Author: Baby Yit Lone
-

အမ်း-ပဒါန်းလမ်းကို အင်အား တစ်ထောင်ကျော်နဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ
ရှမ်းမြောက်ကနေ အောင်ပွဲယူလာတဲ့ ပုံစံခွန်အားပေးပြီး အမ်း-ပဒါန်းလမ်းကို အင်အား တစ်ထောင်ကျော်နဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ မကွေးနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းကြောကို စစ်အုပ်စုက နယ်မြေစိုးမိုးမှုရယူချင်တဲ့အတွက် ရှမ်းမြောက်က အင်အားတွေကို ထုတ်နှုတ်ပြီး စစ်သားအင်အားတစ်ထောင်ကျော်နဲ့ ပဒါန်းဘက်ကနေ ရိုးမပေါ်က နတ်ရေကန်စခန်းအထိ စစ်ကြောင်းချီတက်လာတယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ စစ်အုပ်စုဟာ အမ်း-ပဒါန်းလမ်းကြော၊ ပဲခူးနဲ့ရခိုင်ပြည်နယ်စတဲ့ နယ်မြေထိစပ်နေတဲ့ နေရာတွေကို အတင်းအဓမ္မစုဆောင်းထားတဲ့ အင်အား ၁၅၀၀ လောက်နဲ့ အကြီးအကျယ် ထိုးစစ်ဆင်လာတာဖြစ်ပြီး စစ်ရေးအရ အချက်အချာကျတဲ့ နေရာတွေကို ပြန်ယူချင်တဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အခြေစိုက်တဲ့ လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ စစ်အုပ်စုက ပြန်လည်ရရှိပြီးနောက် ရှမ်းမြောက်မှာ အောင်ပွဲတွေ ရယူခဲ့တယ်ဆိုတဲ့ ပုံစံမျိုး ခွန်အားပေးကာ အမ်း-ပဒါန်းလမ်းကို အင်အားတစ်ထောင်ကျော်နဲ့…
-

ရေဖြူမြို့နယ်၊ ရာဖူးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်
ရေဖြူမြို့နယ်၊ ရာဖူးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၃ နှစ် အရွယ် မငွေမှုံဦး ပွဲချင်းပြီး သေဆုံး သေဆုံးသူ ကလေးငယ်၏ ဖခင်ကို စစ်တပ်က ဖမ်းဆီးထား တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၃ နှစ် အရွယ် မငွေမှုံဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နည်းဗျူဟာ ၃၃ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက ပြောဆိုသည်။ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ရေဖြူမြို့နယ်၊ မရမ်းချောင်းရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရာဖူးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…
-

တမူးမြို့နယ်မှာ အမျိုးသမီးတွေကို စကစ စစ်သင်တန်းပေးနေ
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာ ကျေးရွာမှာ စစ်ကောင်စီတပ်က အမျိုးသမီးများကို စစ်သင်တန်းပေးနေတယ်လို့ဒေသခံများထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ရက်နေ့ကစပြီး မင်းသာပျူစောထီးများရဲ့ အမျိုးသမီးများနဲ့ ကျေးရွာဒေသခံအမျိုးသမီးများကို စစ်ကောင်စီက သင်တန်းပေးနေတာဖြစ်ပါတယ်။ “သင်တန်းစတာက ၁ ရက်နေကစတာ။ ပျူစောထီး မိန်းမတွေကော အခြားအမျိုးသမီးတွေကောပါတယ်။ ကျေးရွာလုံခြုံရေးလို့ပြောတာပဲဗျ။ ၆ ရက်နေ့က ပစ်ကွင်းဆင်းတယ်။ အင်အားက များတယ်ဗျ” လို့ နီးစပ်သူတစ်ဦးက ကိုပြောပါတယ်။ အခုလို မင်းသာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က သင်တန်းပေးတဲ့နေရာမှာ ပျူစောထီးမိသားစုဝင်များပါဝင်နေ သလို ကျေးရွာတွင်းက ပျူစောထီးမဟုတ်တဲ့ အမျိုးသမီးများလည်းပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်တန်းတက်တဲ့ အမျိုးသမီးတွေဟာ စကစ က ကျေးရွာလုံခြုံရေးအကြောင်းပြပြီး အမျိုးသမီးပျူစောထီးခေါင်းဆောင် ဒေါ်ညွန့်ကြည် အသက်(၅၀) ကဦးစီးပြီး အိမ်ထောင်ရှင် အမျိုးသမီးများနဲ့ လူငယ်အမျိုးသီး အင်အား…
-
တပ်မ ၉၉ နှင့် တပ်ချိန်းခဲ့ရသည့် စကခ ၁၇ မှတပ်ဖွဲ့များ AA ၏ဆီးကြိုတိုက်ခိုက်
ပဒါန်းတွင် တပ်မ ၉၉ နှင့် တပ်ချိန်းခဲ့ရသည့် စကခ ၁၇ မှတပ်ဖွဲ့များ AA ၏ဆီးကြိုတိုက်ခိုက်မှုကြောင့် သေဆုံးမှုများပြား မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်း ပို့လွှတ်ထားသည့် တပ်မ ၉၉ နှင့် တပ်ချိန်း အပြောင်း အလဲလုပ်ခဲ့သည့် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) မှ လက်အောက်ခံ ထုတ်နှုတ် တပ်ရင်းများကို အာရက္ခတပ်တော် (AA) က ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ AA ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်၏ စကခ ၁၇ မှ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့နှင့် ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့တို့တွင် နတ်ရေကန် ဗျူဟာအနီးတစ်ဝိုက်၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ”AAဘက်ကထိုးစစ်ဆင်တိုက်တာမှာ စစ်တပ်ဘက်က…
-

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကို စစ်တပ်ခြိမ်းခြောက်နေဟု NUG ထုတ်ပြန်
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရချိန်မှာ အာဏာသိမ်းစစ်တပ်က ဆေးကုသခွင့်မပေးတာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာ ဖြစ်ပြီး ဒါကို စစ်တပ်အနေနဲ့ တာဝန်ခံရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုအောက်မှာ ရောက်နေချိန် နှလုံးရောဂါ အခြေအနေ စိုးရိမ်ဖွယ်ဖြစ်နေပြီး လုံလောက်တဲ့ ဆေးကုသမှု မရရှိနေကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးထားတာကြောင့် သိရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးကုသခွင့် မပေးတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ပါဝင်တဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်ပြီး ဖြစ်ပေါ်မယ့် အကျိုးဆက် အားလုံးကို စစ်အုပ်စုက တာဝန်ယူရမယ်လို့ NUG က ထုတ်ပြန်ပါတယ်။…