Author: Baby Yit Lone
-

အိုးမဲ့အိမ်မဲ့အမျိုးသားသည် ပထမဆုရရှိပြီး 18 သန်းရရှိ
အိုးမဲ့အိမ်မဲ့အမျိုးသားသည် ပထမဆုရရှိပြီး 18 သန်းရရှိကာ ပျော်ရွှင်နေမည့်အစား စိတ်ဆင်းရဲနေရရှာသည်။ အသက် ၆၈ နှစ်အရွယ် အိမ်ယာမဲ့ အမျိုးသားတစ်ဦးသည် ထီတွင် ဘတ်ငွေ ၁၈ သန်း ဆွတ်ခူးခဲ့သည်။ ထိုအခါ ဆွေမျိုးများက သူ့ကို ဂုဏ်ပြုကြိုဆိုကြပြီး ခေါ်ယူရန် ဝိုင်းအုံ၍ ကမ်းလှမ်းခဲ့ကြသည်။ ချင်းမိုင်ခရိုင် ဆန်ပါတုံခရိုင်ရှိ အသက် ၆၈ နှစ်အရွယ် အိမ်ယာမဲ့ ဦးလေးဂျယ်သည် အငှားအိမ်ဟောင်းတွင် တစ်လလျှင် ဘတ် ၁,၅၀၀ ဖြင့် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ကာ ဘတ် ၃၅၀ ဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ပထမဆု ထီလက်မှတ်ကို ထီလက်မှတ် ၃ စောင် စုစုပေါင်း ဘတ် ၆၄၁၂၅၂ ဖြင့် စုစုပေါင်း…
-

မယုံမရှိနဲ့ တကယ်ရှိတယ်
မာမာတင့်အသက်က ၁၉ နှစ်ထဲ ရောက်နေပြီ..။ ဆယ်တန်း နှစ်ခါကျပြီး ပြန်မဖြေတော့ပဲ အဒေါ်ဖြစ်သူ မစန်းဝင်းရဲ့ အထည်ဆိုင်မှာ ဝိုင်းလုပ်ဝိုင်းစား ကူ၍ ဈေးရောင်းပေးသည်..။ မိန်းကလေးတစ်ယောက်အတွက်တော့ အဝတ်အစားက အဓိကအခန်းမှာ ပါဝင်သည်..။ မာမာတင့်က အထည်ရောင်းတာဆိုတော့ သူမအတွက် အဝတ်အစားဒီဇိုင်းအသစ်ပေါ်ပြီဟေ့ဆိုရင် ခါးပေါ်ရောက်လာသည်..။ သားသမီးမရှိသော အဒေါ်ဖြစ်သူ မစန်းဝင်းကလည်း မာမာတင့်အား သမီးလေးတစ်ယောက်လို ဆင်မြန်းပေးသည်..။ အသားက ဖြူဖြူ ၊ ပါးလေးတွေက ဖောင်းဖောင်းအိအိ ၊ နှာတံလေးက စင်းစင်းလေး ၊ မျက်ခုံးကြီးတွေက မဲနက်ဖြောင့်စင်းနေသလို ထူထဲသော မျက်တောင်ကော့ကြီးတွေကလည်း မိန်းကလေးတိုင်းတွင် တွေ့ရခဲလှသည်..။ သန်တာရောင် နှုတ်ခမ်းလေးတွေမှာ အပေါ်နှုတ်ခမ်းလေးက ပါးသော်လည်း အောက်နှုတ်ခမ်းလေးက လုံးလုံးထူထူလေး..။ ထူးခြားတာက အပေါ်နှုတ်ခမ်းပါးလေးရဲ့ လက်ဝဲဘက်အပေါ်နားလေးတွင် မှဲ့နက်ကလေး တစ်လုံး ။…
-

မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်
မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်ပြီးနောက် ဌာနဆိုင်ရာတွေမှာ တပ်စွဲနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကို အပစ်ရပ်သဘောတူညီချက်နဲ့ စစ်အုပ်စုတပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ပြန်ပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စစ်အုပ်စုတပ်တွေ မြို့ပေါ်မှာဝင်ရောက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ အင်အားရာနဲ့ချီတဲ့ စစ်အုပ်စုတပ်တွေက မိုးမိတ်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ နေအိမ်တချို့မှာ ရောက်ရှိနေပြီး တပ်စွဲနေထိုင်နေထိုင်နေတယ်လို့ မိုးမိတ်ဒေသခံတစ်ဦးက ပြောပါတယ်။ “လ၀ကရုံးတို့ မြေစာရင်းရုံးတို့မှာ စစ်အုပ်စုတွေ ဝင်ရောက်နေတယ်လို့ သိထားပါတယ်။ အိမ်တွေကိုလည်း ဝင်ပြီးရှာဖွေမွှေနှောက်နေကြတယ်တဲ့။ ကျွန်တော်တို့လည်း သေချာမသိရဘူး။ အဲထဲမှာ ကျန်နေခဲ့သူတွေနဲ့ အဆက်အသွယ် သိပ်မရဘူးဖြစ်နေတယ်” လတ်တလောမှာတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာမရှိဘဲ စစ်အုပ်စုတပ်က စစ်ပြင်နေပြီး လေကြောင်းကနေလည်း ကင်းထောက်ဒရုန်းတွေအသုံးပြုပြီးစောင်ကြည့်နေတာကြောင့် မြို့ပေါ်မှာ လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ သူကဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလမှာ…
-

ဖုန်းအသစ်အားလုံးတွင် စောင့်ကြည့်နိုင်သည့် App များ ထည့်ရန် အိန္ဒိယ အမိန့်ထုတ်
ဖုန်းအသစ်တွေမှာ နိုင်ငံပိုင် ဆိုက်ဘာလုံခြုံရေး App တွေ ထည့်သွင်းဖို့ အိန္ဒိယနိုင်ငံက ဖုန်းကုမ္ပဏီတွေကို အမိန့်ပေးခဲ့ပါတယ်။ အဲဒါကြောင့် ဖုန်းအသုံးပြုသူတွေကြား စောင့်ကြည့်မှုနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၁ ရက်က ကြေညာခဲ့တာဖြစ်ကာ ဖုန်းထုတ်လုပ်သူတွေဟာ အစိုးရရဲ့ app တွေ ထည့်သွင်းဖို့ ရက် ၉၀ ကြာမှာ ဖြစ်ပါတယ်။ ဒီစနစ်ကို ပိတ်ပစ်တာမျိုး၊ ကန့်သတ်ထားတာမျိုး မလုပ်ရဘူးလို့လည်း ဖော်ပြထားပါတယ်။ ဒီလိုပြုလုပ်တာဟာ ဆက်သွယ်ရေးကို တလွဲအသုံးပြုတာမျိုးကို သတင်းပို့ဖို့နဲ့ နိုင်ငံသားတွေရဲ့ ဖုန်းစစ်၊ မစစ်ကို စစ်ဆေးနိုင်ဖို့ အကူအညီ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ဖုန်းအသုံးပြုသူ ၁ ဒသမ ၂ ဘီလီယံရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဖုန်းဈေးကွက်ရှိတဲ့…
-

မူးယစ်စက်လှေ တိုက်ခိုက်မှုအကြောင်းပြောရင်း ‘မြေပြင်မှာပါတိုက်ခိုက်မယ်’ ဟု ထရမ့်ပြော
ဗင်နီဇွဲလားမှ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိ စက်လှေများအား ပစ်မှတ်ထားသည့် စစ်ရေးစစ်ဆင်မှုများနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် “မြေပြင်ပေါ်မှာပါ တိုက်ခိုက်မှုများ စတင်လုပ်ဆောင်သွားမည်” ဟု ဆိုသည်။ “ကျွန်တော်တို့က ဒီ ပင်လယ်ပြင်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတယ်၊ မြေပြင်မှာပါ အဲဒီလို တိုက် ခိုက်မှုတွေ စပြီး လုပ် ဆောင်တော့မှာဖြစ်တယ်၊ သိတဲ့အတိုင်းပဲ၊ ကုန်းမြေစစ်ဆင်ရေးက ပိုလွယ်တယ်၊ အများကြီး ပိုလွယ်တယ်” ဟု ထရမ့် အင်္ဂါ နေ့တွင် ပြောသည်။ စက်တင်ဘာလအတွင်းက ဗင်နီဇွဲလားမှလာသော သံသယရှိ မူးယစ်စက်လှေတစီးအား အသက်ဆုံးရှုံးမှု များဖြစ်စေခဲ့သည့် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပင်တဂွန်က စေ့စေ့စပ်စပ် စစ်ဆေးမှုများနှင့် ရင်ဆိုင်နေ ရချိန် ထရမ့်၏ ယခု မှတ်ချက်စကား ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ အင်္ဂါနေ့က ထရမ့်၏ဝန်ကြီးအဖွဲ့…