Author: Baby Yit Lone
-

“PDF လို့ပြောပြီး ဖမ်းခိုင်းမယ်” ဆိုတဲ့ စစ်တပ် တပ်ကြပ်ကြီးစိုးဝင်း
“PDF လို့ပြောပြီး ဖမ်းခိုင်းမယ်” ဆိုပြီး စစ်တပ် တပ်ကြပ်ကြီးစိုးဝင်းဆိုသူက ပြင်ဦးလွင်ရှိ ဖုန်းဆိုင်တခုထဲ ဝင်ရောက်ခြိမ်းခြောက်ကြိမ်းမောင်းနေတဲ့ ရုပ်သံဖိုင်တခု လတ်တလော ပျံ့နှံ့နေသလို လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာလည်း ဝေဖန်မှုတွေများပြားနေပါတယ်။
-

ဟိုပန်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခွင့် UWSA တားမြစ်
“ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်တာကို ကြုံတွေ့လာရင် တရားစီရင်ရေးဌာနသို့ တိုင်ကြားဖို့ UWSA က လူထုနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က ဟိုပန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုတွေကို UWSA ရဲ့ စစ်မှုထမ်းဆိုင်ရာဥပဒေ၊ ပြစ်မှုနဲ့ပတ်သက်ပြီး ချမှတ်အရေးယူနိုင်တဲ့ ပုဒ်မ၊ ဥပဒေဆိုင်ရာ အသိပညာ စတဲ့အကြောင်းအရာတွေကိုလည်း ရှင်းလင်းပေးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ “ဝ”လူငယ့်အသံက သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ သတင်းရင်းမြစ်တစ်ဦးက “စည်းရုံးတာမျိုးတော့ မရှိသေးဘူး။ ပေးမလုပ်ဘူးလို့ ကြားတယ်။ ကြိုတင် သတိပေးတဲ့အနေနဲ့ ပြောတာ။ တစ်ဆက်တည်းမှာပဲ ဟိုပန်ခရိုင်မှူးနေရာအတွက် ရာထူး…
-

မင်းအောင်လှိုင်တယောက် တိုင်းပြည်ကို တရုတ်လက်ထဲ ရောင်းစားလိုက်ပြီလား
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်ကြောင့် နိုင်ငံတကာဇာတ်ခုံမှာ သူ့ကို အားလုံးက မျက်နှာလွှဲကြပါတယ်။ ပစ်ပယ်ထားကြတယ်၊ ဒဏ်ခတ်ပိတ်ဆို့ တယ်၊ ကမ္ဘာမှာ အရေးကြီးတဲ့၊ ဒေသတွင်းမှာ အရေးကြီးတဲ့ အစည်းဝေးပွဲတိုင်းမှာ ဧည့်သည်စာရင်းကနေ ချန်လှပ်ခံရပါတယ်။ အခုချိန်အထိ လည်း အနည်းဆုံးတော့ လူစုံတဲ့အခါ ကလေးဝိုင်း အပို့ခံရပါတယ်။ ဒါပေမဲ့ အထီးကျန်နေတဲ့ ကလေးတိုင်းအတွက် သန်မာတဲ့ အစ်ကိုကြီးတယောက်လိုအပ်ပါတယ်။ မင်းအောင်လှိုင်အတွက်တော့ အဲ့ဒီမိတ်ဆွေက သန်လည်းသန်တယ်။ ပိုက်ဆံလည်းရှိတယ်၊ ကိုယ့်ဘေးမှာ ကပ်လျက်လည်း ရှိနေတဲ့ မိတ်ဆွေကြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံပါ။ အာဏာသိမ်းခါစတုန်းက တရုတ်ဟာ စစ်ကောင်စီကို ခပ်တန်းတန်းဆက်ဆံခဲ့ပေမဲ့ အခုတော့ နွေးနွေးထွေးထွေးနဲ့ စီးပွားရေးအရ ချည်နှောင်ထားတဲ့ ဖက်လဲတကင်း အခြေအနေအထိ ဖြစ်လာခဲ့ပါပြီ။ ဒီအတွက် အဓိကမေးခွန်းကတော့…
-

ပျောက်ဆုံး ၆ နှစ်ကလေးငယ်ကို ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၅ နှစ်ကျော်အရွယ် ကလေးငယ်တယောက်ကို အသတ်ခံထားရတဲ့ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ နောင်နန်းကျေးရွာ၊ နယ်မြေ ၂ မှာနေထိုင်တဲ့ မလဘူမေရီ နန်ဇင်ဟာ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီကျော်ကျော်လောက်မှာ ပျောက်ဆုံးသွားခဲ့ပြီး စက်တင်ဘာ ၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က နေအိမ်နဲ့ မလှမ်းမကမ်း ဝါးရုံရှိတဲ့ ချုံတောဘေးမှာ ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။ ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က “ရွာထဲက အဖွားတယောက်က ယင်ကောင်တွေဝဲပြီး အနံ့ထွက်နေတဲ့အတွက် သွားကြည့်လိုက်တော့ အင်္ကျီကို အရင်လှမ်းတွေ့တာ။ သေသေချာချာ သွားကြည့်လိုက်တော့မှ ပျောက်နေတဲ့ကလေးဖြစ်နေတာ။ ကလေးက ကျောင်းကအပြန်မှာ ပျောက်သွားတာ” လို့ ပြောပါတယ်။…
-

ဘုတလင်တွင် စစ်သားများပစ်ခတ်သဖြင့် မိခင်နာရေးလာ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စက်တင်ဘာ ၄ ရက်က စစ်သားတွေကပစ်ခတ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အမျိုးသမီး ၂ ယောက် သေဆုံးသွားပြီး ၁ နှစ်သားအရွယ် ကလေးငယ်အပါအဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေ ဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတယောက်က “ရှမ်းတဲကျေးရွာမှာ နာရေးလိုက်ပို့ပြီး ပြန်လာကြတဲ့ စစ်ဘေးရှောင်တွေကို စစ်သားတွေက ကားနဲ့လိုက်ပစ်လို့ သမီးယောင်းမ ၂ ယောက် ဆုံးသွားပါတယ်” လို့ ပြောပါတယ်။ သေဆုံးသွားကြသူတွေဟာ အသက် ၄၁ နှစ်အရွယ် မကြူမ နဲ့ အသက် ၃၀ ကျော်အရွယ် မအေးသီ တို့ဖြစ်ကြပြီး သူတို့မိသားစုဝင်တွေထဲက ကျည်ထိမှန်ပြီး လက်တဖက်ပြတ်သွားသူ အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ ယောက်ထက်မနည်း…