Author: Baby Yit Lone
-
ထိုင်း-မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီးသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီး ဝင်ရောက်လာ သော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၁ ရက်နေ့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် (တနင်္သာရီ) ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီးဝန်းကျင်သို့ ဝင်ရောက်လာသော အာဏာသိမ်း အကြမ်း ဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း ထိ ခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်သားများထံမှ MA1 အမျိုးအစားသေနတ် ၂ လက်၊ MA3…
-

သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို စစ်ကောင်စီဗုံးကြဲ
ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီ ၄၀ မိနစ်မှာ ညောင်ပင်သာရွာထဲကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ “သေဆုံးတာက လူကြီး ၄ ယောက်၊ ကလေးတစ်ယောက်သေတယ်။ အဲထဲမှာ အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၁ ယောက်၊ ကလေးတစ်ယောက်သေတယ်။ ကျန်တာတော့ သေသေချာချာ မသိရသေးဘူး။ ညောပင်သာရွာကတော့ ရှေ့တန်းစစ်မြေပြင်နဲ့ အရမ်းနီးတဲ့ရွာပေါ့” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီနေ့…
-

ပြည်ပရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုတဲ့ ပြည်သူတွေကို မြောက်ကိုရီးယားက ကွက်မျက်ဟု ကုလ အစီရင်ခံစာ ဖော်ပြ
ပြည်ပရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုတဲ့ ပြည်သူတွေကို မြောက်ကိုရီးယားက ကွက်မျက်ဟု ကုလ အစီရင်ခံစာ ဖော်ပြ မြောက်ကိုရီးယားအစိုးရဟာ ပြည်ပရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုပြီး မျှဝေတာ ကြောင့် ဖမ်းဆီးမိတဲ့သူတွေအတွက် သေဒဏ်အမိန့် ဖော်ဆောင်တာ ပိုလုပ်လာတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ခုက ဖော်ပြပါတယ်။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတဲ့ မြောက်ကိုရီးယား အာဏာရှင်တွေဟာ ပြည် သူတွေကို အဓမ္မ ခိုင်းစေမှုတွေ ပြုလုပ်ကာ လွတ်လပ်ခွင့်တွေကို ကန့်သတ်လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ပြီးခဲ့သောဆယ်စုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံသားတွေအပေါ် ထိန်းချုပ်မှုတွေ တင်းကျပ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။ “မျက်မှောက်ကမ္ဘာမှာ ဘယ်အခြားပြည်သူတွေကမှ အခုလိုမျိုး ကန့်သတ်ချက်တွေ တင်းကျပ်ခံ ရတာမရှိပါဘူး။ ပြည်သူတွေအပေါ် စောင့်ကြည့်မှုတွေ ပိုမို ပြုလုပ်ခဲ့ပါတယ်” လို့ အစီရင်ခံစာက…
-

ဒုတိယဝန်ကြီးချုပ် ၂ ဦးအပါအဝင် စစ်ဗိုလ်ချုပ်ကြီးများ ကြံ့ခိုင်ရေးပါတီသို့ ပြောင်းကာ အစိုးရဖွဲ့ရန် ကြံစည်
စစ်ခေါင်းဆောင် တရားမဝင်ကျင်းပမည့် ရွေးကောက် ပွဲသို့ဝင်ပြီး အစိုးရဖွဲ့နိုင်ရေးအတွက် စစ်ကော်မရှင် အရာရှိကြီးများ ကြိုးပမ်းနေကြကြောင်း သိရသည်။ အဆိုပါ စစ်အရာရှိကြီးများထဲတွင် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦး အပါအဝင် စစ်တပ်မှ အငြိမ်း စားယူပြီး ကြံ့ခိုင်ရေးပါတီ(USDP)သို့ဝင်ကာ ရွေးကောက် ပွဲဝင်ပြိုင်မည့် စစ်အရာရှိကြီးများစာရင်း ထွက်ပေါ်လာကြောင်း သိရသည်။ စစ်ကော်မရှင်တပ်မှ အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၃) ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ဒုတိယဗိုလ်ချုပ်ကြီး…
-

ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေ မိန်းမဖြစ်သူကပါ ခုန်ချသတ်သေ
ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေ မိန်းမဖြစ်သူကပါ ခုန်ချသတ်သေမှု ဖြစ်ပွား ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်က လင်ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေပဲ မိန်းမဖြစ်သူကလည်း ဒီနေ့စက်တင်ဘာ ၁၃ ရက်နေ့မှာ ငမိုးရိပ်ချောင်းထဲကိုခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ငမိုးရိပ်တံတားပေါ်မှာ ဖိနပ်တရံနဲ့ဖုန်းတလုံးကို ချန်ရစ်ကာ တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “မနက် ၁၁ လောက်က ဖြစ်တာ။ ကျွန်မတို့သွားကြည့်တော့ ပရဟိတ ဖွဲ့တွေရောက်နေပြီ။ ချောင်းထဲ စက်လှေတွေတော့ ရောက်နေပြီ။ ရေစီးကတော့ သန်တယ်။ အသက်ရှင်ဖို့ထက် Dead Body တွေ့ဖို့ မနည်းရှာရမယ်ထင်တယ်။ အရင်သူ့အမျိုးသားလည်း အဲ့ဒီနေရာကနေပဲ ခုန်ချသွားတာလို့ ပြောတယ်။ သနားဖို့ကောင်းပါတယ် ” လို့ ဖြစ်စဉ်ကိုသိသူအမျိုးသမီးတဥိီးက…