အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဖြစ်ပေါ်စေရန် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက စက်တင်ဘာလ ၁၃ ရက်နေ့တွင် စာရေးသားပေးပို့ တောင်းဆိုသည်။

အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဖြစ်ပေါ်စေရန် ပြသလိုသဖြင့် စစ်တပ်၏ ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံသို့ ဦးကိုကိုကြီးက စာရေးသား ပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ပါတီက အကြမ်းမဖက် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာစေ ရန် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းရန် ရက် ကို ရွေးကောက်ပွဲ မတိုင်မီရက် ၉ဝ ဖြစ်သော စက်တင်ဘာလ ၂၇ ရက်သို့ အချိန်တိုးပေးရန်၊ ဝင်ရောက်ယှဉ် ပြိုင်ရမည့် ကိုယ် စားလှယ်လောင်းအရေအတွက်မှာ မဲဆန္ဒနယ်အားလုံး၏ သုံးပုံ တစ်ပုံသို့ လျှော့ချ ပေးရန် ၊ သွားလာရန် ခက်ခဲသော မြို့နယ်များအတွက် Onlineမှ ဆောင်ရွက်ခွင့်ပြုနိုင်ပါရန် စာပေးပို့ထားသည်။

နိုင်ငံတော်၏အခြေအနေမှာ ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားရပြီး ၂၆၇ မြို့ နယ်တွင်သာ ရွေးကောက်ပွဲပြုလုပ်နိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောကြား ထားသော်လည်း မြို့နယ် ၃၃၀ ပေါ်တွင် အခြေခံကာ မဲဆန္ဒနယ်မြေ ၈၃၃ ခု သတ်မှတ်ထားကြောင်း၊ နိုင်ငံရေးများ ပါတီမှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီရုံးခန်းများဖွင့်လှစ်ရန် အရေအတွက်ကို မြို့နယ် အားလုံး၏ ထက်ဝက်ကျော်မှ သုံးပုံတစ်ပုံအထိ ဖြေလျော့ပေးခဲ့သော်လည်း ရွေးကောက်ပွဲကို မြို့ နယ် ၃၃၀ အပေါ်တွင် အခြေခံ၍ သတ်မှတ်ထားသော မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်ကျော် ဝင် ရောက်ယှဉ်ပြိုင်ရမည် ဆိုသည်မှာ လက်တွေ့အားဖြင့် ဆောင်ရွက်နိုင်ရန် အခက်အခဲများစွာ ကြုံတွေ့ နေရကြောင်း ဦးကိုကိုကြီးက ဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *