သတိ ကျားဖြန့်‌ တွေဆေးခန်းပါဖွင့်နေကြပြီ

ဟုတ်ပါတယ် စာမှားမဖတ်မိပါဘူး ကျားဖြန့်ဆေးခန်းပါ။

အတော်များများသိပြီးပြီလားမသိပေမယ့် မသိကြသေးတဲ့သူတွေသတိထားရအောင် မမနုက တီးခေါက်ပေးလိုက်ပါတယ်။

ဆေးခန်းက ခုအွန်လိုင်းပေါ်မှာဂယက်ထနေတဲ့ ဆေးခန်းတစ်ခုတည်းမဟုတ်ပါဘူး။မမနု သိရှိရသလောက် ဆေးခန်းတွေကိုဝေမျှပေးသွားပါမယ်နော်။

(၁)မြင့်မြတ်အမျိုးသမီးရောဂါအထူးကု (အမှတ် – ၁၆၆ (အေ)ကြည့်မြင်တိုင်ကမ်းနားလမ်း (အလုံလမ်းထောင့်)

(၂) Myint Myat Clinic Yangon – အမှတ် – ၁၆၆ (အေ)ကြည့်မြင်တိုင်ကမ်းနားလမ်း (အလုံလမ်းထောင့်)

(၃) Yangon Sunny Clinic – အမှတ် (၁၃၇၀)သံသုမာလမ်းမကြီး နဲ့ ဒေဝဒဟ ( ၃၈ )လမ်း ၊ တောင်ဥက္ကလာပ မြို့နယ်။

(၄)အမျိုးသားအမျိုးသမီး ကျန်းမာရေးဆိုင်ရာဆေးခန်း – အမှတ် (၁၃၇၀)သံသုမာလမ်းမကြီး နဲ့ ဒေဝဒဟ ( ၃၈ )လမ်း ၊ တောင်ဥက္ကလာပ မြို့နယ်။

(၅)Myat Yadanar Lin Clinic – အမှတ် (၂၁၃) ပါရမီလမ်း (၅)ရပ်ကွက် ၊ တောင်ဥက္ကလာပ မြို့နယ်။

(၆)Min Special Clinic – အမှတ် (၆)(၅) ရပ်ကွက် ၊ပြည်လမ်း ၊ မရမ်းကုန်းမြို့နယ်။

(၇)Thein Special Clinic – ဓမ္မစေတီလမ်း နှင့် ဦးဝိစာရလမ်း‌ထောင့်၊စမ်းချောင်းမြို့နယ်။

ဒီနေရာမှာကြည့်လိုက်ရင် ထူးခြားတာနှစ်ခုတွေ့ရပါလိမ့်မယ်။

အဲ့တာဘာလဲဆို နံပါတ်(၁) ‌-ဆေးခန်းနာမည်နှစ်ခု ကိုမှ လိပ်စာကတစ်ခုတည်းတူနေတာတွေပါ။

အပေါ်ကဆိုရင်( မြင့်မြတ်အမျိုးသမီးရောဂါအထူးကု / Myint Myat Clinic Yangon ) နဲ့ (Yangon Sunny Clinic /
အမျိုးသားအမျိုးသမီး ကျန်းမာရေးဆိုင်ရာဆေးခန်း )

နံပါတ် (၂) – အပေါ်မှာပြောထားတဲ့ကျားဖြန့်ဆေးခန်းအတော်များများဟာ ကျားမလိင်အင်္ဂါနဲ့ပတ်သတ်တဲ့ရောဂါတွေကိုအဓိကထားကုကြတာပါ။

လိပ်ခေါင်းရောဂါတို့ ၊ ကာလသားရောဂါတို့ ၊ လိင်အင်္ဂါကြွက်နို့တို့ ၊ ဂနို ရောဂါတို့စသဖြင့်တွေပေါ့။

သူတို့ကသူတို့ဖွင့်ထားတဲ့ဆေးခန်းတစ်ခုကဒီနာမည်နဲ့ နာမည်‌ဆိုးထွက်ပြီးကျားဖြန့်မှန်းသိသွားရင် ၊ သူတို့လုပ်စားလို့မရတော့ရင် အခြားနာမည်တွေပြောင်းပစ်တာပါ။

အဲ့တာကြောင့်လည်း အပေါ်မှာ ဆေးခန်းနာမည်နှစ်ခုနဲ့လိပ်စာကတော့တစ်ခုတည်းတွေဖြစ်နေတာပါ။

ဆေးကုတာထက် လူနာတွေကို မတရားငွေညှစ်နေတဲ့ တရုတ်ကျားဖြန့်ဆေးခန်း‌ တွေဆိုပိုမှန်ပါလိမ့်မယ်။

Privacy မရှိ လူနာရဲ့အခန်းထဲကိုလူတကာဝင်ထွက်သွားလာတယ်၊ သွေးတွေအတင်းစစ်ခိုင်းပြီး ငွေကို (၃)သိန်းလောက်တောင်း မရှိတဲ့ရောဂါတွေကိုအရှိလုပ်ပြီး အတင်းကုသခိုင်းပြီး ငွေညှစ်၊ တောင်းတဲ့ပိုက်ဆံကလည်း တခါတောင်းရင် သိန်းဂဏန်းအောက်က ဘယ်တော့မှမဆင်းပါဘူး။

ဒါ့ထက်ဆိုးတာက လာပြတဲ့ အမျိုးသား အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအထိ ထိပါးနှောင့်ယှက်တာပါ။‌

ဆေးကုသခဲ့တဲ့လူနာအမျိုးသမီးတွေကိုဆိုလည်း အမျိုးသမီးလိင်အင်္ဂါကိုပါ ဓာတ်ပုံရိုက်ယူထားတာ‌တွေအထိပါ။

ဒါကလိုင်းပေါ်ရောက်လာတဲ့အကြောင်းအရာတွေ၊ လိုင်းပေါ်ရောက်မလာပဲ အဲ့ဆေးခန်းမှာပဲအခုလို ခံနေရတဲ့လူနာတွေ ဒုနဲ့ဒေးရှိနေကြတယ်။

အဲ့တော့လေ ကျားဖြန့်ဆိုတာဂျိုနဲ့လားဟေ့ လို့တောင်မေးယူရမယ့်အဆင့်ထိဖြစ်နေကြပြီ အရပ်ကတို့ရေ။

အရာရာမှာ သွားသတိ၊ လာသတိ၊ စားသတိ၊ အိပ်သတိ၊ အခုဆို ဆေးခန်းပြ‌တာတောင် သတိကပ်ပြီးပြနေရပြီ။

ခေတ်ကာလကြီးများ တစ်ရက်ထက် တစ်ရက်ကြောက်ဖို့ကောင်းလာလိုက်တာလေ။ လိမ်နည်းမျိုးစုံတွေနဲ့။

အဲ့လိုကလိမ်ကကျစ် ကျားဖြန့်တရုတ်တွေကြ ဘဘကြီးတို့ကမဖမ်းဘူးတော့ အတော်လည်းတရားကျစရာကောင်းပါ့။

ဘယ်လောက်တောင်ပေးထားကျွေးထားသလဲမသိ ဒါမျိုးတွေကျ စောက်ပေါက်တွေကပိတ်နေရော။

အဲ့တာကြောင့်ဘယ်သူမှလာအရေးယူမှာမဟုတ်တဲ့အတွက် ကိုယ့်အချင်းချင်းကြား အပြန်အလှန်သတိပေးကြရင်း sharing လုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။

✍နန်းမတော် မနု

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *