Author: Baby Yit Lone
-

Forbidden Land of Yin Mountain
Forbidden Land of Yin Mountain (2026) စိတ်ဝင်စားစရာကောင်းတဲ့ တရုတ်ရှေးဟောင်းသင်္ချာနဲ့ နက္ခတ်ဗေဒပညာတွေကိုအသုံးပြုပြီးဖြေရှင်းသွားတဲ့ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းရေး အက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်ပိုင်းမှာ ကျာဖန်ဆိုတဲ့လူငယ်လေးဟာ မိသားစုရဲ့ဇာစ်မြစ်ကိုမသိပဲ သာမန်သော့ပြင်ဆရာလေးတစ်ယောက်အဖြစ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းနေခဲ့ပါတယ်။ တနေ့မှာတော့ လူဆိုးကြီးတစ်ယောက်လှည့်ဖျားတာခံရပြီးတော့ ကြီးမားတဲ့ယင်းတောင်တားမြစ်နယ်ထဲကိုရောက်သွားပါတယ်။ လူဆိုးတွေရဲ့ခြိမ်းခြောက်မှုနဲ့ ရတနာတွေရဲ့သွေးဆောင်မှုတွေကြားမှာ ကျာဖန်တစ်ယောက် ဘယ်လိုရှင်သန်မလဲ? သူက သင်္ချိုင်းထဲကသေစေနိုင်တဲ့ထောင်ချောက်တွေကို မိရိုးဖလာပညာတွေနဲ့ဖြေရှင်းရင်းနဲ့မှ ဘိုးဘေးတွေကဒီသင်္ချိုင်းကိုဘာကြောင့်တည်ဆောက်ခဲ့ရသလဲဆိုတာ နားလည်လာခဲ့ပါတယ်။ ကျာဖန်ဟာဘာမှနားမလည်တဲ့ သာမန်လူငယ်လေးအဖြစ်ကနေ ကိုယ့်ရဲ့ဇာစ်မြစ်မျိုးရိုးပညာရပ်ကိုနားလည်သွားပြီးတော့ မကောင်းဆိုးဝါး လူဆိုးတွေကိုနှိမ်နင်းသွားမယ် သူရဲကောင်းလေးအဖြစ်ပြောင်းလဲလာတာပဲဖြစ်ပါတယ်။
-

Republican Era Horror Records
Republican Era Horror Records (2026) နိုင်ငံခြားကနေ ပြန်လာတဲ့ စုံထောက်ကျော်ကျီချန်ဟာ ရဲစခန်းကို နာမည်စာရင်းပေးဖို့ သွားတဲ့လမ်းမှာပဲ လူသေအလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ အလောင်းဟာ မျက်နှာဖျက်ဆီးခံထားရပြီး ဘယ်သူဘယ်ဝါမှန်းမသိရသလို အကြိမ်ကြိမ် နေရာရွှေ့ပြောင်းခံထားရတယ်ဆိုတာကို အသေးစိတ်ကအစ သတိထားမိတဲ့ ကျော်ကျီချန်တစ်ယောက် သတိထားမိခဲ့ပါတယ်။ ဒီအမှုကို စုံထောက်ကျန်းဟိန်၊ စုံထောက်ဝမ်ကျစ်ဝေတို့နဲ့အတူ စုံစမ်းစစ်ဆေးပြီးနောက် သေဆုံးသူက မာကွမ်ကျယ်ဆိုတာ သိခဲ့ရပါတယ်။ တရားခံကိုလည်း မာကွမ်ကျယ်ရဲ့ ဇနီး၊ အိမ်တော်ထိန်းနဲ့ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ချန်ဆုနဲ့ ဝမ်မန်တို့ကို သံသယရှိသူအဖြစ် သတ်မှတ်ခဲ့ပါတယ်။ မထင်ထားဘဲ ချန်ဆုတစ်ယောက် ဂယောင်ချောက်ချားဖြစ်ပြီး အဆိပ်ခတ်ခံရပြီး သေဆုံးသွားတဲ့အခါ တရားခံက ဘယ်သူဖြစ်မလဲ? အခု သေဆုံးသူတွေက လွန်ခဲ့တဲ့ နှစ် ၂၀ က အမှုနဲ့ ဘယ်လိုပတ်သက်နေကြမလဲ ဆိုတာကို…
-

Shambhala
Aadi Shambhala (2025) လျှို့ဝှက်ဆန်းကြယ်သော ရှမ်ဘာလာ ၁၉၈၀ ပြည့်လွန်နှစ်ကာလတွေမှာ ရှမ်ဘာလာ လို့ခေါ်တဲ့ အေးချမ်းလှတဲ့ ကျေးရွာလေးတစ်ခုအနီးကို ဥက္ကာခဲတစ်ခု ပြုတ်ကျခဲ့ရာကနေ ဇာတ်လမ်းစတင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရွာထဲမှာ ထူးဆန်းတဲ့ သေဆုံးမှုတွေနဲ့ စိတ်ခြောက်ခြားစရာ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပါတော့တယ်။ ရွာသားတွေကတော့ ဒါဟာ နတ်ဆိုးတွေရဲ့ လက်ချက်လို့ ယုံကြည်ပြီး ကြောက်လန့်နေကြပါတယ်။ ဒီအဖြစ်မှန်ကို စုံစမ်းဖို့အတွက် အစိုးရက သိပ္ပံပညာရှင် ဗစ်ကရမ် ကို စေလွှတ်လိုက်ပါတယ်။ ဗစ်ကရမ် ကတော့ နတ်တွေ သရဲတွေကို မယုံကြည်ဘဲ အရာရာကို သိပ္ပံနည်းကျ အဖြေရှာချင်သူပါ။ သူ ရွာကိုရောက်တဲ့အခါမှာတော့ ရွာရဲ့ ရှေးဟောင်းဒဏ္ဍာရီတွေ နတ်ဘုရားပုံပြင်တွေနဲ့ လက်တွေ့ဖြစ်ပျက်နေတဲ့ ကြောက်စရာကောင်းတဲ့ လူသတ်မှုတွေကြားထဲမှာ ပိတ်မိသွားပါတယ်။ သူရှာဖွေတွေ့ရှိမယ့် အဖြေက သိပ္ပံပညာလား…
-

Luck-Key
Luck-Key (2016) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အက်ရှင်ဟာသကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးထဲမှာတော့ Exhumaထဲမှ Yoo Hae-jin, The Escape of the Sevenထဲမှ Lee Joon, The Glory ထဲမှ Lim Ji-yeonနဲ့ Jo Yoon-heeတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဟျောင်းအု (Yoo Hae-jin)ဟာ ပိုက်ဆံချမ်းသာတဲ့ ကြေးစားလူသတ်သမားတစ်ဦးဖြစ်ပြီး အပ်လာတဲ့အလုပ်တိုင်းကို ၁၀၀%အောင်မြင်အောင်လုပ်နိုင်သူပါ။ ဂျယ်ဆောင်း (Lee Joon) ကတော့ အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေသူဖြစ်ပေမဲ့ အကြွေးပတ်လည်ဝိုင်းနေပြီး အိမ်ငှားခကိုတောင် မပေးနိုင်တဲ့အခြေအနေပါ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ မသေခင်မှာ နောက်ဆုံးအနေနဲ့ ကိုယ်လက်သန့်စင်ဖို့ အများသုံးရေချိုးခန်းကို ထွက်လာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဟျောင်းအုကလည်း…
-

The Ride
The Ride (2025) ဘယ်ရီနဲ့လီယိုတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်အခြေအနေချင်း၊လူချင်း ဝေးကွာနေကြတဲ့သားအဖတွေဖြစ်ပြီး အခုချိန်မှာတော့ ဇနီး/မိခင် ဖြစ်သူရဲ့နောက်ဆုံးဆန္ဒကြောင့် အတူတူခရီးထွက်ကြရဖို့ဖြစ်လာခဲ့ပါတယ်။ ဖခင်တာဝန်၊ ခင်ပွန်းသည်တာဝန်မကျေခဲ့တဲ့ ဘယ်ရီအပေါ် လီယိုက ခပ်စိမ်းစိမ်းရှိနေခဲ့သလို သူ့အဖေ ဘာတွေလုပ်နေခဲ့လဲဆိုတာတွေအပေါ်ကိုလည်း စိတ်မဝင်စား၊မသိပါဘူး။ တကယ်တမ်းတော့ အကြောင်းသိလာတဲ့အချိန်ကလည်း ဒီခရီးစဉ်မှာဖြစ်ပြီး ဂိုဏ်းဂဏ အာဏာလုပွဲတွေကြားမှာ ဇယားရှုပ်ထားတဲ့ ဖခင်ဖြစ်သူ ဘယ်ရီ လက်ချက်ကြောင့် သူတို့သားအဖရဲ့ခရီးစဉ်ဟာ သေပြေးရှင်ပြေး ခရီးဖြစ်လာပါတော့တယ်။