Author: Baby Yit Lone

  • ရန်ကုန်က စက်ရုံအချို့ ပိတ်သိမ်းရန်စီစဉ်နေ

    ရန်ကုန်က စက်ရုံအချို့ ပိတ်သိမ်းရန်စီစဉ်နေ

    ရန်ကုန်တိုင်းထဲမှာ ဖွင့်ထားတဲ့ စက်ရုံတချို့ အထည်အော်ဒါမရတာနဲ့ ဆက်လည်ပတ်ဖို့ အခက်အခဲတွေ ရှိတာကြောင့် ပိတ်သိမ်းဖို့ရှိတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ တဆင့်ခံလက်ခစား (CMP) စက်ရုံတွေအနေနဲ့ ပြည်ပအပ်ထည်ကို အားပြုလုပ်ကိုင်နေရတာ ဖြစ်ပြီး အော်ဒါလျော့နည်းလာတာ၊ ကုန်ကြမ်းဈေးနှုန်းကြီးမြင့်တာနဲ့ လျှပ်စစ်မီးလို အခြေခံလိုအပ်ချက်အတွက် ကုန်ကျစရိတ်များနေတာကြောင့် ဆက်ရပ်တည်ဖို့ ခက်လာတာလို့ ဆိုပါတယ်။ သာဓုကန်စက်မှုဇုန်က စက်ရုံအုပ်ချုပ်ရေးပိုင်း မန်နေဂျာတယောက်က “ဒီဘက်က စက်ရုံနှစ်ရုံ ပိတ်ဖို့ ပြင်နေတာရှိတယ်။ သူတို့က အဓိကအော်ဒါမရတော့လို့။ စက်ရုံပိတ်မှာမို့လို့ အဲဒီစက်ရုံတွေက အလုပ်သမားတွေ တခြားစက်ရုံတွေမှာ အလုပ်ကြိုလျှောက်နေကြတယ်” လို့ ပြောပါတယ်။ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာဖွင့်ထားတဲ့ SDI အထည်ချုပ်စက်ရုံလည်း အော်ဒါအခက်အခဲကြောင့် ပိတ်သိမ်းဖို့ပြင်နေပြီး နစ်နာကြေးရရှိဖို့ အကျေအလည် ဆွေးနွေးနေသလို အလုပ်သမားတွေက အကူအညီတောင်းထားတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)…

  • မကွေးနဲ့ တောင်တွင်း ကြားထဲကရွာကို ကိုယ်တိုင် ပြန်ပို့ပေးခဲ့တဲ့ အ​လောင်း

    မကွေးနဲ့ တောင်တွင်း ကြားထဲကရွာကို ကိုယ်တိုင် ပြန်ပို့ပေးခဲ့တဲ့ အ​လောင်း

    ညက မကွေးနဲ့ တောင်တွင်း ကြားထဲကရွာကို ကျနော်ကိုယ်တိုင် ပြန်ပို့ပေးခဲ့တဲ့ အ​လောင်း ကောင်မလေးက အသက် (၂၂)နှစ် အရေပြား လေးဘက်နာဖြစ်ပြီ ဆုံးသွားတယ် ရှိတာမှ မိသားစုလေး (၃)ယောက်… ဖေဖေရယ်၊ မေမေရယ်၊ သမီးလေးရယ်ပေါ့ သမီးလေးက စာအရမ်းတော်တယ်တဲ့… ဂုဏ်ထူး (၂)ဘာသာ ပါတယ် ကျနော် အသုံးမကျလို့ သမီးလေးကို ကျောင်းဆက်မထားနိုင်တာပါ ဆရာရယ် ကျနော်က ပန်းရံလုပ်တယ်… သမီးလေးက အထည်ချုပ်မှာ စာရင်းကိုင်လေး လုပ်ပါတယ် နောက်ဆုံးချိန်ထိ အဖေနဲ့အမေကို ဒုက္ခမပေးသွားပါဘူး… နာတယ် တချက်မပြောဘူး… သက်သာတယ်ပဲ ပြောရှာတယ် ကျနော် ဘာလို့ လိုက်ပို့ပေးဖြစ်လည်းဆို….. အဲ့ ကလေးမလေး အ6လာင်းကို ကုတင်၅၀၀ကနေ သူတို့ရွာလေးကို ပြန်သယ်ချင်တာ (၁၅)သိန်းတောင်းတယ် တဲ့ ဘယ်သူတောင်းတာလည်း မေးကြည့်တော့…..…

  • ထားဝယ်နယ်မှာ စစ်တပ်ယာဥ်တန်းတိုက်ခိုက်

    ထားဝယ်နယ်မှာ စစ်တပ်ယာဥ်တန်းတိုက်ခိုက်

    ထားဝယ်နယ်မှာ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ၆ စီးကို တော်လှန်ရေးတပ်များဖျက်ဆီးနိုင်၊ ကားသုံးစီးစာရိက္ခာနဲ့ လက်နက်တွေရ ထားဝယ်မြို့ဘက်ကနေလာတဲ့ စစ်တပ်ယာဥ်တန်း ၁၁ စီးမှ ၆ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ ကျားသစ်နက်တပ်ဖွဲ့နဲ့ ဘီလုံးပြောက်ကျားတပ်တို့က စက်တင်ဘာ၂၀ ရက်မှာ ပူးပေါင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ကား ၁၀ စီးပါယာဥ်တန်းဟာ သြဂုတ် ၂၁ ရက်ကတည်းက ထားဝယ်ကနေ ဝကုန်းရွာဘက်ကို ထွက်လာတာဖြစ်ပါတယ်။ အဲဒီယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့သလို ယာဥ်သုံးစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ရှေ့ဆက်မသွားနိုင်တဲ့ စစ်ယာဥ်တန်းမှ လက်ကျန်ကိုးစီးနှင့် ချောဆွဲထားတဲ့အရပ်သားယာဥ်တစ်စီးအပါအဝင် ၁၀ စီးကို စက်တင်ဘာ ၄ ရက်နေ့မနက် ၁၀ နာရီလောက်မှာ ဝကုန်းရွာ ဘုရားတောင်အနီး တော်လှန်ရေးတပ်တွေကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁၂…

  • ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

    ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ‌ဗန်းမောက်မြို့အတွင်းရှိ စစ်ကော်မရှင်တပ်နှင့် SNA ရှမ်းနီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ “ဗန်းမောက်မြို့ကို ညနေကတည်းက သိမ်းထားတယ်ဆိုပြီး သိရပါတယ်။ SNA တပ်တွေအကုန် ထွက်ပြေးသွားပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် တော်လှန် ရေးပူးပေါင်းတပ်များက ဗန်းမောက်မြို့ရှိ ကာကင်းစခန်း ခြောက်ခုကို သိမ်းပိုက်ပြီးနောက် မြို့တွင်းကို ဆက် လက်တိုက်ခိုက်လာရာ ယနေ့ညနေပိုင်းတွင် မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသ ကသာခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်မှုဖြင့် ကသာခရိုင်တပ်ရင်း ၂၊ ၄၊…

  • တာမွေရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးက လမ်းဘေးဈေးသည်များကို ရိုင်းစိုင်းစွာဆက်ဆံ၍ မောင်းထုတ်

    တာမွေရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးက လမ်းဘေးဈေးသည်များကို ရိုင်းစိုင်းစွာဆက်ဆံ၍ မောင်းထုတ်

    ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးတစ်ဦးက လမ်းဘေးဈေးသည်များကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံပြီး မောင်းထုတ်ခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။ မေတ္တာညွန့်ရပ်ကွက်ရှိ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနရှိ အမျိုးသမီးက စျေးသည်များကိုမောင်းထုတ်နေခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းကလည်း ထိုသို့မောင်းထုတ်ခဲ့ကြောင်း သိရသည်။ “အဲဒီအမျိုးသမီးက ဈေးရုံးတာဝန်ခံပါ။ ဈေးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း၊ မောက်မောက်မာမာ ပြောတယ်၊ ဆူတယ်၊ ကြိမ်းမောင်းတယ်။ ကြက်ဥရောင်းတဲ့နေ့ဆိုရင် ကားကြီးကို လမ်းမှာပိတ်ရပ် တယ်။ ဈေးသည်တွေကိုတော့ လာရောင်းခွင့်မပြုဘူးလို့ ပြောပါတယ်” ဟု ဈေးသည်တစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကော်မရှင်လက်အောက်ခံ ဈေးတာဝန်ခံရုံးအမျိုးသမီးသည် ၎င်း၏ရုံးရှိ ဝန်ထမ်းများ ကိုလည်း နေ့စဉ် မောက်မောက်မာမာဆက်ဆံနေမှုကြောင့် ဝန်ထမ်းများကလည်း မကျေနပ်မှုများ ရှိကြောင်း မေတ္တာညွန့်ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။ ပုံစာ- ဈေးရုံးတာဝန်ခံအမျိုးသမီး(အင်္ကျီအပြာဝမ်းဆက်ဝတ်ဆင်ထားသူ)၊ လမ်းပေါ်တက်၍…