စစ်ကော်မရှင်တပ်ရဲ့ တပ်သား စန်းဝင်းနိုင်ဟာ ချောက်မြို့ကနေ ရန်ကုန်သို့ သွားရောက်စဉ် ချောက်ဂိတ်မှာ အဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ပေါ်တာဆွဲခံရပြီးနောက် ရှမ်းပြည်နယ်မှာ စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်ကနေတစ်ဆင့် ဒီမော့ဆိုမြို့သို့ ပို့ဆောင်ခံရစဉ် တော်လှန်ရေးတပ်တွေဘက်ကို လက်နက်နဲ့အတူ အလင်းဝင်ခဲ့သူဖြစ်ပါတယ်။

”စစ်တပ်ထဲမှာ ဗိုလ်ချုပ်ကြီးတွေကအစ တော်တော်လေးကို စိတ်ဓာတ်အောက်တန်းကျတယ်။ အဲဒါတော့ ကိုယ်တွေ့ပါ”လို့ စန်းဝင်းနိုင်က ဆိုပါတယ်။

စစ်သင်တန်းတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ဘယ်လိုအကြောင်းမျိုးမျိုးနဲ့ဖြစ်ဖြစ် စစ်ကော်မရှင်လက်အောက်ခံမှာ မနေကြဘဲ ပြည်သူဘက်ကို ဘက်ပြောင်းခိုလှုံ့ကြဖို့ သူက တိုက်တွန်းထားပါတယ်။

Video-KNDF

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *