Author: Baby Yit Lone

  • စစ်တွေတွင် AA ဒရုန်းကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံး

    စစ်တွေတွင် AA ဒရုန်းကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံး

    အလောင်းများကို ပုတ်ပွပြီးမှ မြေမြှုပ်သင်္ဂြိုဟ်

    ရခိုင်ပြည် စစ်တွေမြို့အနီးရှိ ရွှေမင်းဂံရေတပ်စခန်း (ချောင်းနွယ်မင်းဂံ) က စစ်စခန်းများကို အာရက္ခတပ်တော် AA မှ ပြီးခဲ့သည့်အပတ်အတွင်း လက်နက်ကြီးများအပြင် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    AA ဒရုန်းဗုံးကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးသွားပြီး အများစုက တပ်သားငယ်များဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သော စစ်တွေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    Mm News.xyz 2026 03 02 170721

    “ပြီးခဲ့တဲ့ အပတ် ဖေဖော်ဝါရီလ ၂၂, ၂၃ ရက်လောက် ဖြစ်မယ်။ AA က ဒရုန်းတွေနဲ့ ရွှေမင်းဂံ ရေတပ်စခန်းငယ် အနီးက စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဘုန်းကြီးတွေ သွားပြီး အလောင်းတွေကို မြေမြှုပ်ဖို့ သရဏဂုံတင် လုပ်ပေးခဲ့ရသေးတယ်။ အလောင်းတွေ ပုပ်ပွနေကြပြီ။ ဘုန်းကြီးတွေ သရဏဂုံ တင်တာ အနံ့တောင် မခံနိုင်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

    ရွှေမင်းဂံရေတပ်စခန်းငယ်မှ စစ်ကောင်စီ အရာရှိများမှာ သေဆုံးတပ်သားများကို AA မှ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချက်ချင်း မသင်္ဂြိုဟ်နိုင်ဘဲ ရက်ပိုင်အကြာမှ အနီးအနားရှိ ကျေးရွာသင်္ချိုင်းတစ်ခု၌ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

    “သေတာက တပ်သား ၂၀ ။ သင်္ဂြိုဟ်တာက ၆ လောင်းပဲ။ ကျန်တဲ့အလောင်းတွေက ပုပ်ပွနေလို့ ကောက်လို့မရလို့ မသင်္ဂြိုဟ်လိုက်ရဘူး။ ၆ လောင်းပဲ ကောက်လို့ရတယ်ပြောတယ်။ အနီးအနားက ကျေးရွာသင်္ချိုင်းတစ်ခုမှာ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြတယ်။ စခန်းအနီးအနားမှာ လူမနေတဲ့ ကျေးရွာတွေရှိတယ်။ အဲကျေးရွာက ပြည်သူတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က နှင်ထုတ်ထားတာ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

    Mm News.xyz 2026 03 02 170741

    ချောင်းနွယ်မင်းဂံ ချောင်းတစ်လျှောက်ကနေ ကုန်လားတန်မြစ်ထဲ ထွက်ပေါက် (ရွှေမင်းဂံရေတပ်စခန်း) အထိ စစ်ကောင်စီမှာ စစ်စခန်းငယ် အများအပြား ချထားပြီး ပုဏ္ဏားကျွန်း၊ ပေါက်တော ဒေသများကို လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေကြောင်း သိရသည်။

    ပြီးခဲ့သည့် ရက်ပိုင်းကလည်း အာရက္ခတပ်တော် AA က စစ်တွေမြို့ထဲရှိ စစ်ကောင်စီ အမှတ် ၁၂ ရဲတပ်ရင်းထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

    စစ်တွေမြို့ထဲရှိ အမှတ် ၁၂ ရဲတပ်ထဲတွင် စစ်ကောင်စီက လက်နက်ကြီး အများအပြားဖြင့် တပ်စွဲအထိုင်ချထားပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်ဘက်သို့ နေ့စဉ် ပစ်ခတ်နေကြောင်း သိရသည်။

    လက်ရှိတွင်လည်း စစ်တွေမြို့ စစ်ရေးအခြေအနေမှာ တင်းမာလျက်ရှိနေပြီး စစ်ကောင်စီတပ်နှင့် AA တို့ကြား အပြန်အလှန်ပစ်ခတ်မှု နေ့စဉ် ရှိနေကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

    “ပစ်ခတ်သံတွေက နေ့တိုင်း ကြားရပါတယ်။ ဒီနေ့ မနက်ကလည်း စစ်ကောင်စီဘက်က လှမ်းပစ်ခတ်နေပါတယ်။ ဘယ်ဘက်ကို ပစ်လဲတော့ မသိဘူး။ လက်နက်ငယ် အသံတွေပါ ကြားနေရပါတယ်။ ပြောကြတာက ရွှေမင်းဂံဘက်မှာ ဖြစ်နေကြတယ်လို့ ပြောပါတယ်။ တိုက်ပွဲက ပြင်းထန်လာတယ်လို့ ပြောလို့ရပါတယ်။ မြို့ထဲမှာတော့ ဘာမှ ထူးထူးခြားခြား မရှိဘူး။ တိုက်ပွဲနဲ့ နည်းနည်း လှမ်းပါတယ်” ဟု ပြောသည်။

    သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ စစ်တွေမြို့အနီးက ရွှေမင်းဂံရေတပ်စခန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုမှာ ယခင်ကထက် ပိုမိုပြင်းထန်လျက်ရှိကြောင်း သိရသည်။

    အာရက္ခတပ်တော် AA က ပြီးခဲ့သည့်လအတွင်းမှာ စစ်တွေမြို့အနီးတွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) တပ်ဌာနချုပ်ကို ဦးတည် တိုက်ခိုက်ခဲ့သော်လည်း လက်ရှိတွင် ရွှေမင်းဂံရေတပ်စခန်းကိုပါ တစ်ပြိုင်တည်း တိုက်ခိုက်နေကြောင်း သိရသည်။

  • အားနည်းချက်ကို ဖုံးထားသော ခါမေနီ၏ လျှို့ဝှက်လက်နှင့် အလှမ်းကျယ်သည့် အကြမ်းဖက်မှု

    အားနည်းချက်ကို ဖုံးထားသော ခါမေနီ၏ လျှို့ဝှက်လက်နှင့် အလှမ်းကျယ်သည့် အကြမ်းဖက်မှု

    အယာတိုလာ အလီ ခါမေနီသည် သူ၏ ညာဘက်လက်ကို အမြဲတမ်း ဖုံးကွယ်ထားလေ့ရှိပြီး ယင်းအချက်ကို သင် သတိထားမိခဲ့ချင်မှ ထားမိပေလိမ့်မည်။ ခါမေနီသည် ၁၉၈၁ ခုနှစ် လုပ်ကြံခံရမှုတွင် သေလုနီးပါး ဖြစ်ခဲ့ကာ ညာလက်မှာ ထာဝရ သုံးမရဖြစ်သွားခဲ့သည်။ ခါမေနီသည် လူထုရှေ့ထွက်သည့် အခါတိုင်းတွင် သူ၏လက်ကို ဝတ်ရုံထဲ၌ တဝက်တပျက် ဝှက်ထားကာ မလှုပ်မယှက် ထားလေ့ရှိသည်။ သို့မဟုတ်ပါက အသုံးမဝင်တော့သည့် အတိုင်း သူ၏ ပေါင်ပေါ်၌ တင်ထားတတ်သည်။

    ထိုအမူအရာသည် ခါမေနီ၏ ပုံရိပ်အစိတ်အပိုင်းတခု ဖြစ်လာခဲ့သည်။ ဆိုဗီယက်အာဏာရှင် ဂျိုးဆက် စတာလင် ငယ်စဉ်က မတော်တဆမှုကြောင့် ဖြစ်ခဲ့သော လက်မသန်စွမ်းမှုကို ဖုံးကွယ်ထားသကဲ့သို့ပင်၊ ခါမေနီသည်လည်း အကြွင်းမဲ့ အာဏာရှင်ပုံစံအောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူကိုယ်တိုင်နှင့် သူကိုယ်စားပြုလာခဲ့သည့် စနစ်အတွက် အကောင်းဆုံး ပြယုဂ်တခု ဖြစ်ခဲ့ပြီး ထိုအရာမှာ လျှို့ဝှက်လက်တဖက်ပင် ဖြစ်သည်။

    ၁၉၈၁ ခုနှစ်၊ ဇွန်လ ၂၇ ရက်၊ စနေနေ့တွင် ခါမေနီသည် တီဟီရန်မြို့ရှိ အဘူဇာဗလီ၌ ကျင်းပသော လူထုအစည်းအဝေးတခုတွင် စင်မြင့်ပေါ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ ထိုသူများသည် နိုင်ငံအနောက်ဘက်တွင် ဖြစ်ပွားနေသော အီရန်-အီရတ် စစ်ပွဲရှေ့တန်းမှ ပြန်လာကြသူများ ဖြစ်သည်။

    မိန့်ခွန်းပြောကြားပြီးနောက် ခါမေနီသည် တက်ရောက်လာသော လူငယ်များ၏ မေးခွန်းများကို ဖြေကြားရန် ထိုင်နေစဉ်၊ သူ၏ ရှေ့ရှိ စားပွဲပေါ်တွင် အသံဖမ်းစက် တလုံး ရှိနေသည်။ ထိုစက်ကို သတင်းထောက်အယောင်ဆောင်ထားသူတဦးက ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ အီရန်၏ Mashregh သတင်းဌာနက ထိုသူကို “အရပ် အလယ်အလတ်၊ ဆံပင်ကောက်ကောက်၊ မုတ်ဆိတ်မွေးနှင့် အကွက်ပါသော ကုတ်အင်္ကျီဝတ်ထားသည့် လူငယ်တဦး” ဟု ဖော်ပြခဲ့သည်။

    တမိနစ်ခန့်အကြာတွင် ထိုအသံဖမ်းစက်မှ လေချွန်သံကဲ့သို့ မြည်လာပြီးနောက် ခါမေနီကို လုပ်ကြံရန် ပေါက်ကွဲသွားခဲ့သည်။ ပေါက်ကွဲမှုအပြီးတွင် ဗလီရှိ ဘာသာရေးခေါင်းဆောင်များက အသံဖမ်းစက်သည် နှစ်ပိုင်းကွဲသွားခဲ့ပြီး အပိုင်းအစများကြားတွင် “Forqan အဖွဲ့မှ အစ္စလာမ္မစ်သမ္မတနိုင်ငံတော်သို့ ပေးအပ်သော လက်ဆောင်” ဟူသော စာသားကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

    ထိုပေါက်ကွဲမှုကြောင့် သူ၏ ညာဘက်လက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လေဖြတ်သကဲ့သို့ မလှုပ်ရှားနိုင်တော့ပေ။ ထို့ပြင် သူ၏ အသံအိုးလည်း ထိခိုက်ခဲ့ရသဖြင့် ခါမေနီ၏ စကားပြောသံသည် ဘဝတလျှောက်လုံး ပြောင်းလဲသွားခဲ့ရသည်။

    သို့သော် ယခု စနေနေ့ နံနက်ပိုင်းတွင်မူ အစ္စရေးနှင့် အမေရိကန်တို့သည် ခါမေနီ၏ အဆိုပါပုံရိပ်ကို နာကျင်စွာဖြင့် ရုတ်တရက် အဆုံးသတ်စေခဲ့ပြီ ဖြစ်သည်။

    အမြဲတမ်း ပဋိပက္ခဖြစ်ပွားနေသော အစိုးရတရပ်၏ အုပ်ထိန်းသူ

    Mm News.xyz 2026 03 02 133822

    ခါမေနီ အသတ်ခံရခြင်းသည် ခေတ်သစ်အရှေ့အလယ်ပိုင်းသမိုင်းတွင် သြဇာအရှိဆုံးနှင့် အဖျက်ဆီးဆုံး ပုဂ္ဂိုလ်တဦး၏ အခန်းကဏ္ဍကို နိဂုံးချုပ်လိုက်ခြင်းပင် ဖြစ်သည်။ တော်လှန်ရေးသမားလည်းဖြစ်၊ ဘာသာရေးခေါင်းဆောင်လည်းဖြစ်သည့် ခါမေနီသည် “မဟာရန်သူတော် ” ဖြစ်သော အမေရိကန်နှင့် “ရန်သူတော်အငယ်စား ” ဖြစ်သော အစ္စရေးတို့အား အမြဲတမ်း ထိပ်တိုက်ရင်ဆိုင်ရေးအပေါ် အခြေခံ၍ တည်ဆောက်ထားသော အစိုးရယန္တရားကြီးကို ထိန်းကျောင်းခဲ့သူဖြစ်သည်။

    ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်သမ္မတနိုင်ငံတော် စတင်တည်ထောင်ချိန်မှ ၁၉၈၉ ခုနှစ် ကွယ်လွန်ချိန်အထိ ဦးဆောင်ခဲ့သော သူ၏ ရှေ့ဆောင်လမ်းပြ ရူဟိုလာ ခိုမေနီနှင့် ခါမေနီသည် မတူညီပေ။ ခိုမေနီ၏ အာဏာသည် တော်လှန်ရေးအရှိန်အဝါနှင့် ဘာသာရေးအရ ကြည်ညိုလေးစားမှုအပေါ် အခြေခံသော်လည်း၊ ခါမေနီက အစ္စလာမ္မစ်သမ္မတနိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို အသုံးပြု၍ အုပ်ချုပ်ခဲ့သူဖြစ်သည်။

    သူသည် ပညာအရှိဆုံး ဘာသာရေးခေါင်းဆောင် သို့မဟုတ် အကောင်းဆုံး ဟောပြောသူတဦး မဟုတ်ခဲ့သော်လည်း သမ္မတအဖြစ်မှသည် နောက်ဆုံးတွင် အမြင့်ဆုံးခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူ၏ ထူးခြားချက်မှာ အားလုံးထက်သာလွန်သော စနစ်တခုကို တည်ဆောက်သူ ဖြစ်နေခြင်းပင် ဖြစ်သည်။

    Mm News.xyz 2026 03 02 133737

    အီရန်ခေါင်းဆောင်အဖြစ် ဆယ်စုနှစ် သုံးခုကျော် အုပ်ချုပ်စဉ်အတွင်း ခါမေနီသည် စင်ပြိုင်အစိုးရတရပ်ကို တည်ဆောက်ခဲ့သည်။ ၎င်းမှာ အီရန်၏ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများနှင့် အပြိုင် စစ်ရေး၊ စီးပွားရေးနှင့် ဝါဒရေးရာ အင်ပါယာတခုအဖြစ် ရပ်တည်သော အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ပင် ဖြစ်သည် (၎င်းသည် နာဇီဂျာမနီရှိ SS ကဲ့သို့သော ပါတီလက်အောက်ခံ တပ်ဖွဲ့များနှင့် ဆင်တူသည်)။ ထောက်လှမ်းရေးအဖွဲ့များသည် သူ၏ရုံးခန်းသို့ တိုက်ရိုက်အစီရင်ခံရပြီး အီရန်မီဒီယာများ၊ တရားရုံးများနှင့် ဘာသာရေးအဖွဲ့အစည်းအားလုံးကို တခုတည်းသော ထိန်းချုပ်မှုယန္တရားအဖြစ် ပေါင်းစည်းပစ်ခဲ့သည်။

    သို့သော် ခါမေနီ၏ အစိုးရသည် အဖွဲ့အစည်းများအပေါ်တွင်သာ အခြေခံသည်မဟုတ်ပေ။ သူသည် အနောက်တိုင်း၏ လွှမ်းမိုးမှုနှင့် ပြည်တွင်း ယိုယွင်းပျက်စီးမှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် နယ်စည်းမခြား မွတ်စလင်အသိုက်အဝန်း (Ummah) ဟူသော ဝါဒကို ကိုင်စွဲထားသူဖြစ်သည်။ ခါမေနီသည် သူ၏ နိုင်ငံရေးခရီးစကတည်းက မိမိကိုယ်ကိုယ် လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲများကို ကျော်လွန်သော ကမ္ဘာ့ မွတ်စလင်ခေါင်းဆောင်အဖြစ် ပုံဖော်ရန် ကြိုးပမ်းခဲ့သည်။

    ခါမေနီ၏ လက်ထက်တွင် Ummah သည် နိုင်ငံတကာ အကြမ်းဖက်မှုများကို ထောက်ပံ့ရန် အကြောင်းပြချက်တခု ဖြစ်လာခဲ့သည်။ အီရန်နိုင်ငံ၏ ရန်ပုံငွေ ဘီလီယံနှင့်ချီကို ဟားမတ်စ် ၊ ဟစ်ဇ်ဘိုလာနှင့် ဟူသီကဲ့သို့သော အကြမ်းဖက်အဖွဲ့များထံ စီးဆင်းစေခဲ့သည်။

    အမေရိကန် သို့မဟုတ် အစ္စရေးကို တိုက်ခိုက်လိုသော မည်သည့်အဖွဲ့ကိုမဆို သူ၏ ရည်မှန်းချက်ထဲ ဆွဲသွင်းခဲ့သည်။ ခါမေနီ၏ အမြင်တွင် အစ္စရေးသည် အရှေ့အလယ်ပိုင်းအတွက် စော်ကားမှုတခုဖြစ်ပြီး မြေပုံပေါ်မှ အပြီးတိုင် ဖျက်ထုတ်ပစ်ရမည့် အရာတခုဖြစ်သည်။ ၎င်းမှာ သူ၏ Ummah ဝါဒရေးရာမှ ဆင်းသက်လာသော အစွဲအလမ်းတခုပင် ဖြစ်သည်။

    သူ၏ မိန့်ခွန်းများတွင် “ဇီယွန်ဝါဒီအစိုးရ” ကို “ကင်ဆာကျိတ်”၊ “အဖုအကျိတ်ဆိုး” တခုအဖြစ် ထပ်ခါတလဲလဲ ဖော်ပြခဲ့ပြီး ၎င်းကို “ဖယ်ရှားပစ်ရမည်၊ ဖယ်ရှားပစ်တော့မည်” ဟု ပြောဆိုခဲ့သည်။ ထိုစကားလုံးများသည် လွှတ်ခနဲ ပြောထွက်သွားခြင်း သို့မဟုတ် တော်လှန်ရေး စိတ်ဓာတ်တက်ကြွလွန်း၍ ပြောခြင်းမဟုတ်ပေ။ နိုင်ငံတော်အကြီးအကဲတဦးအနေဖြင့် တမင်ရည်ရွယ်၍ အကြိမ်ကြိမ် ပြောဆိုခဲ့သော စကားများဖြစ်ပြီး လှုံ့ဆော်မှုထက် မလွဲမသွေဖြစ်လာမည့် အခြေအနေတခုအဖြစ် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။

    ၂၀၂၅ ခုနှစ် ဇွန်လတွင် ၁၂ ရက်ကြာ စစ်ပွဲအထိ အစ္စရေးကို တိုက်ရိုက် ထိပ်တိုက်မရင်ဆိုင်ဘဲ ခါမေနီ၏ လျှို့ဝှက်လက်ဟု ခေါ်ဆိုနိုင်သော နည်းလမ်းဖြင့်သာ ရင်ဆိုင်ခဲ့သည်။ ခါမေနီသည် တီဟီရန်မှနေ၍ အီရန်နယ်နိမိတ်နှင့် ဝေးကွာသောနေရာရှိ အစ္စရေးနှင့် ဂျူးပစ်မှတ်များကို တိုက်ခိုက်ရန် လက်ဝေခံတပ်ဖွဲ့များထံ ဘီလီယံနှင့်ချီသော ဒေါ်လာများ ထောက်ပံ့ပေးမှုကို ကြီးကြပ်ခဲ့သည်။ ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်၊ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်နှင့် ဆီးရီးယားနှင့် အီရတ်ရှိ ရှီယိုက်ပြည်သူ့စစ်များအားလုံးသည် အစ္စရေးကို ဖျက်ဆီးရန် အီရန်၏ ညွှန်ကြားမှုအောက်တွင် တည်ရှိနေကြခြင်း ဖြစ်သည်။

    ထိုလျှို့ဝှက်လက်သည် အရှေ့အလယ်ပိုင်းကိုကျော်လွန်၍ ရောက်ရှိခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဗျူနိုအေးရိစ်မြို့ရှိ AMIA ဂျူးလူမှုအသိုက်အဝန်းစင်တာသို့ အသေခံဗုံးခွဲသမားတဦး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၈၅ ဦး သေဆုံးခဲ့သည်။ ၎င်းသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမတိုင်မီအထိ ဟိုလိုကော့စ် (Holocaust) အပြီးတွင် အဆိုးရွားဆုံးသော ဂျူးဆန့်ကျင်ရေး တိုက်ခိုက်မှုတခု ဖြစ်ခဲ့သည်။ ထိုစစ်ဆင်ရေးကို ခါမေနီအပါအဝင် အီရန်ခေါင်းဆောင်ပိုင်းက ခွင့်ပြုခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့က အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း အာဂျင်တီးနား အစိုးရရှေ့နေများက နောက်ပိုင်းတွင် စွပ်စွဲခဲ့ကြသည်။ ခါမေနီသည် ခြေရာလက်ရာမကျန်အောင် လုပ်ဆောင်ခဲ့သော်လည်း ထိုဖြစ်ရပ်အပေါ်တွင် သူ၏ ဝါဒရေးရာများကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။

    ကမ္ဘာတဝန်းရှိ အစ္စရေးနှင့် ဂျူးပစ်မှတ်များကို တိုက်ခိုက်ရာတွင်လည်း အလားတူ နည်းဗျူဟာကိုပင် အသုံးပြုခဲ့သည်။ လေယာဉ်တိုက်ခိုက်မှု ကြံစည်မှုများမှသည် ပြည်ပဗုံးခွဲမှုများအထိ၊ အခြားသူများက ရင်းနှီးပေးဆပ်နေရစဉ် အီရန်ခေါင်းဆောင်ပိုင်းကို ဘေးကင်းလုံခြုံစေမည့် တာဝန်ယူမှုရှောင်လွှဲသောစစ်ပွဲ နည်းလမ်းကို ကျင့်သုံးခဲ့သည်။ အယ်လ်ဘေးနီးယား၊ သြစတြေးလျမှသည် ကင်ညာနှင့် အမေရိကန်ပြည်ထောင်စုအထိ ကမ္ဘာအနှံ့ရှိ အကြမ်းဖက်မှု ကြံစည်မှုများတွင် အီရန်၏ ပါဝင်ပတ်သက်မှု စာရင်းသည် ခါမေနီ၏ လက်တံကဲ့သို့ပင် ရှည်လျားလှသည်။

    ထို့နောက် အောက်တိုဘာ ၇ ရက်နေ့ ရောက်ရှိလာခဲ့သည်။

    ဟားမတ်စ်တို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် စိတ်ကူးထားသည်ထက် ပိုမိုနက်ရှိုင်းသော နောက်ခံအကြောင်းတရားများ ရှိနေသည်။ ၎င်းမှာ ဟားမတ်စ်တို့အပေါ် အီရန်၏ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပံ့ပိုးမှု၊ လေ့ကျင့်ပေးမှု၊ ဘဏ္ဍာရေးထောက်ပံ့မှုနှင့် ဝါဒရေးရာ အားပေးမှုတို့၏ ရလဒ်ပင် ဖြစ်သည်။ တိုက်ခိုက်မည့်အချိန်အတိအကျကို ခါမေနီက ခွင့်ပြုခဲ့သည်ဖြစ်စေ၊ မပြုခဲ့သည်ဖြစ်စေ “အစ္စရေးသည် တရားမဝင်သော နိုင်ငံဖြစ်ပြီး ဖယ်ရှားပစ်ရမည့် အကျိတ်တခုဖြစ်သည်” ဆိုသည်မှာ ခါမေနီ၏ ယုံကြည်ချက်ပင် ဖြစ်သည်။ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုသည် ခါမေနီ၏ လျှို့ဝှက်လက်လှုပ်ရှားမှု၏ အဆိုးရွားဆုံး ဥပမာဖြစ်ခဲ့ပြီး နှစ်နှစ်ကျော်အကြာတွင် ထိုဖြစ်ရပ်ကပင် သူ့အား နိဂုံးချုပ်စေခဲ့သည်။

    ကြိုတင်စီစဉ်ထားသော ရွေးကောက်ပွဲများနှင့် ပြုပြင်ပြောင်းလဲမှု ကင်းမဲ့သော အုပ်ချုပ်ရေး

    Mm News.xyz 2026 03 02 133907

    ခါမေနီ၏ အမွေအနှစ်ကို အီရန်နယ်နိမိတ်အတွင်း၌လည်း တွေ့မြင်နိုင်သည်။ ပြည်တွင်း၌ သူသည် ဆယ်စုနှစ် သုံးခုအတွင်း တော်လှန်ရေး၏ မူလကတိကဝတ်များကို တဖြည်းဖြည်းချင်း ဖျက်ဆီးပစ်ခဲ့သည်။

    အီရန်ရွေးကောက်ပွဲများသည် ကြိုတင်စီစဉ်ထားသည့် ပွဲလမ်းသဘင်များသာ ဖြစ်ခဲ့ပြီး သူ၏ ခွင့်ပြုချက်ရသူများသာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့်ရှိခဲ့သည်။ ပြုပြင်ပြောင်းလဲရေးသမားများကို ဟန်ပြအတိုက်အခံအဖြစ်သာ တည်ရှိခွင့်ပြုခဲ့သည်။ ၂၀၀၉၊ ၂၀၁၇၊ ၂၀၁၉ နှင့် ၂၀၂၂ ခုနှစ်များတွင် အီရန်ပြည်သူများက ဖိနှိပ်ချုပ်ချယ်မှုနှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု အလွဲများအပေါ် လမ်းပေါ်ထွက် ဆန္ဒပြသည့်အခါတွင်လည်း အစိုးရက အပြင်းအထန် နှိမ်နင်းခဲ့သည်။ အစ္စလာမ္မစ်သမ္မတနိုင်ငံတော်ကို ပြည်သူ့မေတ္တာထက် ဖိနှိပ်ချုပ်ချယ်မှုဖြင့်သာ ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

    ခါမေနီသည် သမိုင်း၏ တရားစီရင်မှုအကြောင်းကို မကြာခဏ ပြောဆိုခဲ့သော်လည်း သမိုင်းသည် မိမိကိုယ်ကို မထိခိုက်နိုင်သူဟု ယုံကြည်နေသူများကို မျှော်လင့်မထားသည့် အဆုံးသတ်များဖြင့် ပြန်လည် အံ့အားသင့်စေတတ်သည်။

    ခါမေနီအား နိဂုံးချုပ်ပေးလိုက်ခြင်းသည် ချစ်ခြင်းမေတ္တာအစား မုန်းတီးမှုကို ရွေးချယ်ခဲ့သူ၊ ငြိမ်းချမ်းရေးအစား စစ်ပွဲကို ရွေးချယ်ခဲ့သူတဦးအား ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်။ လောလောဆယ်တွင် အစ္စလာမ္မစ်သမ္မတနိုင်ငံတော် ဆက်ရှိနေသေးသော်လည်း အစ္စရေးနှင့် အမေရိကန်တို့က အစိုးရ၏ ယန္တရားများကို ဆက်လက်တိုက်ခိုက်နေချိန်တွင် ပြည်သူများက ထကြွ၍ မိမိတို့၏နိုင်ငံကို ပြန်လည်ရယူနိုင်မလားဆိုသည်မှာ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

    ခါမေနီ၏ ဘဝသည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများကြားတွင် နိဂုံးချုပ်သွားခဲ့ရပြီး သူ၏ လက်တဖက်ကိုလည်း နောက်နောင် ဖုံးကွယ်ထားရန် မလိုတော့ပေ။

    The Jerusalem Post မှ Khamenei’s hidden hand concealed his flaw, and his long-reach of terror – analysis အား Brownie ဘာသာပြန်သည်။

  • ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ၇၅ ရာခိုင်နှုန်း ရှိ

    ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ၇၅ ရာခိုင်နှုန်း ရှိ

    ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ၇၅ ရာခိုင်နှုန်း ရှိတယ်လို့ အကြားအမြင် ဆရာလေး လင်းညှို့တာရာက အတတ်ဟောလိုက်ပါတယ်။

    ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှု အပေါ် မှတ်ချက်ပြုရင်း ဟောခဲ့တာ ဖြစ်ပါတယ်။

    မတူတဲ့ပုံစံတွေနဲ့ ဖြေလျှော့ဦးမှာ ကြည့်နေ၊ အမေစုကို လွတ်ဖို့ ၇၅ ရာခိုင်နှုန်းလောက်တော့ရှိတယ်။

    အချို့ဆုံးဖြတ်ချက်တွေကို ခင်ဗျားတို့ လက်ခံနိုင်ကြမှာတော့ မဟုတ်ဘူး။

    လက်မခံနိုင်လည်း လက်ခံပေးရဖို့တွေ ရှိကြလိမ့်မယ်။ ကျနော်ကတော့ တွေးကြည့်တာတော့ လက်ခံနိုင်ဖို့တော့ အတော်ခက်တယ်။

    လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်တွင်းရောက်နေသူ အများအပြား ယနေ့ လွတ်မြောက်နိုင်မယ်လို့ သိရပါတယ်။

    Mm News.xyz 2026 03 02 131831

    ဒီကနေ့က ထောင်ကနေ စစ်ကောင်စီ ရဲ့ လွတ်ပေးခဲ့တဲ့ ရာဇဝင်မှာ အကောင်းဆုံးပဲ ၊ ၅၀(ည) နဲ့ ၅၂(က) လို့ ခေါ်တဲ့ အမှုနှစ်ခုပါ ပိတ်သိမ်းလိုက်တယ်။

    ဒီအမှုနဲ့ ထောင်ထဲမှာ နှစ် ၂၀ ကနေ တစ်သက်တစ်ကျွန်းကျနေတဲ့သူတွေ အများကြီးရှိတယ်။

    အခုအချိန်မှာ ထောင်ထဲကသူတွေလည်း အနေအစား မချောင်လည်ဘူး ဒုက္ခရောက်နေတယ်။

    နောက်ဆုံး ထောင်ထဲမှာ မလွတ်ရဲလောက်သေးတဲ့ ပုဒ်မ နဲ့ နာမည်ကြီးတွေလောက်ပဲ ချန်ထားဖို့များတယ် အတော်များများ လွှတ်ပေးမှာ၊ လွတ်ပေးတာကိုတော့ ဝမ်းသာပေးရမယ်။

    ဘာလို့လဲသိလား ထောင်ကျဘူးတဲ့သူတွေပဲ ထောင်ထဲမှာ နေရတဲ့ ဒုက္ခကို နားလည်တာ ၊ ထောင်ထဲမှာ ဘယ်သူမဆို တစ်စက္ကန့်တောင် မနေချင်ဘူး ၊ ငှက်ဖမ်းသမားက ငှက်ကိုလွတ်ပေးတာ ဝမ်းသာစရာလိုလို့လားမေးရင် ဝမ်းသာသင့်ရင် ဝမ်းသာရမှာပဲ၊ ကျွန်တော့်ဆီကို နေ့တိုင်းကွန်မန့်ရေးနေတဲ့သူတွေ အများကြီးရှိတယ် ကျွန်မသားလေး ထောင်ထဲကနေ အမြန်လွတ်ပါစေ စသဖြင့် ကွန်မန့်တွေအများကြီးပဲ။

    စစ်ကောင်စီကို ခွင့်လွှတ်ပေးစရာတော့ ဘာအကြောင်းမှမရှိဘူး ကောင်းတာတွေထဲမှာ ဒီလိုမျိုးတွေ လုပ်ပေးတာတော့ ခင်ဗျားတို့ ဝမ်းမသာတောင် ကျွန်တော် ဝမ်းသာတယ်၊ အပြင်က နောက် ၁၀ နှစ်လား ၁၅ နှစ်လားမှ တွေ့ရမယ်ဆိုတဲ့ မိသားစုတွေရဲ့ဆန္ဒတွေတော့ ပြည့်သွားတယ်။

    အပြင်ကသူတွေတောင် နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ထောင်ထဲမှာ အစားဆင်းရဲ နဲ့ ပိတ်လှောင်ခံနေရတာ လွတ်မြောက်သွားတာတော့ ဝမ်းသာတယ်လေ။

    မကျေနပ်တာက မကျေနပ်တာပဲ ဝမ်းသာစရာက ဝမ်းသာစရာပဲ။ ဘာဖြစ်နေကြတာလဲ ခင်ဗျားတို့က ။

    အမေစု ကို မလွတ်သေးဘူးလား မေးကြလို့ အမေစု လို လူမျိုး လွှတ်ပီးဆိုရင် နိုင်ငံရေးစကားဝိုင်း စတော့မှာမို့လို့ပဲ ဒီနှစ်ထဲမှာ စကစက မတူတဲ့ပုံစံတွေနဲ့ ဖြေလျှော့အုန်းမှာ

    ကြည့်နေ အမေစုကို လွတ်ဖို့ ၇၅ ရာခိုင်နှုန်းလောက်တော့ရှိတယ်။

    အချို့ဆုံးဖြတ်ချက်တွေကို ခင်ဗျားတို့ လက်ခံနိုင်ကြမှာတော့မဟုတ်ဘူး။

    လက်မခံနိုင်လည်း လက်ခံပေးရဖို့တွေ ရှိကြလိမ့်မယ်။

    ကျနော်ကတော့ တွေးကြည့်တာတော့ လက်ခံနိုင်ဖို့တော့ အတော်ခက်တယ်။

    အကြမ်းဖက်မှုတိုက်ဖျကရေးဥပဒေ ပုဒ်မ ၅၀(ည)က စစ်တပ်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုခုထံသို့ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများ ပြုလုပ်ပါက တရားစွဲဆိုခံရသည့် ပုဒ်မဖြစ်ပြီး အများဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မ ။

    အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းတခုခုတွင် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်ဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ လုပ်ကိုင်ပေးသည်အခါ တရားစွဲဆိုသော ပုဒ်မဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်၇ နှစ်အထိ ချမှတ်နိုင်တယ်။

    လင်းညှို့တာရာ

  • အီရန်၏ အဆင်ခြင်မဲ့တုံ့ပြန်မှုကို ခုခံမည်ဟု ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ထုတ်ပြန်

    အီရန်၏ အဆင်ခြင်မဲ့တုံ့ပြန်မှုကို ခုခံမည်ဟု ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ထုတ်ပြန်

    အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းပစ်ခတ်နိုင်စွမ်းကို အရင်းအမြစ်ကနေ ချေမှုန်းပစ်မဲ့ ခုခံကာကွယ်ရေး ဆောင်ရွက်ချက်တွေကို လိုအပ်လာရင် လုပ်ဆောင်သွားမယ်လို့ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်ခေါင်းဆောင်တွေက ပူးတွဲကြေညာလိုက်ပါတယ်။

    ကနဦး အမေရိကန်နဲ့ အစ္စရေး စစ်ဆင်ရေးတွေမှာ မပါဝင်တဲ့ နိုင်ငံတွေအပေါ် အီရန်က အဆင်ခြင်မဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

    “အီရန်ရဲ့ အဆင်ခြင်မဲ့ တိုက်ခိုက်မှုတွေဟာ မဟာမိတ်တွေကို ပစ်မှတ်ထားနေပြီး ကျနော်တို့ရဲ့ စစ်မှုထမ်းတွေနဲ့ အရပ်သားတွေကိုပါ ခြိမ်းခြောက်နေတယ်” လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

    ဒါကြောင့် မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကိစ္စအတွက် အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း ပါရှိပါတယ်။

    အီရန်ဟာ အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထားပြီးတော့ ပင်လယ်ကွေ့နိုင်ငံတချို့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

    ဒီတိုက်ခိုက်မှုတွေကြောင့် အီရတ်မြောက်ပိုင်း အာဘေးလ်က နိုင်ငံတကာစစ်စခန်းနဲ့ ဂျော်ဒန်နိုင်ငံ အရှေ့ဘက်က ဂျာမနီတပ်ဖွဲ့စခန်းတွေ ထိမှန်ခဲ့ပေမဲ့ ထိခိုက်သေဆုံးသူ မရှိဘူးလို့ ဂျာမနီစစ်တပ်က အတည်ပြုပါတယ်။

    ဒါပေမဲ့ မတ် ၁ ရက်က အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ အကြီးစားတိုက်ခိုက်မှုကြောင့် ရီယတ်၊ ဒူဘိုင်း၊ ဂျေရုဆလင် စတဲ့ မြို့ကြီးတွေမှာ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့ပြီး အစ္စရေးနိုင်ငံ ဘီယက်ရှီမက်ရှ်မြို့မှာတော့ အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။

    အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံက ခေါင်းဆောင်ကြီး အလီခါမေနီ လုပ်ကြံခံရမှုအတွက် ကျူးလွန်သူတွေကို လက်တုံ့ပြန်ဖို့က အီရန်ရဲ့ တရားဝင်တာဝန်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အာရက်ချီကလည်း “ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ဘာမဆို လုပ်သွားမှာဖြစ်ပြီး ဘောင်ကန့်သတ်ထားတာ မရှိဘူး” လို့ မတ် ၁ ရက်မှာ ABC သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

  • ခါမေနီကို သုတ်သင်နိုင်ခဲ့သည့် တိုက်ခိုက်မှုနောက်ကွယ်မှ CIA ၏ ထောက်လှမ်းရေးစွမ်းပကား

    ခါမေနီကို သုတ်သင်နိုင်ခဲ့သည့် တိုက်ခိုက်မှုနောက်ကွယ်မှ CIA ၏ ထောက်လှမ်းရေးစွမ်းပကား

    အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရန် အသင့်ပြင်နေချိန်တွင် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)သည် အရေးအကြီးဆုံး ပစ်မှတ်ဖြစ်သည့် အီရန်ဦးသျှောင်အယာတိုလာ အလီ ခါမေနီ တည်ရှိရာနေရာကို အတိအကျ စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

    စီအိုင်အေသည် ခါမေနီ၏ သွားလာလှုပ်ရှားမှုပုံစံများနှင့် တည်နေရာများကို လပေါင်းများစွာ စောင့်ကြည့် ထောက်လှမ်းခဲ့ခြင်းဖြင့် ခိုင်လုံသောသတင်းအချက်အလက်များ ရရှိခဲ့ကြောင်း စစ်ဆင်ရေးနှင့် နီးစပ်သူများက ပြောသည်။

    ထို့နောက် တီဟီရန်မြို့လယ်ရှိ ခေါင်းဆောင်မှုဝင်းအတွင်း၌ အီရန်ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးတခုကို စနေနေ့နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စီအိုင်အေက သိရှိခဲ့သည်။ အရေးကြီးဆုံးအချက်မှာ အဆိုပါနေရာ၌ အီရန်ဦးသျှောင်ကိုယ်တိုင် ရှိနေမည်ဟူသော အချက်ပင်ဖြစ်သည်။

    ရရှိလာသော ထောက်လှမ်းရေးသတင်းသစ်ကို အမိအရအသုံးချရန်အတွက် အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့၏ တိုက်ခိုက်မည့်အချိန်ဇယားကို ညှိနှိုင်းပြင်ဆင်ခဲ့ကြကြောင်း ဆုံးဖြတ်ချက်အကြောင်း သိရှိနားလည်သူများက ဆိုသည်။

    ယင်းသတင်းအချက်အလက်သည် အီရန်ထိပ်တန်းခေါင်းဆောင်များနှင့် ဦးသျှောင်ခါမေနီတို့ကို အမြစ်ဖြတ်ချေမှုန်းနိုင်မည့် အခွင့်ကောင်းနှင့် အစောပိုင်းစစ်ရေးအောင်ပွဲကို နှစ်နိုင်ငံစလုံးအား ရရှိစေခဲ့သည်။

    ခါမေနီကို ယခုကဲ့သို့ အံ့အားသင့်ဖွယ် လျင်မြန်စွာဖယ်ရှားနိုင်ခဲ့ခြင်းမှာ တိုက်ခိုက်မှုမတိုင်မီ အမေရိကန်နှင့် အစ္စရေးတို့အကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်လှမ်းရေးသတင်းဖလှယ်မှုများကြောင့် ဖြစ်သည်။

    အထူးသဖြင့် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ၁၂ ရက်ကြာ စစ်ပွဲနောက်ပိုင်း အီရန်ခေါင်းဆောင်ပိုင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံးက နက်နက်ရှိုင်းရှိုင်း ထောက်လှမ်းသိရှိထားခြင်းကြောင့်လည်း ဖြစ်သည်။

    ထို့ပြင် ယင်းစစ်ဆင်ရေးသည် အစ္စရေးနှင့် အမေရိကန်တို့က စစ်ပွဲအတွက် ပြင်ဆင်နေကြောင်း ရှင်းလင်းသောအချက်ပြမှုများ ပေးနေသည့်အချိန်တွင်ပင် အီရန်ခေါင်းဆောင်များက ကာကွယ်ရန် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ပျက်ကွက်ခဲ့ခြင်းကိုလည်း ဖော်ပြနေသည်။

    ယင်းစစ်ဆင်ရေးသည် အစ္စရေးနှင့် အမေရိကန်တို့က စစ်ရေးပြင်ဆင်နေကြောင်း ရှင်းလင်းစွာ အချက်ပြနေသည့်တိုင် အီရန်ခေါင်းဆောင်များဘက်မှ လုံလောက်သော ကြိုတင်ကာကွယ်မှုမရှိခြင်းကို ဖော်ပြနေသည်။

    အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) သည် အီရန်အဓိပတိ ခါမေနီ တည်ရှိရာနေရာနှင့် ပတ်သက်သည့် “အလွန်တိကျသော” ထောက်လှမ်းရေးသတင်းများကို အစ္စရေးထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။

    ထိခိုက်လွယ်သော စစ်ရေးစီမံကိန်းများကို ဆွေးနွေးခြင်းဖြစ်သဖြင့် ၎င်းတို့က အမည်မဖော်ဘဲ ပြောကြားခဲ့ကြသည်။

    အစ္စရေးသည် အမေရိကန်နှင့် မိမိတို့၏ ထောက်လှမ်းရေးသတင်းများကို အသုံးချကာ လပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားသည့် “အီရန်ထိပ်တန်းခေါင်းဆောင်များကို ပစ်မှတ်ထားလုပ်ကြံမှု” ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

    မူလက စစ်ဆင်ရေးအား အမှောင်ထုကို အကာအကွယ်ယူ၍ ညဖက်တိုက်ခိုက်ရန် အမေရိကန်နှင့် အစ္စရေးအစိုးရတို့က စီစဉ်ခဲ့သော်လည်း၊ စနေနေ့နံနက်ပိုင်း တီဟီရန်ရှိ အစိုးရဝင်းအတွင်း လူစုဝေးမည့်သတင်းအရ တိုက်ခိုက်မည့်အချိန်ကို ပြောင်းလဲသတ်မှတ်ခဲ့ကြသည်။

    အီရန်သမ္မတရုံး၊ ဦးသျှောင်ရုံးနှင့် အမျိုးသားလုံခြုံရေးကောင်စီရုံးများ တည်ရှိရာနေရာ၌ ခေါင်းဆောင်များတွေ့ဆုံရန် စီစဉ်ထားကြသည်။

    အဆိုပါစုဝေးမှုတွင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) စစ်သေနာပတိချုပ် မိုဟာမက် ပတ်ခ်ပူ၊ ကာကွယ်ရေးဝန်ကြီး အာဇစ် နာဆီယာဇာဒေး၊ စစ်ဘက်ကောင်စီဥက္ကဋ္ဌ အလီ ရှမ်ခါနီ၊ IRGC လေကြောင်းနှင့် အာကာသတပ်ဖွဲ့မှူး ဆယက် မာဂျစ် မူဆာဗီနှင့် ထောက်လှမ်းရေးဒု-ဝန်ကြီး မိုဟာမက် ရှီရာဇီအပါအဝင် အီရန်ကာကွယ်ရေးကဏ္ဍမှ ထိပ်တန်းအရာရှိကြီးများ တက်ရောက်မည်ဖြစ်ကြောင်း အစ္စရေးက အတည်ပြုနိုင်ခဲ့သည်။

    စစ်ဆင်ရေးကို အစ္စရေးစံတော်ချိန် နံနက် ၆ နာရီခန့်တွင် အခြေစိုက်စခန်းများမှ တိုက်လေယာဉ်များ ပျံတက်ခြင်းဖြင့် စတင်ခဲ့သည်။ တိုက်ခိုက်ရန် လေယာဉ်အရေအတွက် အနည်းငယ်သာလိုအပ်သော်လည်း တာဝေးပစ်ခတ်နိုင်သည့် တိကျမှုမြင့်မားသော လက်နက်ခဲယမ်းများကို အသုံးပြုခဲ့သည်။

    လေယာဉ်များ ပျံတက်ပြီး ၂ နာရီ ၅ မိနစ်အကြာ၊ တီဟီရန်စံတော်ချိန် နံနက် ၉ နာရီ ၄၀ မိနစ်တွင် တာဝေးပစ် ဒုံးကျည်များက အစိုးရဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အီရန်အမျိုးသားလုံခြုံရေး အရာရှိကြီးများသည် အဆိုပါဝင်းအတွင်းရှိ အဆောက်အအုံတခုတွင် ရှိနေကြပြီး၊ ခါမေနီမှာမူ အနီးရှိ အခြားအဆောက်အအုံတခုတွင် ရှိနေခဲ့သည်။

    The New York Times က ဖတ်ရှုခဲ့ရသည့် အစ္စရေးကာကွယ်ရေးအရာရှိတဦး၏ သတင်းစကားတွင် “ယနေ့နံနက်တွင် တီဟီရန်ရှိ နေရာအချို့၌ တပြိုင်နက်တည်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး၊ ယင်းတို့အနက် တနေရာတွင် အီရန်နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍမှ ထိပ်တန်းပုဂ္ဂိုလ်များ စုဝေးနေသည့်နေရာဖြစ်သည်” ဟု ဖော်ပြထားသည်။

    အီရန်က စစ်ရေးပြင်ဆင်မှုများ ရှိနေသော်လည်း အစ္စရေးသည် ယခုတိုက်ခိုက်မှုတွင် “စစ်ဗျူဟာမြောက် အငိုက်မိအောင်” လုပ်ဆောင်နိုင်ခဲ့သည်ဟု ယင်းအရာရှိက ပြောကြားသည်။ အိမ်ဖြူတော်နှင့် စီအိုင်အေ တို့ကမူ ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

    တနင်္ဂနွေနေ့တွင် အီရန်နိုင်ငံပိုင်သတင်းအေဂျင်စီ (IRNA) က စနေနေ့တိုက်ခိုက်မှုအတွင်း စစ်ဘက်ခေါင်း ဆောင်နှစ်ဦးဖြစ်သူ ရှမ်ခါနီနှင့် ပတ်ခ်ပူတို့ သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။

    ယင်းစစ်ဆင်ရေးသည် ခိုင်မာသော ထောက်လှမ်းရေးသတင်းနှင့် လပေါင်းများစွာ ကြိုတင်ပြင်ဆင်မှုများ၏ ရလဒ်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

    ပြီးခဲ့သည့် ဇွန်လက အီရန်၏ နျူကလီးယားပစ်မှတ်များကို တိုက်ခိုက်ရန် စီစဉ်နေစဉ်အတွင်း၊ ခါမေနီ ပုန်းအောင်းနေသည့်နေရာကို အမေရိကန်က သိရှိထားပြီး လုပ်ကြံနိုင်စွမ်းရှိကြောင်း သမ္မတ ဒေါ်နယ် ထရမ့် က အခိုင်အမာ ပြောကြားခဲ့ဖူးသည်။

    ယင်းထောက်လှမ်းရေးသတင်းမှာ ယခုစနေနေ့ စစ်ဆင်ရေးတွင် အမေရိကန် အားကိုးအားထားပြုခဲ့သည့် ကွန်ရက်တခုတည်းမှပင် ရရှိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အရာရှိဟောင်းတဦးက ဆိုသည်။

    သို့သော် ထိုအချိန်မှစ၍ အမေရိကန်၏ သတင်းရယူနိုင်စွမ်းမှာ ပိုမိုကောင်းမွန်လာခဲ့ကြောင်း အရာရှိဟောင်းနှင့် အခြားသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

    ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်ဦးသျှောင်နှင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့တို့ ဖိအားပေးခံရချိန်တွင် မည်သို့ဆက်သွယ်ပြောဆို လှုပ်ရှားသည်ကို အမေရိကန်က ပိုမိုသိရှိလာခဲ့ကြောင်း အရာရှိဟောင်းက ပြောကြားသည်။

    အမေရိကန်သည် ထိုသတင်းအချက်အလက်ကို အသုံးချ၍ ခါမေနီ၏ တည်နေရာကို ခြေရာခံရန်နှင့် ၎င်း၏လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်စွမ်းကို မြှင့်တင်နိုင်ခဲ့သည်။

    ထို့ပြင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ထောက်လှမ်းရေး အရာရှိကြီးများ၏ တည်နေရာ အသေးစိတ်ကိုလည်း စုဆောင်းထားနိုင်ခဲ့သည်။

    စနေနေ့က ခေါင်းဆောင်မှုဗဟိုဌာန တိုက်ခိုက်ခံရပြီးနောက် ဆက်တိုက်ဆိုသလိုပင် ထောက်လှမ်းရေးခေါင်းဆောင်များရှိနေသည့် နေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးအကြောင်း သိရှိသူများက ဆိုသည်။

    အီရန်၏ ထိပ်တန်းထောက်လှမ်းရေးအရာရှိမှာ လွတ်မြောက်သွားခဲ့သော်လည်း၊ အီရန်ထောက်လှမ်းရေး အေဂျင်စီများမှ အဆင့်မြင့်အရာရှိကြီး အမြောက်အမြား သေကြေပျက်စီးခဲ့ရကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။