Author: Baby Yit Lone

  • မြင်းခြံပသစသတင်း

    မြင်းခြံပသစသတင်း

    PDF လူငယ်လေး နှစ်ယောက်ကို အရှင်လတ်လတ် မီးမြှိုက် သ-က်ဖြတ် ခဲ့တဲ့ သီတာယုမွန်ကို လက်စားချေချင်သော အားဖြင့် ယခုဖမ်းမိထားတဲ့ အန်တီသီတာ့ ယောကျာ်းဖြစ်သူ စိန်လွင် ကို ရှင်းလိုက်မည်ဆိုပါက ကျပ် သိန်း ၅၀၀ ဆုချီးမြှင့်မည်ဟု ပြည်သူတစ်ဦးက ကြေညာလိုက်သည်။ အန်တီသီတာဘက်ကလည်း အဆိုပါ စိန်လွင်နှင့် ကွာရှင်းပြတ်ဆဲထားတာကြာပြီ ဖြစ်ကြောင်း ၊ စိန်လွင်က အန်တီသီတာ၏ ဒုတိယလင်ဖြစ်ကြောင်း၊ ပထမလင်နှင့်ကွဲကာ စိန်လွင်နှင့် ယူခဲ့ကြောင်း၊ ယူပြီးမှ စိန်လွင်ဟာ မိန်းမတအားရှုပ်တာ သိရကြောင်း၊ ထို့ကြောင့် ရှင်းလိုက်လျှင်လည်းဝမ်းသာမည်ဖြစ်ကြောင်း လူမှုကွန်ယက်မှတဆင့် ပြန်လည်ချေပထားသည်။ အလားတူ ထိုင်းရောက်နေတဲ့ ယခင် လင်ကြီးနဲ့ရထားတဲ့ သီတာယုမွန်သမီး အကြီးမ ယွန်းယုလွင်ဦးကို နေရာပြောင်းခိုင်းနေပြီး ထိုင်းရောက်မြန်မာပြည်သူများကလည်း အသည်းသန်လိုက်လံ ရှာဖွေနေကြကြောင်းသိရသည်။ အန်တီသီတာယုမွန်ရဲ့ အသက်တမျှချစ်ရသော…

  • နိုင်ငံရေးပေါကားမရိုက်ချင်လို့ စစ်တပ်မုန်းတီးရေးမပြောတာလို့ ဦးကိုကိုကြီးပြော

    နိုင်ငံရေးပေါကားမရိုက်ချင်လို့ စစ်တပ်မုန်းတီးရေးမပြောတာလို့ ဦးကိုကိုကြီးပြော

    နိုင်ငံရေးမှာ စစ်တပ်မုန်းတီးရေးပြောရင် လူကြိုက်များနိုင်တာသိပေမဲ့ နိုင်ငံရေးပေါကား မရိုက်ချင်တာကြောင့် မပြောတာလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက်က ပါတီရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ မဲဆွယ်စည်းရုံးရေး ရုပ်သံမှာသူက အခုလို ပြောတာဖြစ်ပါတယ်။ မြန်မာဇာတ်ကားတွေကို ပရိသတ်ရေချိန်နဲ့ ကိုက်ပြီး ရိုက်ထူးထုတ်လုပ်တဲ့အခါ အရည်အသွေးအပိုင်းမှာ ဝေဖန်ခံရလေ့ရှိတာကို သူက အဲဒီရုပ်သံမှာ နှိုင်းယှဥ်ပြောရင်း အခုလို သုံးနှုန်းသွားတာဖြစ်ပါတယ်။ “စစ်တပ်မုန်းတီးရေးပြောရင် လူကြိုက်များတယ်။ ဒါပေမဲ့ ကျွန်တော်မပြောဘူး။ စစ်တပ်ချစ်တဲ့သူတွေက မချစ်ရကောင်းလားဆိုပြီး ကျွန်တော်ကို တိုက်ခိုက်တာရှိတယ်။ ခေတ်တစ်ခေတ်မှာ လူကောင်းရှိတယ်။ လူဆိုးရှိတယ်။ ဒါကို လက်တွေ့ကျကျဘယ်လိုပြုပြင် မလဲလို့ ပြောတဲ့အခါမှာ စစ်တပ်မုန်းတဲ့သူကလည်းမကြိုက်ဘူး။ ချစ်တဲ့သူကလည်းမကြိုက်ဘူး” လို့ ဦးကိုကိုကြီးက ပြောပါတယ်။ လက်ရှိစနစ်ရဲ့ အားနည်းချက်တွေကို ထောက်ပြပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ဖို့ နိုင်ငံရေးပေါကားမရိုက်ဘူးလို့…

  • ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်

    ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်

    ရေဖြူ၊ ပေါက်ပင်ကွင်းက ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရ ရေး – ထားဝယ်ကားလမ်းမ၊ ရေးမြို့နယ်၊ ကိုးမိုင်ရွာအဝင်တွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါလာသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦး ဒဏ်ရာရရှိကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။ တိမ်းမှောက်သည့်ကားမှာ ရေးမြို့မှ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု၊ ပေါက်ပင်ကွင်းရွာသို့ ပြန်လာသည့် ပေါက်ပင်ကွင်းရွာမှ ခရီးသည်တင်ကားဖြစ်သည်။ “ကားက ဖိုးဘီး (Four Wheels) ကားကို ပြန်ဆင်ထားတဲ့ ကားအမျိုးအစားပါ။ ဈေးကားပုံစံမျိုးပေါ့။ ကားမှောက်ပြီး မီးထလောင်တယ်။ ဘယ်လိုမှောက်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု သွားရောက်ကူညီပေးခဲ့သည့် ရေးမြို့အခြေစိုက် အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက…

  • စိန်လွင် ဖော်ကောင်လုပ်ပြီ

    စိန်လွင် ဖော်ကောင်လုပ်ပြီ

    စိန်လွင် ဖော်ကောင်လုပ်လိုက်တာ KTVသီတာယုမွန် သမီးအကြီးမ ယွန်းယုလွင်ဦး ထိုင်းနိုင်ငံ ×××××× မြို့က ကွန်ဒိုမှာ သာသာယာယာ နေနေတာ ထိုင်းကမြန်မာတွေသိကုန်ပြီ။ သီတာယုမွန်ကသူ့သမီးအကြီးမဆီ လစဉ် သိန်း(၁၀၀) ပို့ပေးရတယ်ဆိုပဲ။ မြင်းခြံမှာ စစ်မှုထမ်းကြေးကောက်လို့ရတဲ့ ပိုက်ဆံထဲကပေးတာတဲ့လေ… သားသမီးချင်း ကိုယ်ချင်းမစာ မြင်းခြံနယ်က သားရှင်သမီးရှင် မိဘတွေဆီက အတင်းအကြပ်‌ တောင်းရမ်းပြီး ကိုယ့်သမီးကျ ထိုင်းကိုပို့ ၊ လစဉ်ကြေးပို့ပေး၊ ဟိုမှာ သာသာယာယာနှပ်နေတာ …… မျက်ရည်တွေနဲ့ ပိုက်ဆံကို ခင်များတို့ စားရက်ကြတယ်ဗျာ။ ဒီလို အလွဲသုံးစားလုပ်နေတာဝောာ့ မကောင်းဘူးလေ ၊ သတင်းတွေကြားပါတယ် … မြေပြင်မှာ အတိုအပြတ်ဖြစ်သွားတဲ့ ပသစတွေကျ လှည့်တောင်မကြည့်ဘူးဆိုပဲ။ အခု သမီးဖြစ်သူနေတဲ့နေရာကို တော်လှန်ရေးဘက်က ရသွားပြီဆိုတော့ သီတာယုမွန်တစ်ယောက် သူ့သမီးထိရင်ရော စိန်လွင်အဖမ်းခံရသလို ယပ်ခတ်ထမင်းစားနေ…

  • တိုင်းမှူးအသစ်ရောက်လာပြီးနောက် ပွိုင့် (၆၆၆) စခန်းမှလူသစ်တပ်သားများ ဆက်တိုက်ထွက်ပြေးနေ

    တိုင်းမှူးအသစ်ရောက်လာပြီးနောက် ပွိုင့် (၆၆၆) စခန်းမှလူသစ်တပ်သားများ ဆက်တိုက်ထွက်ပြေးနေ

    ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) တိုင်းမှူးအသစ် အဖြစ် ဇန်နဝါရီလ ပထမအပတ်အတွင်းရောက်လာပြီးနောက် ပဲခူးတိုင်း၊ပန်းတောင်းတပ်နယ်ရှိ ပွိုင့် (၆၆၆) စခန်းမှ လူသစ်တပ်သားများ ဆက်တိုက်ထွက်ပြေးနေမှုများရှိကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ စစ်တိုက်ရန်တာစူနေသည့် တိုင်းမှူးသူရဇော်လွင်စိုး၏စစ်ရေးစီမံချက်ကြောင့် အာရက္ခတပ်တော် (AA)မှ ဝိုင်းပတ်ပိတ်ဆို့ထားသော ပန်းတောင်းစစ်မျက်နှာ၊ညောင်ကျိုးဒေသမှ ပွိုင့် (၆၆၆) စခန်းမှ စစ်အုပ်စုတပ်သားအသစ်များက အစစ်အဆေးနှင့် မြေမြှုပ်မိုင်းအန္တရာယ်များကြားက လွတ်ရာသို့ထွက်ပြေးနေခြင်းဟု ၎င်းကဆိုသည်။ “သူရဇော်လွင်စိုးအနေနဲ့ သမိုင်းဝင်တိုက်ပွဲတွေမှာလည်း ကိုယ်တိုင်ဦးစီးပြီးတော့ဂီဒုန်မှာဆိုလည်းတပ်ရင်းမှူး၊ တပ်မမှူးဖြစ်တုန်းကဆိုရင်လည်း တောင်ခမ်းဘက်ကနေတိုက်လာတာဆိုတော့ သူကစစ်တိုက်ခြင်းကိုပဲ မွေ့လျော်တယ်။ ညောင်ကျိုးတပေါက်သာပေါက်သွားပြီဆိုရင်သူ့အတွက်က တိုင်းမှူးကနေ သေချာတယ်နောက်ထပ်ဒုတိယဗိုလ်ချုပ်ကြီးတနေရာက သေချာနေပြီပေါ့နော်။ အဲဒီတော့တိုက်စစ်ဆင်မယ့်ပလန်မျိုးတွေရှိပြီထင်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ “ဒါကြောင့်မို့တချို့ဒါမျိုးသတင်းတွေဆိုရင်အောက်ခြေကလူသစ်တပ်သားလေးတွေကကြားသိရင်သူတို့တကယ်ထပ်တိုက်ရတော့မယ်အသေခံပြီးတိုက်ရတော့မယ့်အနေအထားမျိုးမှာပြေးတာပေါ့။သေတာမသေတာထက်သူကရအောင်တိုက်မယ်။အောက်ကသူသေတာသူမသိဘူး။တိုက်စစ်စီမံကိန်းစဖို့ကြားလို့ လူသစ်စစ်သားတွေတောက်လျှောက်ထွက်ပြေးနေကြတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။ လက်ရှိ ပန်းတောင်းတပ်နယ်၊ ညောင်ကျိုးစစ်မျက်နှာတွင်…