မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများကို ဆက်ကြေးကောက်နေသာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Special Task Force Ngazun မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် ငါန်းဇွန်မြို့နယ် မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများ နှင့် ခရီးသွားကားကို ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ်ကို S .T .F Ngazun အဖွဲ့က သွား ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“မြို့သာစခန်းကနေ မြို့သာစျေးထောင့်ကို လာပြီး ဆက်ကြေးကောက်ကြတာ။ စစ်ခွေး ၁၀ယောက်ဝန်းကျင်လာတာပါ။ တိုက်ခိုက်တဲ့ အချိန်တုန်း ၂ ဦးသေတယ်။ ၂ ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရတယ်။ နောက်ထပ် သတင်းရတော့ စစ်ခွေး ၁​ယောက် ထပ်သေတယ်လို့ ကြားတယ်။ စုစုပေါင်း ၃ ယောက်သေတယ်။ ၂ ဦးကတော့ အပြင်းထန် ထိခိုက်ဒဏ်ရာရတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု Special Task Force Ngazun မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *