Author: Baby Yit Lone

  • MNDAA လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း ၅၀၀

    MNDAA လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း ၅၀၀

    မနေ့က MNDAA လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း ၅၀၀ ဆိုတာ အခုခေတ်အကြမ်းဖက်တပ်ရင်း ၃ ရင်းစာရှိတယ်။ လူ ၂၀၀ ပါတဲ့ အကြမ်းဖက်စစ်ကြောင်းတစ်ခုဟာ တစ်နေ့ကို အနည်းဆုံးရွာတစ်ရွာဝင်စီးပြီး ၊ ရွာတစ်ရွာလုံးကိုမီးရှို့ဖျက်စီးနိုင်တယ်၊ မပြေးနိုင်တဲ့အဖိုးအို ၊ အဖွားအိုတွေကို အရှင်လတ်လတ်မီးရှို့သတ်နိုင်တယ်၊ဖမ်းမိတဲ့ရွာသားတွေကို မသေမချင်းနှိပ်စက်သတ်ဖြတ်နိုင်တယ်။ သေချာတာက အဲ့ဒီစစ်ကြောင်းက MNDAA နယ်ကိုမလာဘူး ။ MNDAA ဟာ UWSA လိုပဲ ကိုယ့်နယ်အပိုင်ရသွားပြီဖြစ်တယ်။ ဒါကြောင့် UWSA ကိုနမူနာယူပြီး ကိုးကန့်နယ်ကိုဖွံဖြိုးတိုးတက်အောင်လုပ်ချင်တယ်။ ဒါကြောင့် ကိုးကန့်ဒေသကို အထူးဒေသ ၁ အဖြစ် သူ့ဖာသူ သတ်မှတ်ပြီး ကိုးကန့်မြို့တော်အဖြစ် လောက်ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄)ခုနဲ့ဖွဲ့စည်းလိုက်တယ်။သူ့ရဲ့ကိုးကန့်အထူးဒေသထဲမှာ အကြမ်းဖက်စစ်တပ်က တရုတ်ကတဆင့်ပြန်တောင်းနေတဲ့ သိန္နီနဲ့ ကွတ်ခိုင် ကိုထည့်လိုက်တယ်။ ဒါကြောင့်…

  • ရှီကျင့်ပင် မှ အဘယ်ကြောင့် ဝါရင့် စစ်ဗိုလ်ချုပ်ကြီး အား ဖယ်ရှားခဲ့ ပေ သနည်း

    ရှီကျင့်ပင် မှ အဘယ်ကြောင့် ဝါရင့် စစ်ဗိုလ်ချုပ်ကြီး အား ဖယ်ရှားခဲ့ ပေ သနည်း

    ရှီကျင့်ပင်သည် ဒေါ်နယ် ထရမ့်၏ စစ်သွေးကြွလာမှုများကို တွေ့မြင်နေရ၍ ၎င်း၏ တပ်များ လိုအပ်သည့် အတိုင်းအတာ အထိ ဖြစ်မလာသည်ကို အားမရ ဖြစ်လာ၍ လော မသိ။ ၂၀၂၆ ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်း က What Xi Jinping’s purge of China’s most senior general reveals ဟူသော ခေါင်းစဉ် ဖြင့် ယခုလို ရေးသားလာခဲ့သည်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တရုတ်စစ်ဘက်အဆင့်မြင့်ခေါင်းဆောင်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် အကြီးအကျယ် ဖယ်ရှားရှင်းလင်းမှုတွေကြားထဲမှာ ဗိုလ်ချုပ်ကြီး တစ်ဦး ကတော့ ကင်းလွတ်ခွင့်ရနေပုံ ရသည်ဟု အများက ထင်ခဲ့ကြသည်။ ၎င်းသည် တရုတ်စစ်တပ်၏ ဝါရင့်အရာရှိကြီး ကျန်းယို့ရှာ…

  • မွေးလူဗိုက်ထဲ  ခွဲခန်းသုံးပတ်တီး ကျန်ခဲ့တဲ့ ပုသိမ်က OG

    မွေးလူဗိုက်ထဲ ခွဲခန်းသုံးပတ်တီး ကျန်ခဲ့တဲ့ ပုသိမ်က OG

    ပုသိမ်မြို့နယ်၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ခွဲမွေးကုသမှု ပြုလုပ်စဉ် ခွဲခန်းသုံးပစ္စည်းတစ်မျိုးဖြစ်သည့် sixes ကို မွေလူနာ၏ ဗိုက်အတွင်း ကျန်ရစ်ခဲ့သည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် OG ဆရာဝန် ဒေါက်တာ အေးအေးသော်၊ မေ့ဆေးဆရာဝန် ဒေါက်တာ ဝင်းစီစီခိုင်၊ Sister စောမြတ်မိုးနှင့် Instrument nurse တစ်ဦးတို့ ပါဝင်ကာ ခွဲမွေးကုသမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ မွေးလူနာထံမှ ခွဲစိတ်ခ ၇ သိန်းကျပ်နှင့် မေ့ဆေးခ ၁ သိန်းကျပ် ယူဆောင်ခဲ့ကြောင်းလည်း သိရသည်။ ခွဲမွေးပြီးနောက် (၅) ရက်အကြာတွင် လူနာအခြေအနေ ပုံမှန်ဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သော်လည်း နေအိမ်သို့ ပြန်ရောက်ပြီးနောက် မကြာခဏ သွေးဆင်းခြင်းများ ဖြစ်ပေါ်လာသဖြင့် ဆေးခန်းများသို့ အကြိမ်ကြိမ် သွားရောက်ပြသခဲ့ရပြီး…

  • Kpay အကောင့်တွေ လိုက်လံဝယ်ယူနေ

    Kpay အကောင့်တွေ လိုက်လံဝယ်ယူနေ

    မလှိုင်မှာ ကျားဖြန့်အတွက်သုံးဖို့ဆိုပြီး Kpay အကောင့်တွေ လိုက်လံဝယ်ယူနေ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ အွန်လိုင်းငွေလိမ်လယ်မှု ခေါ် ကျားဖြန့်အတွက်သုံးဖို့ Kpay အကောင့်တွေ ကျပ်ငါးသောင်းပေးပြီး လိုက်လံဝယ်သူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်က မလှိုင်မြို့ပေါ်မှာ လူတစ်စုက ပြည်သူတွေကို ဘဏ်ဆီ ခေါ်ဆောင်ကာ Kpay အကောင့်ဖွင့်ခိုင်းပြီး အကောင့်တစ်ခု ကျပ်ငါးသောင်းပေးကာ ဝယ်ယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။ “ရပ်ကွက်ထဲက အမျိုးသမီးတွေကို မှတ်ပုံတင်ယူခိုင်းပြီး KBZ ဘဏ်မှာ ခေါ်သွားပြီး kpay acc ဖွင့်ခိုင်းတာ။ တယောက်ကို ၅ သောင်းပေးတယ်”လို့ မလှိုင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အရေအတွက်မည်မျှ Kpay အကောင့် ရောင်းလိုက်မိတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ပြည်သူတွေ…

  • “သူတို့အတွက် ပေးဆပ်ထားပြီးပြီ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဗုံးကြဲတာလဲ” – စစ်သုံ့ပန်းမိသားစု

    “သူတို့အတွက် ပေးဆပ်ထားပြီးပြီ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဗုံးကြဲတာလဲ” – စစ်သုံ့ပန်းမိသားစု

    ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေအတွင်းမှာ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းမိသားစုတွေ ထားရှိရာကို စစ်တပ်ဘက်က ၄ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ၂၀၀ နီးပါးအထိ ရှိလာပါတယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က စစ်သုံ့ပန်းအမြောက်အမြားကို AA က ဖမ်းဆီးရမိထားသလို လက်နက်ချ အညံ့ခံပူးပေါင်းတဲ့ စစ်သုံ့ပန်းတွေလည်း အမြောက်အမြား ရှိခဲ့ပါတယ်။ စစ်သုံ့ပန်းတွေကို AA ဘက်က တချို့နေရာတွေမှာ အစုလိုက်ထားရှိခဲ့ကြပြီး အဲဒီနေရာတွေကို စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ တနှစ်ကျော်အတွင်း ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီခွဲလောက်မှာ စစ်တပ်က AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နဲ့…