Author: Baby Yit Lone
-

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို မနားတမ်း ခုခံနေသည့် KNDF ရဲဘော်များ (ဓာတ်ပုံသတင်း)
အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို သာလွန်အင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် – ၁၅ က ထုတ်ပြန်ထားပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ကာလမှာ စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေကို နေ့မနား ညမအိပ် ခုခံကာကွယ်နေတဲ့ ရှေ့တန်းရောက် ရဲဘော်တွေရဲ့ ပုံရိပ်တွေနဲ့အတူ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယထားကာ သွားလာကြဖို့လည်း KNDF တပ်ရင်းအမှတ် – ၁၅ က မေတ္တာရပ်ခံထားပါတယ်။ ဓာတ်ပုံ – KNDF/B-15
-
ဗန်းမော်တိုက်ပွဲပြင်းထန်နေပြီး KIA က စစ်ကော်မရှင်အခြေပြု စခန်း ၆ ခုကို သိမ်းယူ
ဗန်းမော်မြို့အတွင်း စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲပြင်းထန်နေပြီး KIA က စစ်ကော်မရှင်ခြေကုပ်စခန်း ခြောက်ခုကို သိမ်းယူလိုက်ကြောင်း သိရသည်။ ဗန်းမော်မြို့ အထက-၁ အနီးရှိ စစ်ကော်မရှင်ခြေကုပ်ယူ ထားသည့် စခန်း သုံးခုကို ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် KIA က ရှင်းလင်းသိမ်းပိုက်လိုက်ကြောင်း သိရသည်။ “၂ မိုင်နဲ့ ၃ မိုင်ပတ်ဝန်းကျင်မှာ ပြင်းပြင်းထန်ထန်တိုက်ပွဲတွေရှိနေတယ်။ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့မနက်မှာ အထက အနီးက စစ်တပ်စခန်းတွေကို သိမ်းလိုက်တယ် ပြောတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း ၂ မိုင်နှင့် အရှေ့သာစည်စပ်ကြား ဂေါက်ကွင်းအနီး စစ်ကော်မ ရှင်၏ ခမရ ၃၂၀…
-

မကွေးနဲ့ပဲခူး ကပစသုံးခုအနီး တိုက်ပွဲပြင်းထန်နေ
မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပဲခူးတိုင်းထဲကပန်းတောင်းမြို့နယ်အခြေစိုက် ကပစ(၆) ၊ မကွေးတိုင်းငဖဲမြို့နယ်က ကပစ(၁၄) နဲ့ ပေါက်မြို့နယ်က ကပစ(၂၄) တွေမှာ အနီးကပ်တိုက်ပွဲတွေ ဖြစ်နေတာလို့ စုံစမ်းသိရှိရပါတယ်။ “ကပစ (၆)၊ (၁၄) နဲ့ (၂၄) မှာ ချနေကြတာ။ ၆ နဲ့ ၁၄ နားမှာ တိုက်ပွဲက တော်တော်ကို ပြင်းထန်ပြီး စစ်တပ်ကလည်း အင်အားထောင်ချီသုံးပြီး လေကြောင်းပစ်ကူနဲ့ ခုခံနေတယ်။ ၆ နဲ့ ၁၄ကို AAနဲ့ မဟာမိတ်တွေ သိမ်းဖို့အထိ စစ်ရေးရည်မှန်းချက်နဲ့ ချနေပြီ”လို့ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်စပ်ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။ ပေါက်မြို့အခြေစိုက် ကပစ(၂၄)…
-

ငါန်းဇွန်တွင် ဆက်ကြေးကောက်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများကို ဆက်ကြေးကောက်နေသာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Special Task Force Ngazun မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် ငါန်းဇွန်မြို့နယ် မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများ နှင့် ခရီးသွားကားကို ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ်ကို S .T .F Ngazun အဖွဲ့က သွား ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ “မြို့သာစခန်းကနေ မြို့သာစျေးထောင့်ကို လာပြီး ဆက်ကြေးကောက်ကြတာ။ စစ်ခွေး ၁၀ယောက်ဝန်းကျင်လာတာပါ။ တိုက်ခိုက်တဲ့ အချိန်တုန်း ၂ ဦးသေတယ်။ ၂ ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရတယ်။ နောက်ထပ် သတင်းရတော့ စစ်ခွေး…
-

နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်း
အကြမ်းဖက်စစ်တပ် အခြေစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်းဟုဆို အကြမ်းဖက်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင် ရွက်ရန်အတွက် ဗျူဟာအမှတ် ၁၉ ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း နေပြည်တော်တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာက ပြောကြားသည်။ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်း နေပြည်တော်အနီး စစ်တောင်းမြစ်ဝှမ်းဒေသ၊ နေပြည်တော် တိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားစိုးမိုးနယ်မြေ၌ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ နေပြည်တော်တိုင်းစစ်ဌာန၏ ဗျူဟာ အမှတ် ၁၉ ကို အခမ်းအနားဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “နေပြည်တော်စစ်ဆင်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်ဖို့ပါ။ နေပြည်တော်တိုင်းစစ်ဌာနမှာ စစ်ဗျူဟာ ၃ ခုရှိပါတယ်။…