Author: Baby Yit Lone
-

“တတိုင်းပြည်လုံး နတ်သမီးဖြစ်သွားလိမ့်မယ်”
ခုချိန်ထိ ဘာဖြစ်လို့ ဖြစ်နေတယ်ဆိုတာ မသိကြသေးဘူး။ ဒေါ်လာဈေးက ငြိမ်နေပါလားဆိုပြီး ကြည်နူးနေတဲ့သူက ရှိသေးတယ်။ နင့်ပထွေးက လှုပ်မရအောင် တုပ် ထားမှတော့ မငြိမ်ဘဲ နေပါ့မလား။ ဘာမှမသွင်းတော့ ဘာမှမကုန်၊ ဘာမှမကုန်တော့ ဘာမှမရှိ၊ ဘာမှမရှိတော့ ဘာမေးမေး ရှားနေတဲ့ ဘာမေးရှားဖြစ်။ လူပြိန်းလိုပြောရရင် ဒေါ်လာဈေး ငြိမ်တယ်ဆိုတာ ၂ မျိုးပဲရှိတယ်။ နိုင်ငံတခုရဲ့ ပို့ကုန်နဲ့ သွင်းကုန်က မျှတနေရင်ပဲဖြစ်ဖြစ်၊ ပို့ကုန်က သွင်းကုန်ထက် ကျော်နေရင်ပဲဖြစ်ဖြစ် ဒေါ်လာဈေးငြိမ်မယ်။ ဒါမှမဟုတ် ပြည်ပက လာတာမှန်သမျှ ဘာမှမသုံးရဆိုပြီး အဝင် အကုန်ပိတ်လိုက်ရင် သုံးဖို့ ဒေါ်လာ မလိုတော့ ရင် ဒေါ်လာဈေးငြိမ်မယ်။ ခုဖြစ်နေတာ နောက်ကဟာပဲ။ နဂိုထဲက ဘာမှမထွက်တဲ့ တိုင်းပြည်မှာ အဝင်ပါ ပိတ်လိုက်တော့ အစစအရာရာ ပစ္စည်းတွေ…
-

ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ကြေညာ
အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ကြေညာလိုက်ပြီး လိုက်နာခြင်းမရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအားလုံးကို ထိရောက်စွာ အရေးယူမည်ဟု သတိပေး အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ယမန်နေ့ ညပိုင်း ထုတ်ပြန်ကြေညာလိုက်ပြီး လိုက်နာခြင်း မရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအားလုံးကို ထိရောက်စွာ အရေးယူမည်ဟု သတိပေးလိုက်သည်။ အကြမ်းဖက် အာဏာသိမ်းထားသည့် စစ်တပ်က တရားမဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သလို အသုံးချ၍ ပြည်သူလူထုတရပ်လုံးအပေါ် ရေရှည် ဆက်လက် ဖိနှိပ် အုပ်ချုပ်နိုင်ရန်…
-

တုံးအောက်ကဖား
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးအတွင်း မန္တလေးရှိ နာမည်ကျော် Sky Villa Condo ပြိုကျမှုမှာ သာမန် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြသလို အကြမ်းဖက် စစ်တပ်နဲ့ တိုက်ရိုက် ပတ်သက်သူတွေလဲ မလွတ်ခဲ့ပါဘူး။ ဒီဘဲကြီး နာမည်က ဗိုလ်မှူးဟောင်း ဉာဏ်စိုးလှိုင်လို့ သိရပြီး Sky Villa Condo ပြိုကျမှုမှာ သမီးဖြစ်သူ ပါသွားခဲ့ပေမယ့် ၅ လပြည့်ချိန်မှ ရုပ်အလောင်းကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အသက်ရှင်ဖို့ အချိန်မီ ကယ်ဆယ်ရေး လုပ်နိုင်ဖို့ ဝေးစွ၊ အလောင်း ပြန်ရဖို့တောင် လုပ်မပေးနိုင်တဲ့ အကြမ်းဖက် စစ်တပ်ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကိုလဲ (တကယ်က ပြည်သူအပေါ် စေတနာကို မရှိတာပါ) ဒဲ့ မပြောရဲခဲ့ရှာပါဘူး။ အတွင်းလူဖြစ်ခဲ့ဘူးသူပီပီ ကြိတ်စရာရှိရင် အရင်းအဖျားမရွေး…
-

နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို စစ်တပ်မှ ဖမ်းဆီး
နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို ယမန့်နေ့ညက စစ်တပ်မှ ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေပြီး ဒီကနေ့မှာတော့ ဖမ်းဆီးခံလိုက်ရတာသေချာကြောင်း ပုံနှင့်တကွ ဖေါ်ပြလာတာကို တွေ့ရပါတယ်။ ဖြိုးအိအိဇော်ဟာ ဖေါ်ချွတ်မယ်တစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ သူမကို နတ်သမီးခေါ်ပါက ပိုက်ဆံပေးမယ်ဆိုတဲ့ post ကြောင့် ဝေဖန်မှုတွေရှိခဲ့ကာ ခုချိန်မှာတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ ဖြိုးအိအိဇော်ဟာ ဖေါ်ချွတ်မယ် တစ်ဦးဖြစ်ပေမယ့် သူ့ကိုအားပေးတဲ့ ဆင်းရဲနွမ်းပါးသူတွေကို လိုက်လံပြီး ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖေါ်ချွတ်မယ်တွေအနေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံနေရပြီး ဒါဟာ ဖိုဝါဒကြီးဆိုးတဲ့ တိုင်းပြည်တစ်ခု ဖြစ်တာကြောင့်လို့ လူမှုကွန်ယက်မှာ ဝေဖန်ပြောဆို နေတာတွေလည်းရှိနေပါတယ်။ ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာဆိုသော ဖြိုးအိအိဇော် ရဲစခန်းမှာ ထိန်းသိမ်းခံထားရ ဖြိုးအိအိဇော်ဆိုတာ မသိသေးသူများအတွက်…
-

လက်နက်ကိုင်အဖွဲ့တွေကို တရုတ်က ဖိအားပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင်က ပြော
နိုင်ငံမြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့တွေကို တရုတ်က ဖိအားပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင်က စီကျင်းပင်ကိုပြော အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်သမ္မတစီကျင်းပင်နဲ့တွေ့ဆုံစဥ် မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်အစိုးရက ဖိအားပေး ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ရှိကြောင်းပြောကြားလိုက်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်ဟာ သြဂုတ် ၃၀ ရက်မှာ တရုတ်သမ္မတစီကျင်းပင်နဲ့တွေ့ဆုံဆွေးနွေးစဥ်”မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖွံ့ဖြိုးရေးအတွက် နယ်စပ်ဒေသမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့များကို တရုတ်နိုင်ငံက ဖိအားပေး ဆောင်ရွက်ပေးနေမှုကြောင့် ငြိမ်းချမ်းရေး ရရှိတဲ့အခြေအနေများ မြင်တွေ့လာရတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ် “လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သြဂုတ် ၃၀ ရက် ည ၈ နာရီသတင်းမှာစစ်ကောင်စီက ထုတ်ပြန်တဲ့အခါ မြောက်ပိုင်းကတော်လှန်ရေးအဖွဲ့တွေကိုတရုတ်ကဖိအားပေးတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားတာကိုစစ်ကောင်စီကချန်လှပ်ထားခဲ့တာတွေ့ရပါတယ်။ တရုတ်အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်မစွက်ဖူးပြောပေမယ့် စစ်ကောင်စီအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဖိအားပေး နေတယ်ဆိုတာ အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင်က အစည်းအဝေးမှာတရားဝင်ထုတ်ပြောလာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းဌာနတို့ရဲ့ထုတ်ပြန်ချက်တွေမှာလည်း တရုတ်အစိုးရက…