွားတဲ့လမ်းကိုလည်း မလာဖို့ ဟန့်တားတယ်၊ မိုင်းရှိသည်ဆိုတဲ့သတိပေးချက် တွေလည်း ရေးထားတယ်၊ ဒီလိုပုံနဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ မြို့မှာတော့ဟာသဖြစ်နေတယ်”ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။ ဖြတ်သွားဖြတ်လာလုပ်၍ ပေါက်ကွဲပြီးထိခိုက်ပါပါက လျော်ကြေးပေးမည်မဟုတ်သည့်အပြင် မိုင်းတန်ဖိုးပါ ပြန် လျော်ရမည်ဟု သတင်းလွှင့်ထားကြောင်း နောက်ထပ်မြို့ခံတစ်ဦးကပြောသည်။ မြို့နယ် ၁၀၂ခုတွင် ရွေးကောက်ပွဲအပိုင်းလိုက် ပြုလုပ်မည်ဟု ကြေညာထားသည့်စစ်ကောင်စီက မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်မှမြို့နယ်၁၈ခု၌ ရွေးကောက်ပွဲလုပ်မည်ဟုဆိုထားသည်။ အဆိုပါ၁၈မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်မြို့နယ် ခြောက်ခုပါဝင်နေသည်။ KIO/KIA…
-

အာရှလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်
ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးရာတွင် စစ်မှုထမ်းတပ်သားသစ်များ အများဆုံးပါဝင် ကရင်ပြည်နယ်၊ ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးရာတွင် စစ်မှုထမ်းတပ်သား သစ်များအများဆုံးပါဝင်ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လ ၉ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကော့ကရိတ်-မြ၀တီမြို့နယ် အာရှလမ်းပိုင်းသို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဗျူဟာ ၃၁ အပါအဝင် KNU ၊ KNLA ၊ KNDO နှင့် PDF ပူးပေါင်းတပ်များက တတန်ကူးကျေးရွားအနီးတွင် ခုခံ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း…
-

ဖုန်း ဝင်ခိုးပြီး အီကြာကွေးပါ ဆော့သွားတဲ့ သူခိုး
“ဖုန်း ဝင်ခိုးပြီး အီကြာကွေးပါ ဆော့သွားတဲ့ သူခိုး” တ-ဏှာရူးကောင်ရဲ့ ရွံစရာကောင်းတဲ့လုပ်ရပ်ကြီးကို တခါမှမကြုံဖူးတော့ အားလုံးသိအောင် shareပေးတာပါ။ မန္တလေးမြို့ကြီးက အရမ်းကြောက်ဖို့ကောင်းနေပါပြီ။ သမီးပျို မိန်းကလေးတွေရှိတဲ့အိမ်တွေ အထူးဂရုစိုက်ကြပါ၊ မနေ့ညက ကျမတို့ဆိုင် ဂိုထောင်မှာ သူခိုးဝင်သွားပါတယ်။ တံခါးတွေ အဆင့်ဆင့်ပိတ်ထားတာကို အတွင်းထဲထိဝင်ခိုးတာပါ။ အခန်းထဲအိပ် တဲ့ဝန်ထမ်းကလေးတွေရဲ့ဖုန်းတွေကမပါသွားပေမယ့် အပြင်မှာအိပ်တဲ့ ကလေးတွေရဲ့ ဖုန်းလေးလုံးကို ဝင်ပြီး ခိုးသွားပါတယ်။ ခိုးပြီးတော့ ပြန်မသွားဘဲ အဲ့ကောင်က ကလေးတွေအိပ်နေတာကိုကြည့်ပြီး သူဝှေးစေ့ကို ကိုင်ပြီးမဖွယ်မရာတွေလုပ်နေတာ ကြောက်စရာကြီး လက်ထဲမှာလည်း ဓါးကပါသေးတယ်။ သူခိုးတွေတအားကိုသောင်းကျန်းနေပြီ။ မိန်းကလေးရှိတဲ့အိမ်တွေအထူ ဂရုစိုက်ကြပါနော်။ ချိတ်မလိုင်ပေါက်စီ-မန္တလေးပင်ရင်း မန္တလေးက ဆိုင်တစ်ဆိုင်မှာ ငနာတစ်ကောင် ဖုန်းဝင်ခိုးသွားတဲ့ CCTV Video ဖိုင်ကြည့်လိုက်ရတယ် ၊ အမျိုးသမီးလေးဦး အခန်းထဲ အိပ်နေကြတယ်၊ လက်ထဲမှာ ဓါးကို…
-

ကနီ ပအဖ တာဝန်ခံ အပါအဝင် ၁၃ ဦးကို ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများကို ပြည်သူပိုင်သိမ်း
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပအဖတာဝန်ခံအပါအဝင် ၁၃ ယောက်ကို ထိန်းသိမ်းပြီးနောက် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင် သိမ်းယူပြီး MOD နဲ့ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးနေပါတယ်။ သူတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရးဝန်ကြီးဌာန MOD၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးအဖွဲ့က ဩဂုတ် ၂၄ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ငွေကြေးအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု အပါအဝင် တခြားစွပ်စွဲခံရတဲ့ အမှုအများအပြား ရှိနေတဲ့အတွက် သူတို့ကို NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဒေသခံ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။ ကနီ ပအဖ ခေါင်းဆောင်နဲ့အတူ ထိန်းသိမ်းခံရသူတွေဟာ နာမည်ပျက်တွေ ဆက်တိုက် ထွက်ပေါ်ခဲ့တာကြောင့် ၂၀၂၄ ဒီဇင်ဘာလကတည်းက NUG က အချက်အလက် ခိုင်လုံအောင်စုံစမ်းခဲ့ပြီး ၉ လနီးပါးအကြာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။…
-

လူမှုကွန်ရက်တွင် နာမည်ကြီးနေသည့် နတ်သမီးလေးဖြိုး (ခ) မဖြိုးအိအိဇော် ဖမ်းဆီးခံရ
လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ နတ်သမီးလေးဖြိုး (ခ) မဖြိုးအိအိဇော်ကို ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်းနဲ့ ဦးအောင်မြတ်လမ်းမပေါ်က WYNDHAM GRAND Yangon ဟိုတယ်ကနေ သြဂုတ် ၃၀ ရက်မှာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဆိုပါ ဟိုတယ်မှာ တည်းခိုတဲ့ မဖြိုးအိအိဇော်အနေနဲ့ လူမှုကွန်ရက်မှာ လူပြောများလာပြီးနောက် စစ်တပ်က ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “သူ လုပ်တဲ့အလုပ်ကို လူတွေက အပြစ်မပြောဘူး။ ဒါပေမဲ့ အရမ်းကြွားပြီး လိုင်းပေါ်ကနေ ဒီဟိုတယ်မှာ နှစ်ချုပ်နဲ့ ငှားနေတာ တညကို သိန်းဘယ်နှရာရတာ၊ ကြိုက်တဲ့သူ ဖမ်းလို့ရတယ်၊ အဲဒီလိုမျိုးပြောလို့ အမြင်ကတ်ပြီးတိုင်ခံရတာ။” မဖြိုးအိအိဇော်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှာ နေထိုင်သူတယောက်ဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလမှာ WYNDHAM…