Author: Baby Yit Lone
-

Ralph Breaks the Internet
Ralph Breaks the Internet (2018) ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇာတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘဝကို ပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ။ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီး အပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ဝင်နေတဲ့ အချိန် Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေဖောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီလို…
-

Song Sung Blue
Song Sung Blue (2025) ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသားကြီး Hugh Jackman (X-Men မင်းသား) နဲ့ မင်းသမီး Kate Hudson တို့ အဓိကပါဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဂီတဒရာမာ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မေဝေါ်ကီ (Milwaukee) မြို့က သာမန်လူတန်းစား နှစ်ဦးဖြစ်တဲ့ Mike (Hugh Jackman) နဲ့ Claire (Kate Hudson) တို့ရဲ့ အချစ်ဇာတ်လမ်းကို အဓိက ပုံဖော်ထားတာပါ။ Mike က အရက်ဖြတ်ထားတဲ့ ဗီယက်နမ်စစ်ပြန် တစ်ဦးဖြစ်ပြီး နာမည်ကြီး အဆိုတော် Neil Diamond ရဲ့ သီချင်းတွေကို လိုက်ဆိုနေတဲ့ အပျော်တမ်း အဆိုတော်တစ်ဦးပါ။ Claire ကတော့ ကလေးနှစ်ယောက်မိခင် Single…
-

Bha Bha Ba
Bha Bha Ba (2025) အရူးများကမ္ဘာမှကြိုဆိုပါ၏ လူတွေအားလုံးကတစ်ယောက်တစ်မျိုးနဲ့ ရူးနေကြတဲ့ အရူးတွေပါ။ ဒါပေမဲ့ ကိုယ့်ထက်ပိုရူးတဲ့ သူနဲ့တွေ့တဲ့အခါမှာတော့ကြောက်လန့် သွားတတ်ကြပါတယ်။ ဒီဇာတ်လမ်းမှာ အမည်မသိ လူစိမ်းတစ်ယောက်က ကီရာလာပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်သူ စီကေ ဂျိုးဆက် ကို လူထုဟောပြောပွဲတစ်ခုအတွင်းမှာ ရဲရဲဝံ့ဝံ့ ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့သားဖြစ်သူ အထူးစုံစမ်းစစ်ဆေးရေးအရာရှိက ဒီအမှုကို လိုက်လံဖြေရှင်းရပါတော့တယ်။ ပြန်ပေးဆွဲသူဟာ ဝန်ကြီးချုပ်ကို ဘာကြောင့်ဖမ်းဆီးရတာလဲ၊ သူ့ရဲ့နောက်ကြောင်းရာဇဝင်က ဘာလဲဆိုတာကို ဟာသနှောပြီး တဖြည်းဖြည်းချင်း ဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ်။
-

Gurram Paapi Reddy
Gurram Paapi Reddy (2025) လောဘသားကောင်များ အလွဲအချော်ပေါင်းများစွာနဲ့ လူ့လောဘကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Crime Comedy ဇာတ်ကားတစ်ကားပါ။ ၂ နာရီကျော်ကြာပေမဲ့ လုံးဝပျင်းမသွားဘဲ ထိုင်ရယ်နေရမဲ့ကားမျိုးကြည့်ချင်သူများအတွက် ဒီကားကိုရွေးကြပါ။ အားလုံးရဲ့အချစ်တော် ယိုဂီဘာဘူလည်း ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းက ပုံမှန်မဟုတ်တဲ့ ရာဇဝတ်မှုတစ်ခုနဲ့အတူ စတင်ထားတာဖြစ်ပြီး Gurram Paapi Reddy က မထင်မှတ်ဘဲ အဲ့ဒီအရှုပ်အထုပ်ကြီးထဲကို ခြေစုံပစ်ဝင်လိုက်ရပါတယ်။ အေးအေးဆေးဆေးနေချင်တဲ့ သူ့ရဲ့ဘဝထဲကို ထူးဆန်းတဲ့ဇာတ်ကောင်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတဲ့အခါမှာတော့ အခြေအနေတွေဟာ သူထိန်းချုပ်လို့မရတော့ဘဲ လုံးဝ ကမောက်ကမ ဖြစ်ကုန်ပါတော့တယ်။ အထူးသဖြင့် လူရွှင်တော်ကြီး Brahmanandam နဲ့ အဖွဲ့သားတွေရဲ့ ကြားဝင်နှောက်ယှက်မှုတွေ၊ ငွေကြေးနဲ့ လောဘနောက်ကွယ်က အလွဲအချော်တွေကြားမှာ ဇာတ်ကောင်တွေဟာ ဘယ်သူ့ကိုယုံရမှန်းမသိအောင် ဖြစ်လာကြပါတယ် ပြောရရင် ရာဇဝတ်မှုတွေရဲ့…
-

Not Without Hope
Not Without Hope (2025) Shazam မင်းသား Zachary Levi အဓိကပါဝင်သရုပ်ဆောင်ထားပြီး သမုဒ္ဒရာအလယ်မှာ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အမေရိကန် ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ Nickတို့သူငယ်ချင်း လေးယောက်ဟာ မက္ကဆီကိုပင်လယ်ကွေ့ထဲကို ပျော်ပျော်ပါးပါး ငါးဖမ်းထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ သူတို့စီးလာတဲ့ လှေဟာ ပင်လယ်လယ်ခေါင်မှာ တိမ်းမှောက်သွားခဲ့တဲ့အခါ သူတို့ရဲ့ ပျော်ရွှင်စရာ ငါးဖမ်းခရီးစဉ်ဟာ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။ အကူအညီမဲ့နေတဲ့ သမုဒ္ဒရာအလယ်၊ အစာရေစာပြတ်လတ်မှု၊ အအေးဒဏ်နဲ့ ရက်စက်တဲ့ မုန်တိုင်းဒဏ်တွေကို သူတို့ ဘယ်လိုရင်ဆိုင်ခဲ့ကြမလဲ။ မိသားစုဆီ ပြန်ရောက်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားပေးရင်း သေခြင်းတရားကို အံတုခဲ့ကြတဲ့…