Author: Baby Yit Lone
-

ရေးမြို့နယ်၌ ဈေးထွက်ဝယ်သည့် တပ်ရေးဗိုလ်ကြီးနှင့် မိသားစု ပစ်ခတ်ခံရ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခမရ ၅၉၁ ကနေ ဈေးထွက်ဝယ်တဲ့ တပ်ရေးဗိုလ်ကြီးနဲ့ မိသားစုဝင်တွေ ပစ်ခတ်ခံရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ မနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၈ နာရီကျော်မှာ ခမရ ၅၉၁ တပ်ဝင်းထဲကနေ အသက် ၄၀ အရွယ်ရှိ တပ်ရေးဗိုလ်ကြီး၊ ဇနီးနဲ့ ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ယောက်ဟာ ကျေးရွာထဲမှာ ဈေးဝယ်ဖို့ ကားနဲ့ထွက်လာချိန် ကျေးရွာအနီးအရောက်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်နဲ့နီးစပ်သူတယောက်က “ပစ်ခတ်ခံရတာကြောင့် တပ်ရေးဗိုလ်ကြီးနဲ့ ဇနီးဖြစ်သူတို့ ကျည်ထိဒဏ်ရာတွေ ရသွားတယ်။ သူတို့ကလေးကတော့ ထိခိုက်တာမရှိဘူး။ လင်မယားနှစ်ယောက်လုံး ဆေးကုသမှု ခံယူနေရတယ်” လို့ ပြောပါတယ်။ အဲဒီ…
-
ဗန်းမောက်မြို့ထဲ စဝင်နေပြီ
ဗန်းမောက်မြို့ပတ်လည်က ကာကင်းတွေ သိမ်းပိုက်ပြီးနောက် မြို့ထဲကို စတင်ထိုးဖောက်နေ စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့ပတ်လည်က SNA – ရှမ်းနီလက်နက်ကိုင်နဲ့ စစ်အုပ်စု ပူးပေါင်း အဖွဲ့တွေရဲ့ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေး တပ်တွေက မြို့အတွင်းပိုင်းကို စတင် ထိုးဖောက် ဝင်ရောက်နေပြီလို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်က စလို့ ကသာခရိုင်ကွပ်ကဲရေးက ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက် ဒီကနေ့အထိ လေးရက်မြောက် ရှိလာချိန်အထိ တိုက်ပွဲ ပြင်းထန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ “ရှေ့တန်း အနေအထားတော့ နောက်ထပ် ဘာသတင်းမှ မရသေးဘူး။ အခြေအနေ ကောင်းတယ်…
-

လောင်းလုံးမြို့အနီး ဗုံးကြဲခံရ၍ ၃ ဦးသေ၊ ကလေးများအပါအဝင် ၄ ဦးဒဏ်ရာရ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ကျေးရွာများကို ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လောင်းလုံးမြို့အနီး သုံးဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။ ယမန်နေ့ နံနက် ၁၁ နာရီအချိန်မှစတင်၍ ထားဝယ်မြို့နယ်မှ ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ သရက်ချောင်း မြို့နယ်မှ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုး၊ လောင်းလုံးမြို့နယ်မှ ဝေဒီ၊ သပြေရှောင်၊ ကြက်ယက် တွင်း၊ ကျောက်တွင်းစသည့် ၁၀ ရွာထက်မနည်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ထံက သိရသည်။ လူနေကျေးရွာများကို Y12 သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့် ၁၂၀မမ ဗုံးသီးများ ကြဲချခဲ့သည်ဟု ဆိုသည်။ လောင်းလုံးမြို့အရှေ့ဘက်…
-

DJ Violet ကို အားလုံးကိုယ်စား ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃာ့နာယက အဖွဲ့က ခံဝန်ထိုးခိုင်း
ကလပ်တခုမှာ ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီးချင်းကို DJ တီးခတ်ခဲ့တဲသူ DJ – Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃနာယက အဖွဲ့အစည်းက ခံဝန်ထိုးခိုင်းမယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သံဃာ့နာယကအစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၆ ရက်နေ့မှာ DJ Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို အရေးယူတဲ့အနေနဲ့ ခံဝန်လက်မှတ်ထိုးခိုင်းဖို့ စာထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။ ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီးချင်းကို ကလပ်မှာ DJ တီးခတ်ကာ ဖျော်ဖြေခဲ့တဲ့ DJ Violet က သူ့ရဲ အမှားကို သင်္ဃန်းကျွန်းမြို့နယ်…
-

ထားဝယ်ခရိုင်အနှံ့အပြား စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ နေရာအနှံ့အပြားကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၇ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာသား ၂ ယောက် သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်ရှိ ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဝေဒီ၊ ကြက်ယက်တွင်း၊ ကျောက်တွင်း၊ သပြေရှောင်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုး စတဲ့ ကျေးရွာတွေကို လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ကိုမင်းလွင်ဦးက “စစ်ကောင်စီရဲ့ Y 12 လေယာဥ်က မနက် ၁၁ နာရီဝန်းကျင်လောက်မှာ လောင်းလုံးကျွန်းဆွယ်တလျှောက်…