Author: Baby Yit Lone

  • ကျောက်တော် ကိုယ်ပိုင်အထက်တန်းကျောင်းဗုံးကြဲခံရမှု ကျောင်းသားတစ်ဦး ထပ်မံသေဆုံး၍ သေဆုံးသူ ၂၃ ဦးအထိရှိလာ

    ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာမှ ပညာပန်းခင်းနှင့် အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းများကို အကြမ်းဖက်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသားတစ်ဦး ထပ်မံသေဆုံးကြောင်း သတင်းရရှိသည်။ ဒဏ်ရာပြင်းထန်မှုကြောင့် ထပ်မံသေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊ တရက်တပင်ကျေးရွာမှ Grade – 11 ကျောင်းသား မောင်အောင်ငြိမ်းဖြိုး(၁၇ နှစ်)ဖြစ်သည်။ သူသည် ဆေးကုသမှုခံယူနေစဉ် ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ ညဉ့် ၁၂ နာရီခွဲခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။ မောင်အောင်ငြိမ်းဖြိုးသည် ဗုံးကြဲခံရမှုအတွင်း ဝမ်းဗိုက်နှင့် ဦးခေါင်းဒဏ်ရာအပြင်းအထန်ရရှိခဲ့သူဖြစ်ကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။ “သူ့အပြင် တခြား ဒဏ်ရာပြင်းတဲ့ ကလေးတွေလည်း စိုးရိမ်ရတဲ့အခြေအနေတွေရှိနေပါသေးတယ်။ အခုလိုတွေမြင်ရတော့ တကယ်ကို စိတ်ထိခိုက်တယ်”ဟု ပြောသည်။ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများအား အကြမ်းဖက်လေတပ်က စက်တင်ဘာလ…

  • ရန်ကုန်နှင့်မန္တလေးတွင် လူငယ်များ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ရန်ကုန်နှင့်မန္တလေးတွင် လူငယ်များ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ မန္တလေးမြို့၊ ဂေါဝိန်ရပ်ကွက်၊ ဧရာထွန်းဈေးသို့ လာရောက် ကုန်စည်ဖြန့်ဖြူးနေသည့် Vivo စားသောက်ကုန်ကုမ္ပဏီမှ အသက် ၂၉ နှစ်အရွယ် မောင်ကျော်မျိုးသူမှာ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။ စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီခန့်အချိန် မန္တလေးမြို့၊ ကျွဲဆည်ကန်ရပ်ကွက် ၁ လမ်းရှိ Vivo စားသောက်ကုန် ကုမ္မဏီတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၉ နှစ်အရွယ် မောင်ကျော်မျိုးသူ သည် ဂေါ်ဝိန်ရပ်ကွက်၊ ဧရာထွန်းဈေးသို့ ကုမ္ပဏီက ခိုင်းစေသည့် အလုပ်ကို သွားရောက်လုပ်ကိုင်နေစဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရကာ ပျောက်ဆုံးသွားကာ ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။ “ဘာအဆက်အသွယ်မှလည်း…

  • ချောက်မြို့ကနေ ရန်ကုန်သွားတဲ့ လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သား စန်းဝင်းနိုင် (ရုပ်သံ)

    ချောက်မြို့ကနေ ရန်ကုန်သွားတဲ့ လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သား စန်းဝင်းနိုင် (ရုပ်သံ)

    စစ်ကော်မရှင်တပ်ရဲ့ တပ်သား စန်းဝင်းနိုင်ဟာ ချောက်မြို့ကနေ ရန်ကုန်သို့ သွားရောက်စဉ် ချောက်ဂိတ်မှာ အဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ပေါ်တာဆွဲခံရပြီးနောက် ရှမ်းပြည်နယ်မှာ စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်ကနေတစ်ဆင့် ဒီမော့ဆိုမြို့သို့ ပို့ဆောင်ခံရစဉ် တော်လှန်ရေးတပ်တွေဘက်ကို လက်နက်နဲ့အတူ အလင်းဝင်ခဲ့သူဖြစ်ပါတယ်။ ”စစ်တပ်ထဲမှာ ဗိုလ်ချုပ်ကြီးတွေကအစ တော်တော်လေးကို စိတ်ဓာတ်အောက်တန်းကျတယ်။ အဲဒါတော့ ကိုယ်တွေ့ပါ”လို့ စန်းဝင်းနိုင်က ဆိုပါတယ်။ စစ်သင်တန်းတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ဘယ်လိုအကြောင်းမျိုးမျိုးနဲ့ဖြစ်ဖြစ် စစ်ကော်မရှင်လက်အောက်ခံမှာ မနေကြဘဲ ပြည်သူဘက်ကို ဘက်ပြောင်းခိုလှုံ့ကြဖို့ သူက တိုက်တွန်းထားပါတယ်။ Video-KNDF

  • ဂူဂျွန်ဖြိုး၊ လီမင်ဟို၊ ပီးမက်တို့နဲ့ တူတယ်လို့ ဇွတ်ကြော်ငြာနေပေမယ့် ဖြူဖြူထွေးအမေနဲသာ တူနေရတဲ့ သူရိန်မင်းခန့်

    ဂူဂျွန်ဖြိုး၊ လီမင်ဟို၊ ပီးမက်တို့နဲ့ တူတယ်လို့ ဇွတ်ကြော်ငြာနေပေမယ့် ဖြူဖြူထွေးအမေနဲသာ တူနေရတဲ့ သူရိန်မင်းခန့်

    သူရိန်မင်းခန့်ကတော့ ရွှေကြိုတွေထဲမှာဆိုရင် အပေါက်ဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်နေတာပါ။ ဇာတ်ကားတွေရိုက်ကာ ပေါက်တာမျိုးမဟုတ်ပဲ အင်တာဗျူးတွေဖြေရင်း တစ်ဟုန်ထိုးပေါက်ကာ အောင်မြင်နေတာပါ။ သူရိန်မင်းခန့်က အင်တာဗျူးတွေမှာ ငိုလိုက်ရယ်လိုက်နဲ့ နာမည်ကြီးလာခဲ့သူဆိုလည်း မမှားပါဘူး။ ဒါ့အပြင် လတ်တလောမှာဆိုလည်း သူ့ကိုယ်သူ နိုင်ငံခြားက အနုပညာရှင်တွေနဲ့ချွတ်စွပ်တူတဲ့သူကြီးဆိုပြီး ထုတ်ပြောနေခဲ့တာပါ။ ကလုန်းအဖြစ် ရပ်တည်တဲ့နေရာမှာ လူအများက တစ်ယောက်သာ ဆင်တူပေမယ့် သူရိန်မင်းခန့်ကတော့ တစ်ယောက်မက ဆင်တူတဲ့ရုပ်ရည်ကို ပိုင်ဆိုင်နေတာပါ။ ရွှေကြိုအနေနဲ့ လူသိများလာတုန်းကတော့ သူရိန်မင်းခန့်က သူ့ကိုယ်သူ ဂူဂျွန်ဖြိုးစစ်စစ်လို့ ဆိုထားတာပါ။ ဂူဂျွန်ဖြိုးလို ဆံပင်ကေကို ထားထားတာမို့ ဂူဂျွန်ဖြိုးလို့ ပြောတဲ့အတွက် အားလုံးကလည်း ဟားတိုက်ချင်စရာဖြစ်ခဲ့ပါတယ်။ ဂူဂျွန်ဖြိုးနဲ့တူပြီးတဲ့အချိန်မှာ ပျင်းလာတဲ့အတွက် ခုဆိုရင် သူရိန်မင်းခန့်က သူကိုယ်သူ ပီးမက်နဲ့တူလာတယ်လို့ လုပ်လာခဲ့ပြန်တာပါ။ ပီးမက်က နာမည်ကြီး ထိုင်းမင်းသားတစ်ယောက်ဖြစ်တာ အားလုံးလည်းအသိပါပဲ။ နာမည်ကြီး ထိုင်းမင်းသား…

  • ဗုံးကြဲခံရမှုကြောင့် စာအံသံများ ဆိတ်သုဉ်းသွားခဲ့ရတဲ့ ကျောက်တော်က ကိုယ်ပိုင်ကျောင်း(ရုပ်သံ)

    ဗုံးကြဲခံရမှုကြောင့် စာအံသံများ ဆိတ်သုဉ်းသွားခဲ့ရတဲ့ ကျောက်တော်က ကိုယ်ပိုင်ကျောင်း(ရုပ်သံ)

    အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲခံရမှုကြောင့် စာအံသံများ ဆိတ်သုဉ်းသွားခဲ့ရတဲ့ ကျောက်တော်က ကိုယ်ပိုင်ကျောင်း(ရုပ်သံ) ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို အကြမ်းဖက် မြန်မာလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ သေဆုံးသူ ကျောင်းသူ၊ ကျောင်းသား ၂၂ ယောက်အထိရှိလာပြီလို့ သိရပါတယ်။ စုံစမ်းချက်အရ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ် ၂ နာရီအချိန်စာရင်းအရ သရက်တပင်ကျေးရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသား ၁၉ ယောက်နဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသားသုံးယောက်၊ စုစုပေါင်း ၂၂ ယောက်တို့ဖြစ်ကြပါတယ်။ သေဆုံးသွားတဲ့ ကျောင်းသူကျောင်းသားတွေမှာ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်နဲ့ မောင်တောမြို့တို့က ဖြစ်ကြပါတယ်။ ဗုံးကြဲမှုဖြစ်စဉ်အတွင်း ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် အနီးအနားက နေအိမ်တွေက အရပ်သားတွေ အယောက်၂ဝ ကျော်…