Author: Baby Yit Lone
-

တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ထ
တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက် အနှိပ်လာခံသည့် တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့၊ 68Spa အနှိပ်ခန်းမှ မိန်းကလေးတစ်ဦးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ခဲ့ကြောင်း နစ်နာသူနှင့် နီးစပ်သူများထံမှ သိရသည်။ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ယင်းအနှိပ်ခန်းသို့ ဇန်နဝါရီ ၁၆ ရက် ည ၁၀ နာရီတွင် အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသား ၂ ဦးသည် နမ့်ခမ်းမြို့မ ပြည်သူ့စစ် ၅ ဦီးဖြင့် လာရောက်ခဲ့ပြီး အနှိပ်ခံခဲ့ကြောင်း သိရသည်။ ထို့နောက် ည ၁၀နာရီခွဲ တွင် တရုတ်နိုင်ငံသား တစ်ဦးက နှိပ်နင်းပေးနေသည့်…
-

AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ
AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေပြီး တပ်သားသစ်များဖြင့် အစားထိုးနေရ အာရက္ခတပ်တော် (AA) နှင့် စစ်ဆိုင်ထားရသည့် နယ်မြေများကို စစ်ကော်မရှင်က အင်အားထောင်ချီ အသုံးပြုထားရပြီး စစ်ကူနှင့် ရိက္ခာများ အဆက်မပြတ် ပို့ဆောင်နေရသော်လည်း အင်အားပြုန်းတီးမှု အလွန်များပြားနေကြောင်း သိရသည်။ ရခိုင်နှင့် ဧရာဝတီအစပ်ရှိ လေးမျက်နှာ၊ သာပေါင်း၊ အင်္ဂပူ မြို့နယ်များတွင် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ စစ်ကော်မရှင်သည် အဆိုပါတိုက် ပွဲများအတွင်း စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးထားသော တပ်သားသစ်များကို အဓိကပို့ဆောင် နေရကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။ “ရခိုင်အစပ်တိုက်ပွဲတွေမှာ စစ်တပ်က အင်အားပြည့်သုံးနေရတယ်။ ကျန်တဲ့နေရာတွေလည်း ပစ် ထားလို့မရတော့ အင်အားခွဲပို့နေရတာ…
-

မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍
မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍ အများအပြားဒဏ်ရာရ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီကျော်အချိန်က လူမှောင်ခိုပို့သော Ford Ranger အမျိုးအစား ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့၍ ယာဉ်တိုက်မှုဖြစ်ကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။ မဲဆောက်မြို့ မယ်တောင်မီးပွိုင့်အနီးတွင် လူမှောင်ခိုပို့ ကားဟု သံသယရှိ၍ ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ဟန့်တားခဲ့သော်လည်း ကားမှာ ရပ်တန့်ပေးခြင်းမရှိဘဲ မီးပွိုင့်ကို အရှိန်မြှင့်မောင်းနှင် ဖြတ်သန်းခြင်းကြောင့် ကားဘီးအား သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့သည်။ မဲဆောက်မြို့နေ မြန်မာတစ်ဦးက “မယ်တောင်မီးပွိုင့်အနီးမှာ ဒီနေ့ နေ့လယ်လောက်က ထိုင်းရဲတွေက ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးတယ်လို့ ကြားတယ်။ လူမှောင်ခိုပို့တဲ့ ကားရဲ့ ဘီးကို သေနတ်နဲ့ ပစ်ခတ်တာ။…
-

တရုတ်စပွန်ဆာ ရွေးကောက်ပွဲနဲ့ မင်းအောင်လှိုင် ထွက်ပေါက်မရနိုင်
တိုင်းရေးပြည်ရာ အပြောင်းအလဲ မြန်ဆန်တတ်မှုနဲ့ ပတ်သက်လို့ ပြောဆိုလေ့ရှိတဲ့ စကားတခွန်း ရှိတယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်…တဲ့။ ကမ္ဘာကြီးကို လှမ်းကြည့်လိုက်တဲ့ခါ ၂၀၂၆ ဟာ ၂၀၂၅ နဲ့မတူ ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။ ဘယ်သူထင်မလဲ။ အမေရိကန်က ဗင်နီဇွဲလားခေါင်းဆောင် အာဏာရှင် မာဒူရိုကို ဒီလိုနည်းလမ်းနဲ့ ဖယ်ရှားပစ်လိမ့်မယ်လို့။ ဘယ်သူထင်မလဲ။ ဒေါ်နယ်ထရမ့် အစိုးရက ဗင်နီဇွဲလားကို စစ်ရေးအရ ဝင်ရောက်စီးနင်းပြီး အစိုးရအဖွဲ့ အပြောင်းအလဲ (Regime change) ပြုလုပ်လိမ့်မယ်လို့ ထင်မလဲ။ နိုင်ငံရေး အလှည့်အပြောင်းတွေဟာ မထင်မှတ်ချိန်မှာ မထင်မှတ်သလို ပြောင်းလဲ သွားတတ်တယ်။ ဘယ်အရာမှ ပုံသေမရှိ။ ဗင်နီဇွဲလား ကိစ္စကတော့ ရှင်းတယ်။ မာဒူရိုကို ဝင်ရောက်မဖမ်းဆီးခင် လအတန်ကြာကတည်းက ထရမ့်အစိုးရက ဝိုင်းပတ် ပိတ်ဆို့ထားတာ။ ကာရစ်ဘီယံ…
-

ရန်ကုန်၊ ယုဇနပလာဇာစျေးကြီးအနီး မီးလောင်
ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ယုဇနပလာဇာအနီးမှာ မီးလောင်မှုဖြစ်နေလို့ Level 2 အဆင့်နဲ့ ငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် မနက် ၁၀ နာရီခွဲအချိန်က ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း မှာမီးလောင်ခဲ့တာဖြစ်ပါတယ်။ ” မီးတအားများတယ်။ မီးသတ်ကားတွေ အတော်များတယ်။ ပလာဇာရှေ့မှာ လမ်းတွေလည်း ပိတ်နေတယ်။ မီးခိုးတွေလည်းတက်နေတုန်းပဲ” လို့ ယုဇနပလာဇာ အနီးမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။ နှင်းဆီလမ်းနဲ့ ကပ်လျက် စံပယ်လမ်းမှာနေထိုင်သူတစ်ဦးကတော့ မီးထိန်းနိုင်တဲ့ အခြေအနေဆိုပေမဲ့ မီးခိုးတွေဆက်ရှိနေတဲ့ အခြေအနေလို့ပြောပါတယ်။ ” စံပယ်လမ်းမှာဆို မီးခိုးတွေနဲ့ ဖုံးနေပြီး လမ်းတောင် မမြင်ရတော့ဘူး။ မီးခိုးတွေက တက်နေတုန်းပဲ။ မီးခိုးက မဖြူသေးဘူး၊ မည်းလိုက်၊ မီးခိုးရောင်…