စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာ ကျေးရွာမှာ စစ်ကောင်စီတပ်က အမျိုးသမီးများကို စစ်သင်တန်းပေးနေတယ်လို့ဒေသခံများထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ရက်နေ့ကစပြီး မင်းသာပျူစောထီးများရဲ့ အမျိုးသမီးများနဲ့ ကျေးရွာဒေသခံအမျိုးသမီးများကို စစ်ကောင်စီက သင်တန်းပေးနေတာဖြစ်ပါတယ်။

“သင်တန်းစတာက ၁ ရက်နေကစတာ။ ပျူစောထီး မိန်းမတွေကော အခြားအမျိုးသမီးတွေကောပါတယ်။ ကျေးရွာလုံခြုံရေးလို့ပြောတာပဲဗျ။ ၆ ရက်နေ့က ပစ်ကွင်းဆင်းတယ်။ အင်အားက များတယ်ဗျ” လို့ နီးစပ်သူတစ်ဦးက ကိုပြောပါတယ်။

အခုလို မင်းသာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က သင်တန်းပေးတဲ့နေရာမှာ ပျူစောထီးမိသားစုဝင်များပါဝင်နေ သလို ကျေးရွာတွင်းက ပျူစောထီးမဟုတ်တဲ့ အမျိုးသမီးများလည်းပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်တန်းတက်တဲ့ အမျိုးသမီးတွေဟာ စကစ က ကျေးရွာလုံခြုံရေးအကြောင်းပြပြီး အမျိုးသမီးပျူစောထီးခေါင်းဆောင် ဒေါ်ညွန့်ကြည် အသက်(၅၀) ကဦးစီးပြီး အိမ်ထောင်ရှင် အမျိုးသမီးများနဲ့ လူငယ်အမျိုးသီး အင်အား ၃၀ ကျော် စစ်သင်တန်း တက်ရောက်ကြတယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *