Author: Baby Yit Lone
-

ကျားဖြန့် တွေဆေးခန်းပါဖွင့်နေကြပြီ
သတိ ကျားဖြန့် တွေဆေးခန်းပါဖွင့်နေကြပြီ ဟုတ်ပါတယ် စာမှားမဖတ်မိပါဘူး ကျားဖြန့်ဆေးခန်းပါ။ အတော်များများသိပြီးပြီလားမသိပေမယ့် မသိကြသေးတဲ့သူတွေသတိထားရအောင် မမနုက တီးခေါက်ပေးလိုက်ပါတယ်။ ဆေးခန်းက ခုအွန်လိုင်းပေါ်မှာဂယက်ထနေတဲ့ ဆေးခန်းတစ်ခုတည်းမဟုတ်ပါဘူး။မမနု သိရှိရသလောက် ဆေးခန်းတွေကိုဝေမျှပေးသွားပါမယ်နော်။ (၁)မြင့်မြတ်အမျိုးသမီးရောဂါအထူးကု (အမှတ် – ၁၆၆ (အေ)ကြည့်မြင်တိုင်ကမ်းနားလမ်း (အလုံလမ်းထောင့်) (၂) Myint Myat Clinic Yangon – အမှတ် – ၁၆၆ (အေ)ကြည့်မြင်တိုင်ကမ်းနားလမ်း (အလုံလမ်းထောင့်) (၃) Yangon Sunny Clinic – အမှတ် (၁၃၇၀)သံသုမာလမ်းမကြီး နဲ့ ဒေဝဒဟ ( ၃၈ )လမ်း ၊ တောင်ဥက္ကလာပ မြို့နယ်။ (၄)အမျိုးသားအမျိုးသမီး ကျန်းမာရေးဆိုင်ရာဆေးခန်း – အမှတ် (၁၃၇၀)သံသုမာလမ်းမကြီး နဲ့ ဒေဝဒဟ (…
-

မြဝတီမြို့နယ်တွင် ထိုင်းပြန်စစ်တပ်က စစ်ကြောင်းထိုးလာ
မြဝတီမြို့နယ်တွင် ထိုင်းပြန်စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်လေယာဉ်များက ဗုံးများကျဲချ စစ်ကူပေးနေ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နို့ဖိုးရွာနှင့် ထီးမူထရွာဘက်သို့ ထိုင်းမှ ထွက် ပြေးပြီး ပြန်ဝင်ရောက်လာသော စစ်သားများ စုပေါင်းထားသော စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်လေယာဉ်များကလည်း ဗုံးများကျဲချခြင်းဖြင့် စစ်ကူပေးနေကြောင်း ကရင် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် BGF မှ ဗိုလ်မုတ်သုန် လက်အောက်ခံအဖွဲ့က သယ်ပို့ပေးမှုဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးပြီး မြဝတီသို့ ပြန်လည်ရောက်ရှိလာသော ခလရ ၂၇၅ တပ်ရင်းမှ အကြမ်းဖက် စစ်သား ၁၀၀ ခန့်မှာ နို့ဖိုးရွာ နှင့် ထီးမူးထရွာ ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ထိ စစ်ကြောင်းကို KNLA…
-

ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး
ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေထိုင်သော ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်(ခ) Mg Alpha ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း အဆိုတော်ဇွဲပြည့်ပိုင်၏ မိတ်ဆွေများက ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် နေထိုင်သော Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို အရပ်ဝတ် စစ်သားနှင့်ရဲများ အပါအဝင် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော အဆိုတော် ဇွဲပြည့်ပိုင်မှာ အသက် ၂၀ ကျော်ဝန်းကျင်သာရှိသေးကြောင်း သိရှိရသည်။ “နေအိမ်မှာရှိနေတုန်း စစ်တပ်က ဝင်ဖမ်းတာ။…
-

မော်လိုက်မြို့နယ်၊ တောင်းအင်စစ်တပ်စခန်းကို သေနတ်တစ်ချက် မဖောက်ရဘဲ တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်းအင်စစ်တပ်စခန်းကို သေနတ်တစ်ချက်မှ မဖောက်ရဘဲ သိမ်းပိုက်ရရှိခဲ့ကြောင်းဒေသ တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ဩဂုတ်လ ၁၅ ရက်နေ့ မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်ပြီးနောက် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တောင်းအင်းစစ်တပ်စခန်းကို ထွက်ပေါက်ပေးပြီး ဝိုင်းဝန်းပိတ် ဆို့ထားရာ စက်တင်ဘာလ ၁ ရက်နေ့ညပိုင်းက စစ်သား၊ ပျူစောထီးများအားလုံးစခန်းစွန့်ခွာထွက် ပြေးသွားသဖြင့် သေနတ်တစ်ချက်မှ ပစ်ဖောက်ရခြင်းမရှိဘဲ စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ထော်သာစခန်းသိမ်းပြီးကတည်းက တောင်းအင်ကို ထွက်ပေါက်တစ်ခုပဲ ပေးထားပြီး ပတ် ချာလည် ဝိုင်းဝန်းပိတ်ဆို့ထားတာ၊ ပိတ်ဆို့ထားတော့ မတိုက်လိုက်ရဘူး။ ၁ ရက်နေ့က ညကပဲ စခန်းစွန့် ထွက် ပြေးသွားကြတာ၊ ထွက်ပြေးသွားတာဆိုတော့ လက်နက်ပစ္စည်းတွေ မရလိုက်ဘူးထင်တယ်။ ရ၊ မရ တော့ အခုထိ သေချာမသိရသေးဘူး” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က…
-

KNLA တပ်ဖွဲ့တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေ
KNLA တပ်ဖွဲ့တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတယ်လို့ NUG ရဲ့ အထူးတိုင်းစစ်ဌာန ထုတ်ပြန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တွေနဲ့အတူ စခန်းသိမ်းတိုက်ပွဲနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ အသစ်ဖွဲ့စည်းထားတဲ့ အထူးတိုင်းစစ်ဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အထူးတိုင်းစစ်ဌာနဟာ KNLA တပ်ဖွဲ့တွေနဲ့အတူ ဖာပွန်မြို့သိမ်းတိုက်ပွဲ၊ အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲနဲ့ ထိုင်း-မြန်မာနယ်စပ် စခန်းသိမ်းတိုက်ပွဲတွေကို ဖော်ဆောင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အထူးတိုင်းစစ်ဌာနကို ကရင်ပြည်နဲ့ မွန်ပြည်မှာ အခြေပြု ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နည်းဗျူဟာတွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ စစ်ရေးလှုပ်ရှားမှုအနေနဲ့ KNU/KNLA တပ်တွေနဲ့အတူ ကရင်ပြည်၊ မွန်ပြည်နဲ့ ရေး-ထားဝယ်ဒေသတွေအပြင်…