Author: Baby Yit Lone

  • လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား

    လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား စက်တင်ဘာလ ၂၅ ရက် လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ယနေ့ ( ၇ ) နာရီ ( ၁၀ )မိနစ်ဝန်းကျင်အချိန် ၌ ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲသံအကျယ်ကြီး ကြားရသည်ဟု ဒေသခံပြည်သူတစ်ဦးမှ Hlaing Info သို သတင်းပေးပိုလာပါသည်။ ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းဖော်ပြ သွားပါမည်။ ပြည်သူများပေးပို့‌လာသော ပေါက်ကွဲမှုသတင်းများကို လုံခြုံရေးအရ အချိန်နှင့် တပြေညီ မတင်ပြနိုင်မှုအတွက် တောင်ပန်းအပ်ပါသည်။ #HlaingInfo

  • စစ်ခေါင်းဆောင် သွားရောက်သည့် အနုမြူဖိုရမ်မှာ ပိုက်ဆံပေး၍တက်ရောက်နိုင်သော ပွဲဖြစ်ပြီး လူရာဝင်လို၍ တက်ရောက်ခြင်းသာဖြစ်

    စစ်ခေါင်းဆောင် သွားရောက်သည့် အနုမြူဖိုရမ်မှာ ပိုက်ဆံပေး၍တက်ရောက်နိုင်သော ပွဲဖြစ်ပြီး လူရာဝင်လို၍ တက်ရောက်ခြင်းသာဖြစ် နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် စက်တင်ဘာ ၂၅ ရက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားတွင် ကျင်းပသည့် “ကမ္ဘာ့အနုမြူ သတင်းပတ်ဖိုရမ်” ကို လူတန်းစားတစ်ရပ်အဖြစ် အသိအမှတ်ပြုခံလို၍ တက်ရောက်နေခြင်းဖြစ်ပြီး အဆိုပါဖိုရမ်သည် မည်သူမဆို ဝင်ကြေးပေး၍ တက်ရောက်နိုင်သည့် ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။ စစ်ခေါင်းဆောင်သည် ယနေ့ စက်တင်ဘာ ၂၅ မှ ၂၈ ရက်နေ့အထိ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်ကို တက်ရောက်ရန်အတွက် ရုရှားနိုင်ငံသို့ အလုပ်သဘော ခရီးစဥ်အဖြစ် ရောက်နေသော်လည်း ယင်းဖိုရမ်သည် ‌ယူရို‌ငွေပေးကာ တက်၍ရသလို အထူးလျော့ဈေး လည်းရှိကြောင်း သိရသည်။ “ရုရှားဖိုရမ်ကို သွားတက်တာ အလကားမဟုတ်ဘူး။ ယူရို ၂၂၀၀…

  • ပြည်မြို့တွင် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက် အောက်ခံ ရာအိမ်မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်

    ပြည်မြို့တွင် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက် အောက်ခံ ရာအိမ်မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ် စက်တင်ဘာလ ၂၄ ရက် ပဲခူးတိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အထက ၄ ကျောင်းအနီးရှိ မီးသတ်တပ်ဖွဲ့စခန်းတွင် အ သက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက်အောက်ခံ ရာအိမ် မှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်ခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ စက်တင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ပြည်မြို့၌ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အ.ထ.က ၄ ကျောင်း နှင့် ရွာဘဲနယ်မြေအုပ်ချုပ်ရေးမှုးရုံး အကြား တည်ရှိသည့် တပ်စု ၁၆ အရန်မီး သတ်တပ်ဖွဲ့ စခန်းတွင် အသက် ၁၂…

  • SKY Villa ပြိုကျတာဘယ်လောက်မြန်လဲ?

    SKY Villa ပြိုကျတာဘယ်လောက်မြန်လဲ? ဂျီဂျီ/MFP၊ လူပေါင်း(၂၀၀)ကျော်‌ သေဆုံးကာ ပျောက်ဆုံးသူတွေရှိသေးတဲ့ မန္တလေးအောင်မြေသာစံမြို့နယ်က sky villa ကွန်ဒိုရဲ့ ငလျင်လှုပ်ချိန်အတွင်းပိုင်းရုပ်သံမှတ်တမ်းတခု ကိုMFPကဖော်ပြလိုက်ပါတယ်။ အင်အားပြင်းငလျင်ကြီး စတင်လှုပ်တာ မတ်လ ၂၈ ရက် ၊မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၀မိနစ် ၊ ၅၄ စက္ကန့်မှာဖြစ်ပါတယ်။ ပထမအကြိမ် ငလျင်လှုပ်ခတ်တဲ့ ကြာချိန်ဟာ တစ်မိနစ် ဝန်းကျင် ရှိတာဖြစ်ပြီး Sky Villa ကွန်ဒိုဟာ စက္ကန့်ပိုင်းမှာတင် ဝုန်း ကနဲပြိုကျခဲ့တာကို ယခု CCTV မှတ်တမ်းမှာ မြင်ရမှာပါ။ ဒီCCTV မှတ်တမ်းဟာ ကွန်ဒိုမှာရှိတဲ့ A ဆောင်၊ ၁၀ လွှာက မှတ်တမ်းဖြစ်ပါတယ်။ မတ် ၂၈ ရက်ငလျင်ကြီးအတွင်းလူပေါင်း ၄၀၀၀ ဝန်းကျင်…

  • နေပြည်တော်တွင်  လယ်သမား ၂ ဦးကို ဓားဦးချွန်ကိုင်ဆောင်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်

    နေပြည်တော်တွင် လယ်သမား ၂ ဦးကို ဓားဦးချွန်ကိုင်ဆောင်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်

    စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာ လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာတဲ့ အမျိုးသား ၂ ယောက်ကို ဓားဦးချွန် ကိုင်ဆောင်လို့ဆိုပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်လောက်မှာ ဓားဦးချွန် ကိုင်ဆောင်တာကြောင့် ဆိုပြီး အသက် ၄၀ ကျော်အရွယ် ကိုနေဝင်းသူ (ခ) သိုက်ထွန်းနဲ့ အသက် ၃၇ နှစ်အရွယ် ကိုရဲထွန်း ဆိုသူတို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဖြစ်စဥ်ကို သိရှိတဲ့သူတယောက်က “အဖမ်းခံရတဲ့ ၂ ယောက်လုံးက လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာရင်း စစ်ကောင်စီရဲတပ်ဖွဲ့နဲ့တိုးပြီး အဖမ်းခံရတာ။ ဓားတွေနဲ့ တွေ့တယ်ပေါ့။ နေပြည်တော်မှာ…