Author: Baby Yit Lone
-
လဖ္ဘက်ရည်ဖိုးထုတ်ပေးသော ယဉ်မောင်းအား ရဲဝန်ထမ်းဂုဏ်သိက္ခာစော်ကားတယ်ဟုဆိုကာ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် ဖမ်းဆီးခဲ့တဲ့ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့
လဖ္ဘက်ရည်ဖိုးထုတ်ပေးသော ယဉ်မောင်းအား ရဲဝန်ထမ်းဂုဏ်သိက္ခာစော်ကားတယ်ဟုဆိုကာ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် ဖမ်းဆီးခဲ့တဲ့ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့ Sep 26 Yangon ဖြစ်စဉ်မှာ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့မှ ယဉ်မောင်များအား ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်းလိုက်လံစစ်ဆေးအသိပညာပေးနေစဉ် ဧရာဝတီတိုင်း ငပုတောမြို့နယ်မှ ငါးများတင်ဆောင်လာသော ဟိုက်ဂျက်ယဉ်တစ်စီးအား ဆိုင်ကယ်ဦးထုပ်မဆောင်းပဲ ကားမောင်းသဖြင့် တားဆီးစစ်ဆေးခဲ့ရာ ယဉ်မောင်းမှ ” ကားမောင်းတာ ဆိုင်ကယ်ဦးထုပ်ဆောင်းစရာလိုလို့လား ဆရာကြီးတို့အလုပ်မရှိရင် ပါတီထောင် ရွေးကောက်ပွဲဝင်ပြိုင်ကြပါလားဗျာ။ ရော့ ရော့ ဆရာကြီး လဖ္ဘက်ရည်ဖိုး လေး “ဆိုပြီး ငွေ ၅ထောင်ထုတ်ပေးပြီး ကားမောင်းထွက်သွားသော ယဉ်မောင်းအား ပြည်သူ့ယဉ်ထိန်းရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ငွေ ၅ထောင်နဲ့ စော်ကားတယ် ငါ့အသက်ကိုပင်ပဒါနမထားဘူးဟုဆိုကာ ရဲရင့်သောစိတ်ဓာတ်ဖြင့် ကားတံခါးတွင်တွဲလျားကပ်လျက် လိုက်ပါပြီး အမိအရဖမ်းဆီးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ပြည်သူ့ယဉ်ထိန်းရဲတပ်ဖွဲ့ထံမှသိရပါတယ်။ လိုက်ပါဖမ်းဆီးခဲ့သော ယဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးကိုကိုလတ်အား ယာယီသမ္မတကြီးမှ သူရသတ္တိဘွဲ့ ချီးမြှင့်ခဲ့ပြီး ယဉ်မောင်းကိုတော့…
-
ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ)
ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ) ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၂၅ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေကြုံနေရတဲ့ ဘလော့ဂါ ဗီဗီချန်းဟာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) ကနေ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (PDP) ကို ပြောင်းသွားပါတယ်။ ဗီဗီချန်းဟာ လိင်ပိုင်းဆိုင်ရာ အသိပညာပေး ရုပ်သံတွေကို မျှဝေရင်း နာမည်ရလာသူ ဖြစ်ပြီး နိုင်ငံရေးပါတီဘက် ကူးပြောင်းလာချိန်မှာတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) တွေနဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ ဝေဖန် ဖိအားပေးမှုတွေ ကြုံနေရသူပါ။ နီးစပ်သူတချို့ကတော့ ပြည်သူ့ပါတီဟာ ဝေဖန်မှုတွေ ကြုံနေရတဲ့ ဗီဗီချန်းကို ရန်ကုန်မှာ ဝင်ပြိုင်ခွင့် မပြုဘဲ ကရင်ပြည်နယ်ကနေ ဝင်ပြိုင်ခိုင်းလို့ နှုတ်ထွက်တယ်လို့ ပြောပါတယ်။
-

မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ
မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၅ မန္တလေးမြို့ပေါ်တွင် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ဓာတ်တိုင်မှ နေအိမ်အဝင် လျှပ်စစ်မီးကြိုးများ ခိုးဖြတ်ခံနေရကြောင်း သိရသည်။ ထိုသို့ မီးကြိုးများ ဖြတ်၍ ခိုးယူခံရမှုများမှာ လျှပ်စစ်မီးပျက်ချိန်များအပြင် မီးလာနေချိန်များပါ ခိုးယူခံနေရသလို ထရန်စဖော်မာမှ မီးကြိုးများလည်း အခိုးခံနေရကြောင်း သိရသည်။ “မီးကြိုး ဖြတ်ခိုးတာတွေ တော်တော်များလာတယ်၊ ကြိုးတွေက ဈေးကောင်းနေတော့ သူခိုးအကြိုက်ဖြစ်နေတာ၊ ကျနော်တို့ အိမ်ဆိုရင် မီးလာနေတုန်း ဖြတ်ခိုးတာ သိသိချင်းလိုက်တော့ ပါသွားပြီ၊ မီးပြန်ရဖို့ ပြန်ဝယ်၊ မီးသမားခေါ်နဲ့ ပိုက်ဆံကုန်တဲ့ အပြင် အလုပ်တွေပါ ရှုပ်ကုန်တာပေါ့၊ ၄ သိန်းကျော်လောက် ကုန်သွားတယ်”ဟု မီးကြိုးဖြတ်ခိုးခံရသူတဦးက ပြောသည်။ စက်တင်ဘာ ဒုတိယပတ်အတွင်းက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၇၆…
-
လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား
လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား စက်တင်ဘာလ ၂၅ ရက် လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ယနေ့ ( ၇ ) နာရီ ( ၁၀ )မိနစ်ဝန်းကျင်အချိန် ၌ ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲသံအကျယ်ကြီး ကြားရသည်ဟု ဒေသခံပြည်သူတစ်ဦးမှ Hlaing Info သို သတင်းပေးပိုလာပါသည်။ ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းဖော်ပြ သွားပါမည်။ ပြည်သူများပေးပို့လာသော ပေါက်ကွဲမှုသတင်းများကို လုံခြုံရေးအရ အချိန်နှင့် တပြေညီ မတင်ပြနိုင်မှုအတွက် တောင်ပန်းအပ်ပါသည်။ #HlaingInfo
-
စစ်ခေါင်းဆောင် သွားရောက်သည့် အနုမြူဖိုရမ်မှာ ပိုက်ဆံပေး၍တက်ရောက်နိုင်သော ပွဲဖြစ်ပြီး လူရာဝင်လို၍ တက်ရောက်ခြင်းသာဖြစ်
စစ်ခေါင်းဆောင် သွားရောက်သည့် အနုမြူဖိုရမ်မှာ ပိုက်ဆံပေး၍တက်ရောက်နိုင်သော ပွဲဖြစ်ပြီး လူရာဝင်လို၍ တက်ရောက်ခြင်းသာဖြစ် နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် စက်တင်ဘာ ၂၅ ရက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားတွင် ကျင်းပသည့် “ကမ္ဘာ့အနုမြူ သတင်းပတ်ဖိုရမ်” ကို လူတန်းစားတစ်ရပ်အဖြစ် အသိအမှတ်ပြုခံလို၍ တက်ရောက်နေခြင်းဖြစ်ပြီး အဆိုပါဖိုရမ်သည် မည်သူမဆို ဝင်ကြေးပေး၍ တက်ရောက်နိုင်သည့် ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။ စစ်ခေါင်းဆောင်သည် ယနေ့ စက်တင်ဘာ ၂၅ မှ ၂၈ ရက်နေ့အထိ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်ကို တက်ရောက်ရန်အတွက် ရုရှားနိုင်ငံသို့ အလုပ်သဘော ခရီးစဥ်အဖြစ် ရောက်နေသော်လည်း ယင်းဖိုရမ်သည် ယူရိုငွေပေးကာ တက်၍ရသလို အထူးလျော့ဈေး လည်းရှိကြောင်း သိရသည်။ “ရုရှားဖိုရမ်ကို သွားတက်တာ အလကားမဟုတ်ဘူး။ ယူရို ၂၂၀၀…