Author: Baby Yit Lone
-

ပျဉ်းမနား ပေါင်းလောင်းတကြောသတိထား ရမယ့် အရာ
ပျဥ်းမနား ပေါင်းလောင်းတကြောသတိထားရမယ့် အရာ အခုနက ငလျင်ဟာ M 2.2 ပါ။ ဒီလောက် Minor လေးကို ပျဥ်းမနားတကြောက အတော်သိသာခံစားမိကြတာကတော့ မြေအမျိုးအစားကြောင့် နဲ့ ငလျင်ကြီးဒဏ်ကြောင့်လို့ သုံးသပ်ရပါတယ်။ ဒီနေရာမှာ အသင့်တင့်ပြင်းတဲ့ Moderate အဆင့်များလာခဲ့ရင် ဒီလိုသိသာတုန်ခါခံစားရမူနဲ့သာဆိုအတော်လေး သတိထားရမယ့် သဘောပါပဲ။ နေပြည်တော်နဲ့ ပျဉ်းမနားတကြောဟာ စစ်တောင်း မြစ်ဝှမ်းနဲ့ နီးစပ်ပြီး နုန်းမြေ (Alluvial soil) အနည်ကျမှုများတဲ့အတွက် ငလျင်လှိုင်းတွေကို ပိုမိုပွားများစေကာ (Amplification)တုန်ခါမှုကို ပိုသိသာစေတာဖြစ်ပါတယ်။ ဒီနေရာဟာ စစ်ကိုင်းပြတ်ရွေ့ (Sagaing Fault) ရဲ့ အဓိကအက်ကြောင်းကြီးနဲ့ အနီးကပ်ဆုံးမှာရှိနေသလို ပေါင်းလောင်းပြတ်ရွေ့စုနဲ့လည်း ကပ်လျက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က (မန္တလေး-စဉ့်ကူး) မှာ လှုပ်ခဲ့တဲ့ M 5.8…
-

အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်
အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်နိုင်သည့် အပြင် သိန္နီနှင့်ကွတ်ခိုင်ဒေသများတွင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှ မရှိတော့ဘဲ လွတ်မြောက်လာခဲ့ပြီဟု ကြေညာ မြန်မာနိုင်ငံ၏ အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်နိုင်သည့် အပြင် သိန္နီနှင့်ကွတ်ခိုင်ဒေသများတွင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှမရှိတော့ဘဲ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း MNDAA က ထုတ်ပြန်ကြေညာသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ MNDAA ၏ နန်ထင်မိန် (Nantingmen) တောင်ကုန်းကို အောင်မြင်စွာ ချီတက်သိမ်းပိုက်နိုင်ခဲ့သည့် နေ့ထူးနေ့မြတ်တွင် MNDAA က အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၅…
-

နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်
နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄၀ ဦး သေဆုံး ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄၀ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၃၈၀၁ တပ်ရင်း ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ (YOMA GBK PDF) နှင့် သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် အစောပိုင်းတွင် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်…
-

Man Finds Tape
Man Finds Tape (2025) ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်များနဲ့ မြို့ငယ်လေးရဲ့လျှို့ဝှက်ချက် Found Footage Horror နဲ့ Mystery ကားကိုသဘောကျတဲ့သူမျိုးဆိုရင်တော့ ဒီနှစ်ကုန်ခါနီးမှထွက်ရှိထားတဲ့”Man Finds Tape”(2025)ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ ဇာတ်အိမ်လေးကတစ်မျိုးလေးမလို့ ပုံမှန်ဇာတ်အိမ်ကိုရိုးအီနေတဲ့သူတွေဆိုရင်တော့ ဒီကားလေးကိုကြည့်လိုက်ကြပါ။ ဇာတ်လမ်းအကျဉ်း လူးကပ်စ်ဟာ သူ့ရဲ့ YouTube Channel မှာ မေ့ပျောက်နေတဲ့အတိတ်က ဗီဒီယိုဖိုင်တစ်ခုကို တင်လိုက်ရာကနေသူ့ဘဝဟာ စတင်ပြောင်းလဲသွားပါတော့တယ်။ သူ့မိဘတွေအိမ်မှာရှာတွေ့ခဲ့တဲ့ ဒီလျှို့ဝှက်တိပ်ခွေထဲမှာ လူးကပ်စ် ငယ်ငယ်တုန်းကအိပ်ပျော်နေချိန် အခန်းထဲကို လူစိမ်းနှစ်ယောက်ဝင်လာပြီး တစ်ခုခုလုပ်သွားတဲ့မြင်ကွင်းပါဝင်နေပေမယ့် ဒီအဖြစ်အပျက်ကိုသူလုံးဝမမှတ်မိနေပါဘူး။ ဒီကိစ္စကို စုံစမ်းဖို့အတွက် မြို့ကနေ ခွဲခွာသွားတဲ့ သူ့အစ်မဖြစ်သူ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ လင်းန်ကပြန်ရောက်လာပြီး မောင်နှမနှစ်ယောက်သာ အဖြေရှာဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့ရှာဖွေလေလေ… သူတို့နေထိုင်ရာ တက္ကဆက်ပြည်နယ်ကမြို့ငယ်လေး Larkin မှာ ဖုံးကွယ်ထားတဲ့ကြောက်မက်ဖွယ်ရာလျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်လာရလေပါပဲ။ မြို့ခံတွေရဲ့…
-
မှန်ရာကို ထွက်ဆိုပါမည်
မီးဇာ စိတ်က အပြောင်းအလဲ မြန်လွန်းလှသည်။ ကိုစစ်အောင်နှင့် အိမ်နီးပါးချင်း ဖြစ်သော်လည်း မီးဇာ ခေါ်ချင်မှခေါ်သည်။ ပြောချင်မှလည်း ပြောသည်။ သို့သော် နောင်လတ် နှင့် ပတ်သက်လာသောအခါ ကိုစစ်အောင်ရဲ့ မိတ္တူကူးစက်ဆိုင်သို့ မကူးချင်ပဲလဲ ကူးလျက်၊ မသွားချင်ပဲလဲ သွားလျက် မီးဇာ အောက်ကျို့ခံလျက် အောက်စီးမှ ဆက်ဆံလာရသည်။ ထိုသို့ အောက်စီးမှ ဝင်ရသည်က အသဲအသက်မက ချစ်ရလွန်းသူ နောင်လတ်ကြောင့်ပဲ ဖြစ်သည်။ မီးဇာဟု ချစ်စနိုးခေါ်တတ်သော နောင်လတ်သည် ဇာနည်နွယ်ဟူသော မီးဇာရဲ့ နာမည်ရင်းကိုပင် ပျောက်အောင် မီးဇာကို လွှမ်းမိုးသူဖြစ်၏။ နောင်လတ်နှင့် (၁၀) တန်းမှာ ကတည်းက ချစ်ခဲ့ကြသည်။ နောင်လတ် မျက်နှာကို မြင်တိုင်း မီးဇာ ရင်ခံတတ်သည်။ နောင်လတ်၏ အကြည့်ပြာပြာဝေဝေလေးမှာ မီးခိုးမှိုင်းမိသော လိပ်ပြာလေးနှယ်…