Author: Baby Yit Lone
-

၃၅ နှစ်အထက်တွေပါ စစ်မှုထမ်းရတော့မယ်
မကွေးနဲ့ မင်းဘူးမြို့အဝင်အထွက်တွေမှာ စစ်မှုထမ်းပေါ်တာဆွဲနေပြီး ၃၅ နှစ်အထက်တွေပါ စစ်မှုထမ်းရတော့မယ်လို့ဆို မကွေးတိုင်း၊ မကွေးမြိုနဲ့မင်းဘူးမြို့နယ်တွေမှာ ခုရက်ထဲ စစ်ရှောင်တွေနဲ့စျေးဝယ်သူတွေကို လမ်းဆုံတွေနဲ့ မြို့အ၀င်တွေမှာ ပုံစံမျိုးစုံနဲ့စစ်ဆေးပြီး အမျိုးသားအများစုကို စစ်မှုထမ်းအဖြစ်ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းလောက်က မကွေးမြို့ မင်းဘူး-မကွေးလမ်းဆုံအနီးမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တချို့က အရပ်၀တ်တွေနဲ့ ဆိုင်ကယ်၊ ကားတွေကိုတားဆီးစစ်ဆေးပြီး ရွာဘက်ကလို့ယူဆရသူတွေကို အဓိကစစ်မှုထမ်းဖို့ဖမ်းဆီးတယ်လို့ သိရပါတယ်။ “ရွှေစက်တော်ဘက်ကလာတဲ့သူတွေ အဖမ်းခံရတာများတယ်၊ မင်းဘူး-မကွေးလမ်းဆုံနဲ့ မင်းဘူမြို့အဝင် ဆိုင်းဘုတ်အကျော်တွေမှာ ခုရက်အဖမ်းခံရတာများတယ်၊ ဒီဇင်ဘာလ ၁ ရက်နေ့လောက်ကစဖမ်းတာပါ၊ တစ်ရက်ကို မကွေးမြို့ပေါ်တင်ဆွဲတာ လူ ၃၀ လောက်ရှိတယ်” လို့ ရဲနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်မှုထမ်းဖမ်းဆီးတဲ့နေရာမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိမဟုတ်တော့ဘဲ ၃၅ နှစ်အထက်တွေကို…
-

Die My Love
Die My Love (2025) နာမည်ကြီးဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Robert Pattinson နဲ့ Jennifer Lawrence တို့ရဲ့ drama ရုပ်ရှင်အသစ်ပါ။ လူငယ်စာရေးဆရာမ ဂရေ့စ်က ခင်ပွန်းဖြစ်သူ ဂျက်ဆင်နဲ့ မွန်တားနားက အိမ်လေးကို မွေးကင်းစ ကလေးနဲ့ပြောင်းလာခဲ့ပြီးသူတို့ရဲ့ ဆက်ဆံရေးမှာ အဆင်မပြေမှုတွေ စိတ်ပိုင်းဆိုင်ရာမွန်းကြပ်မှုတွေနဲ့ မိသားစု ဟန်ချက်တွေ၊ အိမ်ထောင်ရေးဖိအားတွေကို ပြထားတဲ့ psychological tension ဆန်ဆန် စိတ်ပိုင်းဆိုင်ရာ ဒရမ်မာကားကောင်းတစ်ခုပါ။
-

The Carpenter’s Son
The Carpenter’s Son (2025) ဒီဇာတ်ကားလေးကတော့ နီကိုလတ် ကေ့ဂျ် ပါဝင်သရုပ်ဆောင်ထားပြီး အီဂျစ်ပြည်ရဲ့ ဝေးလံခေါင်ဖျားတဲ့ ရွာတစ်ရွာမှာ လက်သမားတစ်ယောက်ရဲ့ သားဖြစ်သူက သုစရိုက်နှင့် ဒုစရိုက်ကြားထဲက လွန်ဆွဲမှုတွေကနေတစ်ဆင့် ယေရှုဘုရားသခင်ရယ်လို့ ဖြစ်လာပုံကို ဖော်ကျူးပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဘာသာရေးသမိုင်းကြောင်းတွေကို စိတ်ဝင်စားပြီး တခုတ်တရ ကြည့်ချင်တဲ့သူတွေရှိရင် ဒီဇာတ်ကားလေးကို ကြည့်ရှုနိုင်ပါတယ်။
-

Grassland
Grassland (2025) နယူးဂျာစီမှာနေထိုင်နေတဲ့ လက်တင်သူ ဆိုဖီယာဟာ တရားမဝင် ဆေးခြောက်ရောင်းဝယ်ရေးပြုလုပ်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဘဝကိုရုန်းကန်နေတဲ့သူတစ်ဦး ဖြစ်ပေမယ့် ကိုးနှစ်အရွယ်သားဖြစ်သူကို အရမ်းချစ်သူပါ။ မကြာခင်မှာပဲ သူတို့ရဲ့အိမ်အနီးနားသို့ ရဲမြေးအဖိုးနှစ်ယောက် အိမ်ပြောင်းလာပါတော့တယ်။ အမေရိကန်နိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး ဖမ်းဆီးခံရမှုတွေဆက်တိုက်ဖြစ်နေတဲ့ကာလမှာ ဆိုဖီယာတစ်ယောက် ထိုမြေးအဖိုးနဲ့ အရောမဝင်ဘဲ သိုသိုသိပ်သိပ်ကြိတ်လုပ်ရပါတော့တယ်။ သို့ပေမယ့် သားဖြစ်သူနဲ့ ထိုရဲ၏မြေးတို့မှာ အရွယ်တူဖြစ်သောကြောင့် ကလေးသဘာဝ ခင်မင်ရင်းနှီးကာ ကလေးဖက်တွေဖြစ်လာတဲ့အတွက် ဆိုဖီယာအနေနဲ့ သတိကြီးကြီးထားပြီး အဖိုးဖြစ်သူရဲနှင့် ဆက်ဆံရပါတော့တယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး နာကျည်းစိတ်ရှိနေပြီး ပင်စင်ထိုင်ကာနီးအချိန်မှာ လုပ်နိုင်စွမ်းရည်ကို ပြချင်သေးသည့် ရဲဖြစ်သူ ဒက်ဖီနဲ့ တစ်ခုလပ်ဘဝနဲ့ ဘဝကိုရုန်းကန်နေထိုင်နေတဲ့ ဆိုဖီယာတို့ကြား ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ။ ဒီဇာတ်ကားဟာ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုစနစ်နဲ့ ဆေးခြောက်ကြောင့် ဖမ်းဆီးထောင်ချခံရမှုနှုန်းကို အဓိကပုံဖော်ရိုက်ကူးထားတဲ့ ဒရာမာကားဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်တွင် စီးပွားရေးကျဆင်းမှုနဲ့…
-

Christy
Christy (2025) ဒီရုပ်ရှင်ကတော့ နာမည်ကြီး မင်းသမီး Sydney Sweeney အဓိကပါဝင်ထားပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ကမှ ရုံတင်ထားတဲ့ အတ္ထုပ္ပတ္တိ အားကစား ဒရာမာ (Biographical Sports Drama) ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းက ခရစ်စတီ မာတင် (Christy Martin) လို့ခေါ်တဲ့ တကယ့်လက်တွေ့ဘဝက ဂန္ထဝင် အမျိုးသမီးလက်ဝှေ့ကျော်ကြီးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက ၁၉၈၉ ခုနှစ် ဝန်းကျင်၊ အနောက်ဗာဂျီးနီးယားပြည်နယ်ကနေ စတင်ပါတယ်။ ခရစ်စတီဟာ ငယ်ငယ်ကတည်းက အားကစားဝါသနာပါပြီး မထင်မှတ်ဘဲ “Toughman” လို့ခေါ်တဲ့ ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ရာကနေ သူ့ရဲ့လက်ဝှေ့ပါရမီကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ သူဟာ ဂျင်မ် မာတင် (Jim…