မကွေးနဲ့ မင်းဘူးမြို့အဝင်အထွက်တွေမှာ စစ်မှုထမ်းပေါ်တာဆွဲနေပြီး ၃၅ နှစ်အထက်တွေပါ စစ်မှုထမ်းရတော့မယ်လို့ဆို


မကွေးတိုင်း၊ မကွေးမြိုနဲ့မင်းဘူးမြို့နယ်တွေမှာ ခုရက်ထဲ စစ်ရှောင်တွေနဲ့စျေးဝယ်သူတွေကို လမ်းဆုံတွေနဲ့ မြို့အ၀င်တွေမှာ ပုံစံမျိုးစုံနဲ့စစ်ဆေးပြီး အမျိုးသားအများစုကို စစ်မှုထမ်းအဖြစ်ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းလောက်က မကွေးမြို့ မင်းဘူး-မကွေးလမ်းဆုံအနီးမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တချို့က အရပ်၀တ်တွေနဲ့ ဆိုင်ကယ်၊ ကားတွေကိုတားဆီးစစ်ဆေးပြီး ရွာဘက်ကလို့ယူဆရသူတွေကို အဓိကစစ်မှုထမ်းဖို့ဖမ်းဆီးတယ်လို့ သိရပါတယ်။

“ရွှေစက်တော်ဘက်ကလာတဲ့သူတွေ အဖမ်းခံရတာများတယ်၊ မင်းဘူး-မကွေးလမ်းဆုံနဲ့ မင်းဘူမြို့အဝင် ဆိုင်းဘုတ်အကျော်တွေမှာ ခုရက်အဖမ်းခံရတာများတယ်၊ ဒီဇင်ဘာလ ၁ ရက်နေ့လောက်ကစဖမ်းတာပါ၊ တစ်ရက်ကို မကွေးမြို့ပေါ်တင်ဆွဲတာ လူ ၃၀ လောက်ရှိတယ်” လို့ ရဲနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းဖမ်းဆီးတဲ့နေရာမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိမဟုတ်တော့ဘဲ ၃၅ နှစ်အထက်တွေကို ဖမ်းဆီးခွင့်ပေးထားတယ်လို့သိရကာ ကိုယ်လက်အင်္ဂါသန်စွမ်းသူ ကျန်းမာသူဖြစ်ပါက စစ်မှုထမ်းထဲထည့်ဖို့ပါမှာထားတယ်လို့ သိရပါတယ်။

“ယောက်ျားမှန်သမျှ စစ်မှုထမ်းထဲလိုက်ရတော့မယ်ထင်တယ်၊ ပြီးခဲ့တဲ့အသုတ်ကစပြီး ၃၅ နှစ်အထက်တွေပါသွားတယ်၊ ကျန်းမာရေးကောင်းရင် လိုက်ရမယ်ဆိုပြီး ကန့်သတ်ထားလိုက်ကြတယ်ပြောတယ်” လို့ မကွေးဒေသခံတစ်ဦးက မြို့တော်ကိုပြောပါတယ်။

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ ၂၈ မှာ လုပ်မှာဖြစ်တာကြောင့် ခုလို ကြိုတင်လူစုဆောင်းနေတာ ဖြစ်နိုင်တယ်လို့သိရပြီး စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲမှာ လုံခြုံရေးစိုးရိမ်ရလို့ ခုကာလမှာ ကြိုတင်လူစုဆောင်းတာဖြစ်နိုင်တယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *