Author: Baby Yit Lone

  • အမရပူရမှာ အဖေနဲ့ဦးလေးရန်ဖြစ်တာကို ဝင်တားတဲ့ရှစ်တန်းကျောင်းသားဓားထိုးခံရပြီးသေဆုံး

    အမရပူရမှာ အဖေနဲ့ဦးလေးရန်ဖြစ်တာကို ဝင်တားတဲ့ရှစ်တန်းကျောင်းသားဓားထိုးခံရပြီးသေဆုံး

    မန္တလေးမြို့ ၊အမရပူရမြို့နယ် ၊တမုတ်ဆိုးကျေးရွာမှာ ယမန်နေ့ (စက်တင်ဘာ လ ၄ ရက် ) က အဖေ နဲ့ ဦးလေး ဖြစ်သူတို့ ရန်ဖြစ်တာကို ဝင်တားတဲ့ ရှစ်တန်း ကျောင်းသား ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ မုတ်ဆိုးကျေးရွာမှာ မနေ့ ညနေပိုင်း ၃ နာရီခွဲ အချိန်က ဖြစ်ပွားခဲ့တာပါ။ ဖခင်နဲ့ဦးလေးဖြစ်သူတို့ စကားများရန်ဖြစ်ချိန် ဦးလေးက ဖခင်ကို ဓားနဲ့ထိုးတာကို ဝင်တားတဲ့ ၁၆နှစ်အရွယ် ရှစ်တန်းကျောင်းသား ဓားထိုးခံရတာလို့ တမုတ်ဆိုးရွာခံတစ်ဦးကပြောပါတယ်။ ဓားထိုးခံရတဲ့ ကလေးကို တမုတ်ဆိုး တိုက်နယ် ဆေးရုံ ဆီပို့ဆောင်ချိန်မှာပဲ လမ်းမှာ သေဆုံးသွားတာလို့ သိရပါတယ်။ ဓားနဲ့ထိုးခဲ့တဲ့ ဦးလေးဖြစ်သူကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

  • စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု

    စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု

    ဗြိတိန်အစိုးရ အရေးယူထားသော တပ်မ (၃၃) ၏ စစ်ကြောင်းတစ်ခု လူသတ် အလောင်းဖျောက်မှု ရုပ်သံမှတ်တမ်းကို ထွက်ပြေးလာသော စစ်သားသစ်များထံတွင် တွေ့လိုက်ရသည်၊ ကျူးလွန်သူများအကြောင်းကိုလည်း ၎င်းတို့က ပြောပြကြသည်။ (စိတ်မချမ်းမြေ့ဖွယ်အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။) ဧရာဝတီမြစ်ကမ်းနဖူးရှိ ခြံဝင်းတစ်ခုအတွင်း ခြေတံရှည်အဆောက်အဦနှစ်ခုရှေ့ သေနတ်လွယ်၊ ဓားကိုင် ထားကြသူများအလယ်တွင် မျက်လုံးကို အဝတ်စဖြင့်စည်းကာ လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။ သေနတ်လွယ်ထားသူက မေးခွန်းအနည်းငယ် အော်ဟစ်မေးမြန်းနေချိန်တွင် ဘေးနားက လူစုလူဝေးက စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြပြီး လူအုပ်ထဲရှိတစ်ယောက်ကလည်း “သေနတ်သံမကြားချင်ဘူး”ဟု အမိန့်ပေးလိုက်သည်။ “ခင်ဗျား PDF အဖွဲ့ထဲက ဟုတ်တယ်မလား” ဟု သူက အကြိမ်ကြိမ် မေးမြန်းပြီးနောက် အနီးတွင် အသင့်စောင့် နေသူများကို အချက်ပြလိုက်တော့သည်။ အသင့်စောင့်နေသူတစ်ဦးက ကိုင်ထားသည့် သူ့ဓားဖြင့် ကြိုးတုပ်ခံထားရသူ၏ ရင်ဘတ်ကို…

  • ဗန်းမော်စစ်မျက်နှာတွင် စစ်တပ်က ခံစစ်ဖြင့် ပြန်လည်ခုခံနေရ

    ‎ ‎ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲတွင် စစ်တပ်နှင့် KIAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေရာ စစ်တပ်က ခံစစ်အနေအထားဖြင့် တိုက်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ‎ယခုရက်ပိုင်းတွင် ဗန်းမော် စစ်မျက်နှာရှိ စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၁၁ ဘက်အထိ ခံစစ်ဆင်တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။ ‎”တိုက်ပွဲက စစ်တပ်ဘက်က ခံစစ်ပြန်ဖြစ်ထားပြီ။ သိမ်းထားတဲ့ တပ်ရင်းတွေပြန်မပါအောင် အားထုတ်နေရတယ်ပြောပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ ‎ ‎ခလရ ၂၃၆၊ အမတ ၃၆၆၊ တကရ ၅၀၁၄ နှင့် ဗန်းမော်လေဆိပ် တို့ကို ပြန်လည်ရယူထားသည့် စစ်ကော်မရှင်တပ်မှာ KIA ၏ ထိုးစစ်ဆင်နေမှုကို လေကြောင်းနှင့် ဒရုန်းအဓိကထား တုန့်ပြန်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များကဆိုသည်။ ‎‎စစ်တပ်အနေဖြင့် ဗန်းမော်တွင် အဓိကတိုက်ခိုက်ရေး ခြေလျင်တပ်ရင်း ခလရ ၄၇ တစ်ရင်းသာရှိပြီး ကျန်တပ်ရင်း…

  • ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းဆန်

    ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းဆန်

    မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်း ဆိုသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း ဗြိတိန်အခြေစိုက် The Independent သတင်းဌာနက သတင်းဖော်ပြသည်။ အသက် ၈၀ နှစ်ရှိနေပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာ ခံစားနေရကြောင်း၊ နှလုံးရောဂါအထူးကုဆရာဝန်နှင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းပယ်ထားကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နိုင်ငံရေး အခန်းကဏ္ဍ ရည်ရွယ်ချက်ရှိရှိ အဆုံးသတ်စေရန် လုပ်ဆောင်ထားပြီး နေပြည် တော်ရှိ တောတွင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်ဟု The Independent က ဆိုသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris က သူမ၏…

  • မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)

    မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)

    မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်ကြီး အောင်သောင်း အပါအဝင် စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၈ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး အောင်သောင်း အပါအဝင် စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မြင်းခြံမြို့နယ် ကုက္ကဲအထက် တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်က ပြည်သူများနှင့်ခရီးသွားပြည်သူများကို ဆက်ကြေးကောက် နေ့စဉ်အနိုင်ကျင့်လုယက်နှိပ်စက်နေမှုကြောင့် ယင်းနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းနေရာကို ရှေ့ထွက်‌ပဒေသာမိုင်းများဖြင့် အသင့်စောင့်ဆိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး…