Peter Hujar’s Day (2025)

ဘဝမှာ ဘာလုပ်လို့ ဘာကိုင်လို့ ဘာတွေ အလုပ်များနေမှန်း မသိပဲ တစ်နေ့တစ်နေ့ အဓိပ္ပါယ်မရှိ ကုန်ဆုံးသွားတယ်လို့ တွေးမိဖူးကြလား။
ဒါဆိုရင်တော့ လူနှစ်ယောက် အခန်းတစ်ခန်းမှာပဲ စကားပြောနေတာကိုပဲ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်ကြည့်ပါ။
ဒီဇာတ်ကားလေးကတော့ Ira Sachs က ရိုက်ကူးတင်ဆက်ထားတဲ့ အမေရိကန် မှတ်တမ်းရုပ်ရှင်အမျိုးအစားလေးပဲ ဖြစ်ပါတယ်။
ပီတာ ဟူဂျာ ဆိုတဲ့ ဓာတ်ပုံဆရာနဲ့ လင်ဒါဆိုတဲ့ စာရေးဆရာမတို့နှစ်ယောက်က ပီတာရဲ့ အခန်းထဲမှာပဲ ပီတာတစ်ယောက် တစ်နေ့တာ ဘာလုပ်ခဲ့လဲဆိုတာကို နှစ်ယောက်သား မေးရင်းဖြေရင်း ထွေရာလေးပါး ရောက်တတ်ရာရာ ပြောရင်း သူ့ဟာနဲ့သူတော့ အဓိပ္ပါယ်ရှိနေတဲ့ အခြေအနေလေးကို ဆွတ်ပျံ့ဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။


Leave a Reply