Author: Baby Yit Lone

  • စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ဦးကိုကိုကြီး တောင်းဆိုပြန်

    စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ဦးကိုကိုကြီး တောင်းဆိုပြန်

    အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဖြစ်ပေါ်စေရန် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက စက်တင်ဘာလ ၁၃ ရက်နေ့တွင် စာရေးသားပေးပို့ တောင်းဆိုသည်။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဖြစ်ပေါ်စေရန် ပြသလိုသဖြင့် စစ်တပ်၏ ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံသို့ ဦးကိုကိုကြီးက စာရေးသား ပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ပါတီက အကြမ်းမဖက် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာစေ ရန် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းရန် ရက် ကို ရွေးကောက်ပွဲ မတိုင်မီရက် ၉ဝ ဖြစ်သော စက်တင်ဘာလ ၂၇ ရက်သို့ အချိန်တိုးပေးရန်၊ ဝင်ရောက်ယှဉ်…

  • ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံး

    ပုသိမ်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံး ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပုသိမ်မြို့၊ ကမ်းနားလမ်း သင်္ဘောဆိပ်တွင် မြို့ပေါ်သို့ လာရောက်သည့် ကရင်လေးဆိုသော လူငယ် ၁ ဦးသည် ဆိုင်ကယ် တက္ကစီမောင်းသူ ကတုံး အပါအဝင် လူ ၅ ဦးက ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားခဲ့ကြောင်း…

  • ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

    ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ နှီးနူးကျေးရွာနဲ့ ဓမင်းဆိပ်ကျေးရွာတို့က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ တနေ့တည်းပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပစ်သတ်ခံရသူတွေက နှီးနှူးကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးရွှေအနဲ့ ဓမင်းဆိပ်ကျေးရွာနေရာအိမ်မှူး ဦးသောင်းစိန်တို့ ဖြစ်ကြပြီး မနေ့ စက်တင်ဘာ ၁၄ ရက်ညက သူတို့ရဲ့နေအိမ်တွေကို လက်နက်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်သတ်ခဲ့တာလို့ သိရပါတယ်။ ဖြစ်စဉ်ကို သိရှိတဲ့သူ ဒေသခံ တယောက်က “အုပ်ကြီးရော၊ ရာအိမ်မှူးရော နှစ်ယောက်လုံး သူတို့အိမ်တွေမှာ ပစ်သတ်ခံရတာ။ အမည်မသိ သေနတ်သမားတွေက ပစ်ခတ် သတ်ဖြတ်သွားတာ။ သေနတ်သံတွေကြားလို့ သွားစုံစမ်းကြည့်တော့ သိရတာ။ တခါတည်းပွဲချင်းပြီး ဆုံးသွားတာ။ ရာအိမ်မှူးက နာမည်ဆိုးနဲ့ ပိုကျော်ကြားတဲ့သူ” လို့ ပြောပါတယ်။ ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဟာ နေရာမှာပင် သေဆုံးသွားပြီး ရုပ်အလောင်းတွေကို ရေးမြို့နယ်…

  • နတ်‌ရေကန်ဗျူဟာ အနီးတွင် စစ်ကော်မရှင်တပ်များ သေဆုံးမှုများပြားပြီး တပ်လန်ထွက်ပြေးနေရ သော်လည်း အင်အားအလုံး အရင်းသုံး၍ ရှေ့ဆက်တိုးနေ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းရိုးအနီးရှိ နတ်ရေကန်ဗျူဟာနှင့် စွန်တက်ရွာအနီးတစ်ဝိုက်တွင် စစ်ကော်မရှင်ပူးပေါင်းတပ်များနှင့် တော်လျန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန် လျက်ရှိသည်။ စစ်ကော်မရှင်တပ်များသည် တိုက်ပွဲများအတွင်း သေဆုံးမှုများပြားကာ တပ်များလန် ထွက်ပြေးခဲ့ရသော်လည်း အင်အားအလုံးအရင်းဖြင့် ထပ်မံဖြည့်တင်းကာ ရှေ့တိုးထိုးစစ်များ ဆင်နွှဲ နေကြောင်း သိရသည်။ ‎ ပြီးခဲ့သည့် စက်တင်ဘာ ၉ရက်နှင့် စက်တင်ဘာ ၁၂ရက်နေ့တို့တွင် အမှတ်(၉၀၅)အမြောက်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) မှနေ၍ စစ်သုံးကားကြီး ရှစ်စီးဖြင့် နတ်ရေကန်ဘက်ကို အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။ ‎ “မစခ ၉၀၅ကနေ စုဖွဲ့ထားတဲ့ အင်အားတွေ တင်ပို့နေတယ်။ အခုပို့နေတဲ့အဖွဲ့တွေက ရှမ်းမြောက် နမ့်ဖတ်ကာနဲ့ သီပေါမှာ စစ်ရှုံး တပ်ပျက်သွားတဲ့ အဖွဲ့တွေပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ မစခ-၉၀၅ မှနေ၍…

  • မဲဆမိတ်ရွာက ငြိမ်းချမ်းရေးဆုတောင်းပွဲကို DKBA၊ BGF နဲ့ KNLA-PC အဖွဲ့ခေါင်းဆောင်တွေတက်

    မဲဆမိတ်ရွာက ငြိမ်းချမ်းရေးဆုတောင်းပွဲကို DKBA၊ BGF နဲ့ KNLA-PC အဖွဲ့ခေါင်းဆောင်တွေတက်

    ကရင်လက်နက်ကိုင်တပ်တွေဖြစ်တဲ့ နယ်ခြားစောင့်တပ်(BGF)၊ DKBA နဲ့ KNLA-PC တို့က ခေါင်းဆောင်တွေတက်ရောက်တဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲတစ်ခုကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်က မဲဆမိတ်ရွာမှာ စက်တင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သွားတယ်လို့ သိရပါတယ်။ သက်တော် ၉၄ နှစ်ရှိပြီဖြစ်တဲ့ မဲဆမိတ်ဆရာတော်ကြီးကို ဂါရဝပြုပွဲ ကျင်းပရင်း ငြိမ်းချမ်းရေး ဆုတောင်းပွဲပါ ပြုလုပ်ခဲ့တာလို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့သူတွေက လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။ အဲဒီအခမ်းအနားကို BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ DKBA နဲ့ KNLA-PC က တာဝန်ရှိသူတွေ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေ(ဒူးပလာယာခရိုင်) ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းလည်း တက်ရောက်တာ တွေ့ရပါတယ်။ အခုတစ်ခေါက် ငြိမ်းချမ်းရေးဆုတောင်းပွဲဟာ ဒုတိယအကြိမ် ဆုတောင်းပွဲဖြစ်ပြီး ပထမ တစ်ကြိမ်ကို…