Author: Baby Yit Lone

  • မုံရွာ-မန္တလေးလမ်းက စစ်ဆေးရေးဂိတ်ကို PDF တပ်များ ပစ်ခတ်စခန်းသိမ်း၊ လက်နက်ခဲယမ်းများ ရရှိ

    မုံရွာ-မန္တလေးလမ်းက စစ်ဆေးရေးဂိတ်ကို PDF တပ်များ ပစ်ခတ်စခန်းသိမ်း၊ လက်နက်ခဲယမ်းများ ရရှိ

    စစ်ကိုင်းတိုင်း၊ မုံ‌ရွေးရွာအနီး မုံရွာ-မန္တလေးလမ်းမပေါ်က တိုးဂိတ်မှာ အထိုင်ချ စစ်ဆေးရေးစခန်းကို စက်တင်ဘာ ၁၆ ရက် မနက် ၄ နာရီခွဲကျော်လောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စခန်းသိမ်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ အဆိုပါစခန်းကို မုံရွာခရိုင်တပ်ရင် ၂၄ က ဦးဆောင်ပြီး Chindwin Brother အပါဝင် ဒေသတွင်း တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုရပါတယ်။ တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်တယောက်က “မုံရွေး-ကြေးမုံ တိုးဂိတ်က စစ်ကောင်စီတွေကို အပြတ်ရှင်းခဲ့တာ။ ကျ‌နော်တို့ UNF စစ်ကြောင်းမှူး ကိုနိုင်မင်းရဲ့ သွေးကြွေးကို ပြန်ဆပ်ခဲ့တာလို့လည်း ပြောလို့ရတယ်။ စခန်းမှာရှိတဲ့ ဘန်ကာတွေရော အကုန်ဖျက်ဆီးနိုင်ခဲ့တာ။ တိုက်ပွဲကြာချိန်က ၁ နာရီခွဲ‌ ကျော်ကြာတယ်။ ကိုယ့်ဘက်က ရဲ‌ဘော် ၅ ဦး မစိုးရိမ်ရ…

  • စစ်ကောင်စီ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှု ရှိလာလိမ့်မည်ဟု KIA ပြော

    စစ်ကောင်စီ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှု ရှိလာလိမ့်မည်ဟု KIA ပြော

    ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေမှာ ကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ မဲလိမ်မဲခိုးမှုတွေ ရှိလာမှာဖြစ်ပြီး မှန်ကန်တဲ့ရလဒ် ထွက်မှာမဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “ဗန်းမော်က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်နေတာ၊ ဒုတိယမြို့တော်မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် သူတို့ရဲ့ Data (အချက်အလက်) တွေ figures (ကိန်းဂဏန်း) တွေ တရားဝင်မှာ မဟုတ်ဘူးလို့ စဉ်းစားနေလို့ ဗန်းမော်ကို အခုထိ မျှော်လင့်ချက်ထားရှိတဲ့ မြို့တမြို့ဖြစ်မယ်လို့ ယူဆပါတယ်။ စစ်ရေးအခြေအနေ ဒီလောက်တင်းမာနေတဲ့ကြားက မဲခိုးတာတွေ၊ မမှန်မကန်တဲ့ မဲအရေတွက်တွေက ပေါ်လာမှာ သေချာပါတယ်။ သူတို့က ဒီလောက်ကြီးတဲ့မြို့မှာ မဲပုံးတောင် မထောင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲလည်း မှန်ကန်မှာမဟုတ်ဆိုတဲ့ သဘောနဲ့ သိက္ခာထိန်းတဲ့ အနေနဲ့ ဗန်းမော်လုပ်မယ်လို့ ရည်မှန်းချက်ထားတာနေမယ်။”…

  • မြန်မာအပါအဝင် ၆ နိုင်ငံကို အမေရိကန်က ခရီးသွားလာမှု အန္တရာယ်ရှိအမြင့်ဆုံးအဆင့် သတ်မှတ်

    မြန်မာအပါအဝင် ၆ နိုင်ငံကို အမေရိကန်က ခရီးသွားလာမှု အန္တရာယ်ရှိအမြင့်ဆုံးအဆင့် သတ်မှတ်

    မြန်မာအပါအဝင် နိုင်ငံ ၆ နိုင်ငံကို အမေရိကန်နိုင်ငံသားတွေအနေနဲ့ ခရီးသွားလာခြင်း လုံးဝမပြုကြဖို့ အမေရိကန်အစိုးရက စက်တင်ဘာ ၁၀ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ နိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံနဲ့အတူ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ အီရန်နဲ့ ရုရှားနိုင်ငံတွေ ပါဝင်နေပြီး ခုလိုထုတ်ပြန်တာဟာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အဆိုပါနိုင်ငံတွေမှာ မှားယွင်းထိန်းသိမ်းခံရနိုင်ခြေနဲ့ လုံခြုံရေးခြိမ်းခြောက်မှု အန္တရာယ်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ခုလတ်တလော ထုတ်ပြန်ချက်မှာတော့ အဆိုပါ နိုင်ငံ ၆ ခုကို အန္တရာယ်ရှိ အမြင့်ဆုံး အဆင့် ၄ သတ်မှတ်ထားသလို ဒါဟာ နိုင်ငံရပ်ခြားက အမေရိကန်နိုင်ငံသားတွေအတွက် ကာကွယ်မှုအားကောင်းစေဖို့ ရည်ရွယ်ကာ သမ္မတ ထရမ့်ပ်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ အမိန့်အောက်မှာ ထွက်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။ အကြောင်းခြင်းရာ လုပ်ငန်းစဉ်တစုံတရာမရှိဘဲ အမေရိကန်နိုင်ငံသားတွေ…

  • ဗန်းမောက်မြို့သိမ်းတိုက်ပွဲ တော်လှန်ရေးအဖွဲ့တွေစတင်

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲ တော်လှန်ရေးအဖွဲ့တွေစတင်

    ကာကင်းကုန်းစခန်းကို လက်လွှတ်လိုက်ရလို့ စစ်အုပ်စု ဗုံးကြဲ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင် ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာလ ၁၅ ရက် ဒီမနက်ပိုင်းကစလို့ မြို့သိမ်းတိုက်ပွဲ စတင်နေပြီလို့ ဗန်းမောက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။ ဗန်းမောက်မြို့မှာ စစ်အုပ်စုအင်အားထပ် စစ်အုပ်စုရဲ့ မဟာမိတ် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) အင်အားအများစုနဲ့ အထိုင်ချထားပြီး မြို့ရဲ့ကာကင်းစခန်းတွေကို လက်လွှတ်လိုက်ရပြီးနောက်မှာ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားပေမယ့် ထိခိုက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။ “မြို့ပတ်ပတ်လည်မှာဖြစ်တာပေါ့နော်။ ကျနော်တို့ဆီက တော်လှန်ရေးတပ်ဖွဲ့တွေက ဗန်းမောက်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်တာပေါ့နော်။ အဲလိုမျိုးသတ်မှတ်လို့ရတယ်ပေါ့နော်။ လောလောဆယ်အနေအထားကတော့ မြို့သိမ်းတိုက်ပွဲလို့ပြောလို့ရတယ်ပေါ့နော်”လို့ ဗန်းမောက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ မြို့ပတ်ပတ်လည်က ကာကင်းကုန်းစခန်းတွေကို တော်လှန်ရေးအင်အားစုတွေရဲ့ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးနောက် လက်လွှတ်လိုက်ရချိန်မှာ စစ်အုပ်စုက လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။ “လေကြောင်းတိုက်တယ်ဆိုတာက ရှေ့ပွိုင့်တွေကို၊ သူတို့ကိုထိုးစစ်ဆင်လာတဲ့ ရှေ့ပွိုင့်တွေကို…

  • မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များပျက်စီး မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် နေအိမ်များပျက်စီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၈ မိနစ်အချိန် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားအနောက်၊ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ စစ်လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အမျိုးသမီး ၁ ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံးထက်မနည်း ပျက်စီးသွားကြောင်း သိရှိရသည်။ “ဗုံးကျဲချတာက ပေါင် ၅၀၀ ဗုံးတွေ…