Author: Baby Yit Lone
-

စစ်ကောင်စီက တီမောသံရုံးယာယီတာဝန်ခံ ခေါ်တွေ့
ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောသမ္မတ လက်ခံတွေ့ဆုံပြီးနောက် စစ်ကောင်စီက သံရုံးယာယီတာဝန်ခံ ခေါ်တွေ့ ရန်ကုန်မြို့ကအရှေ့တီမောသံရုံး ယာယီတာဝန်ခံကို အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ခေါ်ယူတွေ့ဆုံပြီး တီမောအစိုးရအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု ကိစ္စရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ပြောကြားခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဒီကနေ့ ဖော်ပြပါတယ်။ တီမောနိုင်ငံကို သွားရောက်ပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကိုတိုင်ကြားတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ(CHRO) ကိုယ်စားလှယ်တွေကို တီမောသမ္မတ ဟိုဆေးရာမိုစ့်ဟော်တာက က သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၁၄ရက်က လက်ခံတွေ့ဆုံခဲ့မှုအပြီး စစ်ကောင်စီဘက်က ဇန်နဝါရီ ၁၆ရက်မှာ သံရုံးယာယီတာဝန်ခံကို အခုလို ခေါ်ယူ သတိပေးတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ သတိပေးချက်မှာ တီမောလက်စ်တေအစိုးရအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ဆန့်ကျင်ဘက် အဖွဲ့တွေနဲ့ ထိတွေဆက်ဆံတဲ့ ကိစ္စရပ်ကိုကန့်ကွက်ခဲ့တာလို့ ဆိုပါတယ်။…
-

မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်
စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ်သော ဧရာ၀တီ မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ဟု မြန်မာဘူမိသိပ္ပံပညာရှင်များ သတိပေး တရုတ်တွင် ဘန်ချောင်-Banqiao ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ် သော ဧရာ ၀တီ မြစ်ဆုံစီမံကိန်းတွင် တည်ဆောက်မည့် ဆည်များ ပျက်စီးခဲ့လျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ကြောင်း မြန်မာ ဘူမိသိပ္ပံပညာရှင်များက သတိပေးချက်ထုတ်ပြန်လိုက်သည်။ ဧရာ၀တီမြစ်ဆုံ ခေါ် မြစ်ဆုံ ရေကာတာ ပြန်လည် စတင်ရန် ကြိုးပမ်းမှုအပေါ် မြန်မာ ဘူမိသိပ္ပံပညာရှင်များအနေဖြင့် ပညာရပ်ဆိုင်ရာ အခြေခံသော အချက် အလက်များအရ မြစ်ဆုံဆည် ဆောက်လုပ်ရန် လုံး၀ မသင့်တော်သည်ကို အကြံ…
-

လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လုပ်မည်ဟု ဦးနေမျိုးဝေ ကြေညာ
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လုပ်မည်ဟု ကြံ့ခိုင်ရေးပါတီနှင့်စစ်တပ်၏မဟာမိတ်ပါတီဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (Peace and Diversity Party)၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိနာယက ဦးနေမျိုးဝေက ကြေညာလိုက်သည်။ ရိုဟင်ဂျာများကို “ပစ်သတ်၊ သတ်ပစ်၊ ပစ်မြှုပ်၊ မြှုပ်ပစ်” ဆိုသည့် ၎င်း၏ ယခင် ပြောဆိုချက်များကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က လူမျိုးတုံးသတ်ဖြတ်မှု သက်သေအဖြစ် ကြားနာနေသည်။
-

မိသီတာရဲ့ ကူလီကူမာကွက်တွေ ဖော်ပြီဟေ့
သီတာယုမွန်က စိန်လွင်ဟာ သူ့ယောက်ျားမဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ ၄ နှစ်က ကွာရှင်းထားတာလို့ပြောတာဟာလိမ်တာဖြစ်တယ်။ အခု မြင်းခြံခရိုင် တပ်ရင်း ၃ ကဖမ်းထားတာဟာ သူနဲ့ဘာမှမဆိုင်တဲ့လူဖြစ်တယ်၊ ဒါကြောင့်သူကိုဘာမှမသက်ရောက်ဘူးဆိုတဲ့ ပုံစံချိုးပြတာဖြစ်တယ်။ နောက်ပြီး သူယောက်ျားကိုဖမ်းထားတာ PDF တွေဖြစ်တဲ့အတွက် သူနဲ့မသက်ဆိုင်ဘူးလို့ပြောခြင်းအားဖြင့် သူ့ယောက်ျားသက်သာရာရနိုင်တယ်လို့သူယူဆတယ်။ စိန်လွင့်ကို ဖမ်းသွားတာ အကြမ်းဖက်စစ်တပ်ဆိုရင် ဒါကျွန်မယောက်ျားပါဆိုပြီးလိုက်ကယ်ထုတ်မှာဖြစ်တယ်။ သီတာယုလွင်ဟာ တချိန်က ကေတီဗီမှာ အခကြေးငွေပေးပြီး တညတာပျော်ပါးဖို့ခေါ်လို့ရတဲ့သူလို့သိရတယ်။ သူတို့လိုလမ်းဘေးမှာရှင်သန်ကြီးပြင်းခဲ့သူတွေက လူကျောနပ်တယ်၊ လူရည်လယ်တယ်။ဉာဏ်နီဉာဏ်နက်များတယ်၊ ကလိမ်ကကျစ်ကျတယ်၊ ဗြောင်လိမ်ဗြောင်စားလုပ်ကြတယ်။ အဲ့ဒါလမ်းဘေးနေလူတန်းစားရဲ့သဘောသဘာဝဖြစ်တယ်။ အဲ့ဒါကြောင့် ဒီအမျိုးသမီးက ဒီပုံစံဖြစ်နေတာဖြစ်တယ်။ သူ့ယောက်ျားပျောက်သွားစဉ်က ပြာယာခတ်ပြီးKTV အစုံလိုက်ရှာတဲ့မိန်းမက ၊ သူယောက်ျားဘယ်မှာရှိနေတယ်၊ အန္တရယ်ကင်းတယ်လဲသိသွားရော လေသံပြောင်းသွားတာဖြစ်တယ်။ စိန်လွင်ကိုယ်တိုင်က သူဟာသီတာယုမွန်ရဲ့ လက်ရှိယောက်ျားပါ၊ တအိမ်ထဲနေတယ် လို့ထွက်ဆိုထားတယ်။ နောက်ပြီးသီတာယုမွန်တို့လို အလေအလွင့်၊ ကလိမ်ကကျစ်တွေဟာ သူတို့ကိုယ်တိုင်…
-

မုန်တောင် ရဲစခန်းကို PDF တွေသိမ်းပိုက်ပြီးမီးရှို့
မကွေးတိုင်း မင်းဘူးမြို့နယ် မုန်တောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့က(ဇန်နဝါရီ ၁၆ ရက်) မနက် အစောပိုင်းက မုန်တောင်ရွာရဲစခန်းကိုသိမ်းပိုက်ခဲ့တာဖြစ်ပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ “စခန်းမှူးဒဏ်ရာရတယ်။ နောက်ရဲတချို့လည်းကျည်ထိတယ်။ ပြေးကြတာ။ စကုဆေးရုံရောက်သွားတယ်။ မိတဲ့သူ မရှိဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ မုန်တောင် စခန်းကို သိမ်းပိုက်ပြီး နောက် မီးရှို့ရှင်းလင်းခဲ့တယ်လို့ သူက အသိပေးပါတယ်။ စခန်းကနေ စစ်ဘက်အသုံးအဆောင်ပစ္စည်း တချို့ သိမ်း ရခဲ့တယ်လို့ ဆိုပါတယ်။ မုန်တောင်ရွာဟာမင်းဘူးမြို့ရဲ့တောင်ဘက်ခြမ်းနဲ့ ဆားပွက်ချောင်းဘေးမှာရှိပါတယ်။လက်ရှိမှာ မုန်တောင်ရွာကိုဦးတည်ပြီး စစ်တပ်က မင်းတုန်းမြို့ကနေစစ်ကူတချို့ ပို့နေတယ်လို့ သိရပါတယ်။ မကွေးတိုင်းထဲက မကွေးခရိုင်၊ သရက်ခရိုင်၊ပခုက္ကူခရိုင်၊မင်းဘူးခရိုင် နဲ့ ဂန့်ဂေါခရိုင် တွေမှာ ရှိတဲ့စစ်တပ်ကင်းစခန်း၊ဂိတ်စခန်းတွေ ကို ကာကွယ်ရေးတပ်တွေက…