Author: Baby Yit Lone

  • မန္တလေးမှာ ဇာတ်ပွဲကြည့်ပြီးပြန်လာသူကို ပေါ်တာဆွဲ

    မန္တလေးမှာ ဇာတ်ပွဲကြည့်ပြီးပြန်လာသူကို ပေါ်တာဆွဲ

    အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။ ဖေဖော်ဝါရီ ၇ ရက်မနက်အစောပိုင်း ၃ နာရီခန့်မှာ မန္တလေး ဘုရားကြီး ဇာတ်ပွဲကနေအပြန် အသက် ၂၅ နှစ်အရွယ်အမျိုးသား ပေါ်တာဆွဲခံရတာဖြစ်ပြီး မန္တလေးနန်းတွင်းအခြေစိုက် တပ်ထဲကို ပို့ခံလိုက်ရတယ်လို့သိရပါတယ်။ “စမ်းရေမိုးဇာတ် ပထမနေ့က တူလေးပါသွားတာ၊ မိုးမလင်းသေးဘူး ပြန်လာတာ၊ လမ်းမှာတင်ဆွဲသွားတာ”လို့ မြောက်ပြင်ရပ်မှာနေထိုင်တဲ့မြို့ခံ အမျိုးသမီးကပြောပါတယ်။ မန္တလေးမှာ မဟာမုနိဘုရားကြီးပွဲနဲ့ ကုသိုလ်တော်ဘုရား ရန်ပုံငွေပွဲတွေကို လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ ဇာတ်အဖွဲ့တွေကိုခေါ်ယူပြီး ဖေဖော် ဝါရီလ ၆ ရက်ကနေ ဖေဖော်ဝါရီလ ၉ ရက်အထိကျင်းပခဲ့တာပါ။ အဲဒီဇာတ်ပွဲတွေအပြန်မှာလူငယ်အမျိုးသားအချို့ ပေါ်တာဆွဲခံရတာရှိပြီး ကနဦး စုံစမ်းမေးမြန်းမှုအရတော့ ငါးဦးခန့်ရှိနေပါတယ်။ ပေါ်တာဆွဲခံရသူ အချို့ကို သက်ဆိုင်ရာမိသားစုဝင်တွေက လက်လှမ်းမီသလောက်ငွေကြေးပေးပြီး ပြန်ထုတ်ဖို့ ကြိုးစားနေပေမယ့်…

  • ဗန်းမော်တိုက်ပွဲက နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ဟု KIO ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြော

    ဗန်းမော်တိုက်ပွဲက နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ဟု KIO ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြော

    တိုက်ပွဲတွေမဖော်ဖို့ တရုတ်က ပြောတာရှိကြောင်းနဲ့ ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲ ဖြစ်လို့ အရင်းမြစ်တွေ အများကြီးသုံးရသလို တိုင်းရင်းသားပေါင်းစုံက ပါဝင် တိုက်ခိုက်နေတဲ့အ ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်ဟာ အပြောင်းအလဲတွေများမဲ့နှစ် ဖြစ်လာမယ်လို့လည်း သူက မျှော်မှန်းထားပါတယ်။ စစ်အာဏာသိမ်းပြီးချိန်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ တရုတ်က သတိပေးခဲ့ပေမဲ့ ရှောင်လွှဲမရတဲ့ အခြေအနေတွေကို “ထိုင်ဝမ်” ကို ဥပမာပေး ရှင်းပြခဲ့ကြောင်းနဲ့ လက်ရှိ ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲ ဖြစ်တဲ့အကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား မိန့်ခွန်းမှာ အွန်လိုင်းကတဆင့်…

  • ဗဟိုဘဏ်က ငွေသားထုတ်ယူမှု ကန့်သတ်လိုက်သဖြင့် ပြည်သူများ အခက်ကြုံ

    ဗဟိုဘဏ်က ငွေသားထုတ်ယူမှု ကန့်သတ်လိုက်သဖြင့် ပြည်သူများ အခက်ကြုံ

    စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ငွေသားထုတ်ယူမှု ကန့်သတ်ချက်ကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေလိုသလောက် ထုတ်မရတဲ့အတွက် လုပ်ငန်းတွေမှာ အခက်အခဲနဲ့ ငွေသားရှားပါးမှုတွေ ကြုံနေရပြီး အချင်းချင်း ငွေသားဖလှယ်တဲ့စနစ်ကို သုံးနေရတယ်လို့ အရောင်းအဝယ်သမားတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဒေါ်လာ၊ ရွှေ အပါအဝင် စျေးကစားတဲ့ စျေးကွက်တွေအတွင်းကို ကျပ်ငွေတွေ ထုတ်ယူ ရင်းနှီးမြှုပ်နှံတာကို အားမပေးကြောင်း ပြောဆိုပြီး ငွေသားထုတ်ယူမှုတွေကို ထိန်းချုပ်နေတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ပြုလုပ်ခဲ့တဲ့ ကုန်သည်တွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားတခုမှာ ပြောဆိုအပြီး သက်ရောက်မှုတွေ စတင်လာပါတယ်။ အခုရက်သတ္တပတ်ထဲမှာတော့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားထုတ်ယူမှုတွေ ကန့်သတ်ခဲ့တဲ့အတွက် ငွေသားရှားပါးမှုတွေ ကြုံနေရတယ်လို့ အရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာတော့…

  • နမခတွင် ရှေ့တန်းပို့ခံရသည့် ဗိုလ်ကြီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

    နမခတွင် ရှေ့တန်းပို့ခံရသည့် ဗိုလ်ကြီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

    မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် စခန်းမှူးရုံးမှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီးတယောက် ဖေဖော်ဝါရီ ၇ ရက် ညက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ကာ အဆုံးစီရင်သွားတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ရှေ့တန်းမထွက်ချင်လို့ တိုင်းစစ်ဌာနချုပ် စခန်းမှူးရုံးမှာ တာဝန်ကျအောင် ငွေပေးပြီး နေရာဝယ်ခဲ့တဲ့ ဗိုလ်ကြီးရဲမျိုးသူကို စခန်းမှူးက ရှေ့တန်းစေလွှတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ကာ အဆုံးစီရင်ခဲ့တာလို့ စစ်ဘက်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။ “ရှေ့တန်းမထွက်ချင်လို့ နမခ စခန်းမှူးရုံးမှာ တာဝန်ကျအောင် နေရာကို ငွေပေးဝယ်ထားတာ။ စခန်းမှူးက ချင်းပြည်နယ်ဘက်ကို စစ်ဆင်ရေးတွဲလိုက်လို့ စိတ်ဓာတ်ကျပြီး သတ်သေသွားတာ။ သတ်သေမယ်ဆိုလည်း သေချင်စရာ၊ ချင်းဘက်ကိုသွားတဲ့ စစ်ကြောင်းတွေက သွားတဲ့အဖွဲ့မှန်သမျှ အရာရှိတွေ ပြန်ပါမလာတာ များတယ်။” ဗိုလ်ကြီးရဲမျိုးသူမှာ မူလက အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ တပ်ရေးဗိုလ်ကြီးဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလအတွင်းမှာ…

  • ရန်ကုန်တွင် လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီး ကျန်းမာရေးအားနည်းသူများအတွက် ထိခိုက် နိုင်ခြေရှိဟု သတိပေး

    ရန်ကုန်တွင် လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီး ကျန်းမာရေးအားနည်းသူများအတွက် ထိခိုက် နိုင်ခြေရှိဟု သတိပေး

    ရာသီဥတု ခြောက်သွေ့လာသည်နှင့်အမျှ ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီး၊ အဆိုပါအခြေအနေသည် ကိုယ်ခံအားနည်းသူများအတွက် ကျန်းမာရေးထိခိုက်နိုင်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။ ရန်ကုန် (ကမ္ဘာအေး) ရှိ လေအရည်အသွေး စောင့်ကြည့်တိုင်းတာရေးစခန်းမှတစ်ဆင့် လေထုအတွင်းရှိ အချင်း ၂.၅ မိုက်ခရိုမီတာနှင့် အောက်သေးငယ်သော အမှုန်အမွှားများ (PM 2.5) ကို တိုင်းတာရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လေထုညစ်ညမ်းမှု သိသိသာသာ ရှိနေခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ၏ လေထုအရည်အသွေး တိုင်းတာချက်များအရ လေထုအရည်အသွေး အသင့်အတင့် (အဝါရောင်အဆင့်) ရှိသည့်နေ့ရက် ၈ ရက်သာရှိပြီး ကျန်းမာရေးအားနည်းသူများနှင့် ခံနိုင်ရည်နည်းပါးသော အုပ်စုများအတွက် ကျန်းမာရေးထိခိုက်စေနိုင်သည့် (လိမ္မော်ရောင်အဆင့်) မှာ ၂၃ ရက်အထိ…