Author: Baby Yit Lone
-

ရဲ ၄ ယောက်အား ပစ်သတ်ထွက်ပြေးသည့် ရဲတပ်သားကို ဖမ်းမိချိန် စစ်တပ်က ပစ်သတ်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ ရဲမေ တယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတဲ့ ရဲတပ်သားတယောက်ကို စစ်တပ်က ဇန်နဝါရီ ၁၇ ရက် မနက်က ဖမ်းမိပြီး ပစ်သတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၁၆ ရက် မနက်က ကျောက်တံခါးမြို့မရဲစခန်းမှာ ရဲတပ်သား မင်းဉာဏ်ထက်အောင်နဲ့ ဇနီးဖြစ်သူတို့ စကားများ ရန်ဖြစ်ရာကနေ ရဲတပ်ကြပ်နဲ့ ရဲတပ်သား၂ ယောက်က ဝင်ရောက်ဖျန် ဖြေပေးရာမှာ ထပ်မံစကားများပြီး ဇနီးဖြစ်သူနဲ့ရဲ ၃ ယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “လင်မယားချင်း စကားများတာ သူ့မိန်းမကလည်း ရဲမေပဲ။ စကားများတဲ့အချိန် ရဲတပ်ကြပ် တယောက်ရယ်၊ ရဲတပ်သား ၂ ယောက်ရယ် လာဆွဲတာ၊ ဆွဲရင်း စကားထပ်များပြီး…
-

မယ်စဲ့အကျဥ်းထောင်က စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါး လက်နက်တွေယူ ထွက်ပြေးသွား
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အကျဥ်းထောင် ကနေ စစ်သုံ့ပန်း အကျဥ်းသား ၆၀ နီးပါးဟာ လက်နက်တွေယူပြီးထွက်ပြေးသွားတယ်လို့ သတင်းရပါတယ်။ မနေ့က(ဇန်နဝါရီ ၁၇ရက်)ညပိုင်းမှာ အကျဥ်းသားတွေက လက်နက်အချို့ပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။ “၅၉ ဦး မယ်စဲ့ IECထောင်ကနေ လွတ်သွားတာ။သေနတ်တွေလည်းပါသွားတယ်။ထောင်ဝန်းထမ်းတွေကို ကြိုးတုတ်ပြီးအချုပ်ထဲ ထည့်ခဲ့တာ”လို့ ကရင်နီဒေသခံတစ်ဦးက ဖြစ်စဥ်ကို ရှင်းပြပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC )ရဲ့တွဲဖက်အတွင်း ရေးမှူး ဦးဗညားက”ကျနော်တို့အသိပေးထုတ်ပြန်ပါ့မယ်။ထွက်ပြေးသွားတာတော့ မှန်တယ်”လို့ ပြောပါတယ်။ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေဟာ စစ်ကောင်စီတပ်သမား စစ်သုံ့ပန်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ အခြေအနေကြောင့် မော်ချီးဒေသနဲ့ မယ်စဲ့မြို့မှာနေတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့လည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူအချို့က တိုက်တွန်းထားပါတယ်။ ကရင်နီပြည်နယ်ကနေ ထိုင်းနိုင်ငံဘက် နယ်စပ်ထွက်ပေါက်ဖြစ်တဲ့ မယ်စဲ့မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။…
-

ရွှေနန်းတော်မှ ရေကြည်အိုင်သို့
ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း လုပ်ငန်းရှင်နိုင်ငံရေးသမား ဒေါက်တာသက်သက်ခိုင်ရဲ့နိုင်ငံရေးက ရိုလာကိုစတာစီးနေရသလို အတက်အကျ၊ အနိမ့်အမြင့် များလှပါတယ်။ နိုင်ငံသိအမျိုးသမီးလုပ်ငန်းရှင်အဖြစ်ကနေ ပြည်သူထောက်ခံမှုကြီးတဲ့ပါတီရဲ့အမတ်တစ်ဦးအဖြစ် ၂၀၁၅ ကာလတွေမှာ မျက်နှာသစ်နိုင်ငံရေးသမားရဲ့ အစခရီးက ချောချောမွေ့မွေ့ပါပဲ။ လွှတ်တော်သက်တမ်းတစ်ခုမကုန်ဆုံးခင်မှာပဲ NLD နဲ့လမ်းခွဲပြီး ပါတီသစ်တစ်ခု ထူထောင်လိုက်တာက သူ့ရဲ့ နိုင်ငံရေးခယောင်းလမ်းအစပျိုးကာလတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝန်ကြီးနေရာလက်ခံမှုအပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရပေမဲ့ ဒေါ်သက်သက်ခိုင်က သူ့လမ်းကို မယိမ်းမယိုင်ဆက်လျှောက်ခဲ့ပါတယ်။ ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တားမြစ်ခံရချိန်မှာတော့ ဒေါက်တာသက်သက်ခိုင် တစ်ယောက် နိုင်ငံရေးအပေါ် သူ့ရဲ့ဆုံးဖြတ်တွက်ချက်မှုတွေကို ပြန်လည် မေးခွန်းထုတ်ကောင်းထုတ်နေခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ သူ့အတွက် နိုင်ငံရေးလောကဓံက မပြီးသေးပါဘူး။ ရေကြည်အိုင်မှာ တစ်ညတာ ဒေါ်သက်သက်ခိုင်ကို စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၃ ရက်မှာ ခေါ်ယူစစ်ဆေးတဲ့အကြောင်းက နိုင်ငံရေးလောကမှာ စိတ်ဝင်စားစရာ…
-

မြင်းခြံပသစသတင်း
PDF လူငယ်လေး နှစ်ယောက်ကို အရှင်လတ်လတ် မီးမြှိုက် သ-က်ဖြတ် ခဲ့တဲ့ သီတာယုမွန်ကို လက်စားချေချင်သော အားဖြင့် ယခုဖမ်းမိထားတဲ့ အန်တီသီတာ့ ယောကျာ်းဖြစ်သူ စိန်လွင် ကို ရှင်းလိုက်မည်ဆိုပါက ကျပ် သိန်း ၅၀၀ ဆုချီးမြှင့်မည်ဟု ပြည်သူတစ်ဦးက ကြေညာလိုက်သည်။ အန်တီသီတာဘက်ကလည်း အဆိုပါ စိန်လွင်နှင့် ကွာရှင်းပြတ်ဆဲထားတာကြာပြီ ဖြစ်ကြောင်း ၊ စိန်လွင်က အန်တီသီတာ၏ ဒုတိယလင်ဖြစ်ကြောင်း၊ ပထမလင်နှင့်ကွဲကာ စိန်လွင်နှင့် ယူခဲ့ကြောင်း၊ ယူပြီးမှ စိန်လွင်ဟာ မိန်းမတအားရှုပ်တာ သိရကြောင်း၊ ထို့ကြောင့် ရှင်းလိုက်လျှင်လည်းဝမ်းသာမည်ဖြစ်ကြောင်း လူမှုကွန်ယက်မှတဆင့် ပြန်လည်ချေပထားသည်။ အလားတူ ထိုင်းရောက်နေတဲ့ ယခင် လင်ကြီးနဲ့ရထားတဲ့ သီတာယုမွန်သမီး အကြီးမ ယွန်းယုလွင်ဦးကို နေရာပြောင်းခိုင်းနေပြီး ထိုင်းရောက်မြန်မာပြည်သူများကလည်း အသည်းသန်လိုက်လံ ရှာဖွေနေကြကြောင်းသိရသည်။ အန်တီသီတာယုမွန်ရဲ့ အသက်တမျှချစ်ရသော…
-

နိုင်ငံရေးပေါကားမရိုက်ချင်လို့ စစ်တပ်မုန်းတီးရေးမပြောတာလို့ ဦးကိုကိုကြီးပြော
နိုင်ငံရေးမှာ စစ်တပ်မုန်းတီးရေးပြောရင် လူကြိုက်များနိုင်တာသိပေမဲ့ နိုင်ငံရေးပေါကား မရိုက်ချင်တာကြောင့် မပြောတာလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက်က ပါတီရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ မဲဆွယ်စည်းရုံးရေး ရုပ်သံမှာသူက အခုလို ပြောတာဖြစ်ပါတယ်။ မြန်မာဇာတ်ကားတွေကို ပရိသတ်ရေချိန်နဲ့ ကိုက်ပြီး ရိုက်ထူးထုတ်လုပ်တဲ့အခါ အရည်အသွေးအပိုင်းမှာ ဝေဖန်ခံရလေ့ရှိတာကို သူက အဲဒီရုပ်သံမှာ နှိုင်းယှဥ်ပြောရင်း အခုလို သုံးနှုန်းသွားတာဖြစ်ပါတယ်။ “စစ်တပ်မုန်းတီးရေးပြောရင် လူကြိုက်များတယ်။ ဒါပေမဲ့ ကျွန်တော်မပြောဘူး။ စစ်တပ်ချစ်တဲ့သူတွေက မချစ်ရကောင်းလားဆိုပြီး ကျွန်တော်ကို တိုက်ခိုက်တာရှိတယ်။ ခေတ်တစ်ခေတ်မှာ လူကောင်းရှိတယ်။ လူဆိုးရှိတယ်။ ဒါကို လက်တွေ့ကျကျဘယ်လိုပြုပြင် မလဲလို့ ပြောတဲ့အခါမှာ စစ်တပ်မုန်းတဲ့သူကလည်းမကြိုက်ဘူး။ ချစ်တဲ့သူကလည်းမကြိုက်ဘူး” လို့ ဦးကိုကိုကြီးက ပြောပါတယ်။ လက်ရှိစနစ်ရဲ့ အားနည်းချက်တွေကို ထောက်ပြပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ဖို့ နိုင်ငံရေးပေါကားမရိုက်ဘူးလို့…