Author: Baby Yit Lone

  • ပျူဘုန်းကြီး ပေါက်ကိုယ်တော် ထိုင်း အမျိုးသားရေး “နှုတ်ခမ်းမွှေး” ကို သွားတွေ့

    ပျူဘုန်းကြီး ပေါက်ကိုယ်တော် ထိုင်း အမျိုးသားရေး “နှုတ်ခမ်းမွှေး” ကို သွားတွေ့

    Tik Tok မှာ လူတစ်ဦးနဲ့ ရန်ဖြစ်ပြီးနောက် ပျူဘုန်းကြီး ထိုင်းအထိ ရောက်လာတာဖြစ် အာဏာသိမ်း စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ သင်္ကန်းဝတ် ပေါက်ကိုယ်တော် ခေါ် ဦးအရိယာဝံသ ဆိုသူဟာ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ KO Si ဆိုတဲ့ အကောင့်ပိုင်ရှင်နဲ့ Tik Tok မှာ စကားများ ရန်ဖြစ်ပြီးနောက် ထိုင်းနိုင်ငံအထိ ရောက်လာကာ KO Si ဆိုတဲ့ အကောင့်ပိုင်ရှင်ကို လိုက်လံရှာဖွေနေပါတယ်။ ပေါက်ကိုယ်တော်ဟာ စက်တင်ဘာ ၈ ရက် ညနေပိုင်းမှာ ထိုင်း မဘသတစ်ဦးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Toon Ratchapakdi ခေါ် နှုတ်ခမ်းမွှေး နဲ့ တွေ့ဆုံခဲ့ပြီး KO SI ဆိုတဲ့…

  • ဗန်းမော်တိုက်ပွဲ စစ်တပ်အထိနာ

    ဗန်းမော်တိုက်ပွဲ စစ်တပ်အထိနာ

    ပွိုင့်ဖိုက်အပါအဝင် လက်နက်ခဲယမ်းများ KIA ပူးပေါင်းတပ်သိမ်းရ ဖားကန့်တိုက်ပွဲတွင်လည်း စစ်တပ်ထိခိုက်သေဆုံးမှုများဟုဆို ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဗန်းမော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပွိုင့်ဖိုက် စက်သေနတ်ကြီးများအပါအဝင် လက်နက်နှင့် ကျည်ဆံများသိမ်းရသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ဒီနေ့ကဗန်းမော်သံချပ်ကာတပ်ရင်းနဲ့ ၂၃၆ အဲဒီဘက်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ အဲဒီမှာ စခတွေ ထိခိုက်ကျဆုံးမှုများတယ်။ ပြီးတော့လည်း စခ လက်နက်တွေ ပွိုင့်ဖိုက်သေနတ်တွေသိမ်းမိထားတာရှိတယ်။ ကျည်ဆံတွေရောအများကြီးပဲ”ဟု ကချင်သတင်းရင်းမြစ်က စက်တင်ဘာ ၈ ရက် ညပိုင်း၌ ပြောသည်။ စစ်ကောင်စီ၏ သံချပ်ကာတပ်ရင်းနှင့် ခလရ(၂၃၆)တပ်ရင်းကို ယခင်ကတည်း က KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားရာ ပြီးခဲ့သည့် ဩဂုတ်လတွင် စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။…

  • ရေလမ်းကနေသွားတဲ့ပြည်သူတွေကို စစ်တပ်က ဇက်ဆိပ်ကနေ ပေါ်တာဆွဲနေ

    ရေလမ်းကနေသွားတဲ့ပြည်သူတွေကို စစ်တပ်က ဇက်ဆိပ်ကနေ ပေါ်တာဆွဲနေ

    စစ်ကိုင်းတံတားရှောင်ပြီး ရေလမ်းကနေသွားတဲ့ပြည်သူတွေကို စစ်တပ်က ဇက်ဆိပ်ကနေ ပေါ်တာဆွဲနေ စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲမှုတွေကြောင့် ကုန်ကားတွေအပါအဝင် ခရီးသည်အများစုဟာ ဇက်ဆိပ်ကနေ ဖြတ်သန်းတာတွေများလာပြီးတဲ့နောက် စစ်တပ်က ဇက်ဆိပ်ကနေ စောင့်ပြီး ပေါ်တာဆွဲတာ နေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။ စစ်ကိုင်းတံတားနဲ့ မြို့တွင်းနေရာ တချို့မှာ ပေါ်တာဆွဲတာ တွေများလာတာမို့ အဲဒီတံတားကို ရှောင်ဖို့အတွက် ခရီးသည်တွေဟာ ဇက်ဆိပ်ကနေ ကုန်ကားတွေနဲ့ မန္တလေးရွှေကြပ်ယပ်ဇက်ဆိပ်ကနေတဆင့် ရေလမ်းအသုံးပြုတာ တွေပြုလုပ်လာတယ်လို့ သိရပါတယ်။ “ဒီရက်ပိုင်းထဲပဲ မန္တလေးကနေ စစ်ကိုင်းကိုကူးတဲ့ဇက်ဆိပ်မှာ စစ်ကိုင်းဘက်ခြမ်းကနေ စောင့်ပြီး အကုန်တန်းစွဲသွားတာ။ကားကြီးစပါယ်ယာ တွေအထိပါတယ်။ဘယ်လိုလုပ်စားရမှန်းကို မသိပါဘူးဗျာ။အကုန်စိတ် ညစ်နေတာ”လို့ ကုန်ကားသမားတဦး ကပြောပါတယ်။ ဒါ့အပြင် ကုန်ကားအသေးတွေကိုလည်း စစ်ကိုင်းမြို့ထဲမှာ ဆိုင်ကယ်တစီးထဲနဲ့ အမည်မသိလူ ‌‌‌တဦးကလိုက်တားပြီး ဗိုလ်မှူးဆိုသူကို ဖုန်းဆက်ကာ ငွေကြေးမပေးပါက စစ်မှုထမ်းရမယ်ဆိုတဲ့ ခြိမ်းခြောက်မှု မျိုးတွေလည်း…

  • ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က ၂၅ သိန်းဖြင့် ရောင်းစားပြီး မိသားစုက သိန်း ၅၀ ဖြင့် ပြန်ရွေးရ

    ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က ၂၅ သိန်းဖြင့် ရောင်းစားပြီး မိသားစုက သိန်း ၅၀ ဖြင့် ပြန်ရွေးရ

    ပဲခူးတိုင်း၊ ပဲခူးမြို့မှာ စက်တင်ဘာ ပထမအပတ်အတွင်း စစ်တပ်က လူငယ်တယောက်ကို ဖမ်းဆီးပြီး ဒိုက်ဦးမြို့နယ်အတွင်းက စစ်တပ်စခန်းတခုမှာ ‌ငွေကျပ် ၂၅ သိန်းနဲ့ ‌သွားရောက် ရောင်းစားခဲ့တာကြောင့် မိသားစုဝင်တွေက ငွေကျပ် သိန်း ၅၀ နဲ့ ပြန်လည်ရွေးယူခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးရောင်းစားခံရတဲ့ လူငယ်က အလင်းရောင်ရပ်ကွက်ကလို့ သိရပြီး ည ၁၁ နာရီဝန်းကျင် လိပ်ပြာကန်မှာ ထိုင်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်က လာရောက်ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရသူ လူငယ်နဲ့ နီးစပ်သူတယောက်က ‌ပြောပါတယ်။ “ကောင်လေးက ဈေးရောင်းတာ။ ညပိုင်း လိပ်ပြာကန်မှာ တယောက်တည်း သွားထိုင်နေတဲ့အချိန် ဖမ်းခံရတာ။ ကောင်လေးကလည်း အထဲ‌ရောက်မှ ဖုန်းခိုးဆက်လို့ သူ့မိသားစုက သိရတာ။ ဖမ်းသွားတဲ့ စစ်သား ၂ ယောက်က ဒိုက်ဦးဘက်က…

  • ရန်ကုန်တွင် မီးနီဖြတ်မောင်းလာသည့် YBS ယာဉ်က ယာဉ် ၅ စီးကို ထပ်မံဆင့်တိုက်

    ရန်ကုန်တွင် မီးနီဖြတ်မောင်းလာသည့် YBS ယာဉ်က ယာဉ် ၅ စီးကို ထပ်မံဆင့်တိုက်

    မီးနီကို အတင်းကျော်ဖြတ်မောင်းနှင်လာတဲ့ YBS 107 ဘတ်စ်ကားဟာ တဖက်ယာဉ်ကြောက မောင်းနှင်လာတဲ့ YBS ဘတ်စ်ကားတစီးနဲ့ တိုက်မိခဲ့ပြီး တခြားယာဉ် ၅ စီးကိုပါ ထပ်မံဆင့်တိုက်ခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ရန်ကုန်၊ သိမ်ကြီးဈေးရှေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ လှည်းကူး-ဆူးလေ ပြေးဆွဲနေတဲ့ YBS-107 ဟာ လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းမှာ မီးနီဖြတ်မောင်းစဉ် တဖက် မဟာဗန္ဓုလလမ်းအတိုင်း မောင်းနှင်လာတဲ့ YBS က အရှိန်နဲ့တိုက်မိပြီး လမ်းမှာရပ်ထားတဲ့ ယာဉ် ၅ စီးကိုပါ YBS – 107 က ထပ်ဆင့်တိုက်မိတာ ဖြစ်ပါတယ်။ YRTC က တာဝန်ရှိသူတယောက်က “လူထိခိုက်မှု မရှိခဲ့ဘူး။ အဲဒီယာဉ်မောင်းက ဖြစ်စဉ်နေရာကနေ ထွက်ပြေးသွားတယ်။ အခု အရေးယူဆောင်ရွက်ဖို့…