Author: Baby Yit Lone
-

တိုင်းမှူးအသစ်ရောက်လာပြီးနောက် ပွိုင့် (၆၆၆) စခန်းမှလူသစ်တပ်သားများ ဆက်တိုက်ထွက်ပြေးနေ
ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) တိုင်းမှူးအသစ် အဖြစ် ဇန်နဝါရီလ ပထမအပတ်အတွင်းရောက်လာပြီးနောက် ပဲခူးတိုင်း၊ပန်းတောင်းတပ်နယ်ရှိ ပွိုင့် (၆၆၆) စခန်းမှ လူသစ်တပ်သားများ ဆက်တိုက်ထွက်ပြေးနေမှုများရှိကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ စစ်တိုက်ရန်တာစူနေသည့် တိုင်းမှူးသူရဇော်လွင်စိုး၏စစ်ရေးစီမံချက်ကြောင့် အာရက္ခတပ်တော် (AA)မှ ဝိုင်းပတ်ပိတ်ဆို့ထားသော ပန်းတောင်းစစ်မျက်နှာ၊ညောင်ကျိုးဒေသမှ ပွိုင့် (၆၆၆) စခန်းမှ စစ်အုပ်စုတပ်သားအသစ်များက အစစ်အဆေးနှင့် မြေမြှုပ်မိုင်းအန္တရာယ်များကြားက လွတ်ရာသို့ထွက်ပြေးနေခြင်းဟု ၎င်းကဆိုသည်။ “သူရဇော်လွင်စိုးအနေနဲ့ သမိုင်းဝင်တိုက်ပွဲတွေမှာလည်း ကိုယ်တိုင်ဦးစီးပြီးတော့ဂီဒုန်မှာဆိုလည်းတပ်ရင်းမှူး၊ တပ်မမှူးဖြစ်တုန်းကဆိုရင်လည်း တောင်ခမ်းဘက်ကနေတိုက်လာတာဆိုတော့ သူကစစ်တိုက်ခြင်းကိုပဲ မွေ့လျော်တယ်။ ညောင်ကျိုးတပေါက်သာပေါက်သွားပြီဆိုရင်သူ့အတွက်က တိုင်းမှူးကနေ သေချာတယ်နောက်ထပ်ဒုတိယဗိုလ်ချုပ်ကြီးတနေရာက သေချာနေပြီပေါ့နော်။ အဲဒီတော့တိုက်စစ်ဆင်မယ့်ပလန်မျိုးတွေရှိပြီထင်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ “ဒါကြောင့်မို့တချို့ဒါမျိုးသတင်းတွေဆိုရင်အောက်ခြေကလူသစ်တပ်သားလေးတွေကကြားသိရင်သူတို့တကယ်ထပ်တိုက်ရတော့မယ်အသေခံပြီးတိုက်ရတော့မယ့်အနေအထားမျိုးမှာပြေးတာပေါ့။သေတာမသေတာထက်သူကရအောင်တိုက်မယ်။အောက်ကသူသေတာသူမသိဘူး။တိုက်စစ်စီမံကိန်းစဖို့ကြားလို့ လူသစ်စစ်သားတွေတောက်လျှောက်ထွက်ပြေးနေကြတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။ လက်ရှိ ပန်းတောင်းတပ်နယ်၊ ညောင်ကျိုးစစ်မျက်နှာတွင်…
-

NUG အခွန်ဂိတ် BNRA စီးနင်းမှုမှ သိမ်းဆည်းခံပစ္စည်းများနှင့် ဖမ်းဆီးခံရသူကို အမြန်ဆုံးပြန်လွှတ်ရန် NUG ပြော
အမျိုသားညီညွတ်ရေးအစိုးရ (NUG) ၏ ပုလဲမြို့နယ်ထဲက အခွန်ဂိတ်တခုကို ဗိုလ်နဂါးဦးဆောင်သော BNRA တပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ ) အဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်မှု ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ ယခုစီးနင်းတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၉ ရက်နေ့တုန်းက NUG လက်အောက်ခံ PDF တပ်ဖွဲ့များက ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ၏ ဂိတ်စခန်းနှစ်ခုကို ဝင်ရောက်ရှင်းလင်းပြီး လက်နက်များ သိမ်းဆည်းခဲ့သည့် ဖြစ်စဉ်အပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယမန်နေ့( ဇန်နဝါရီ ၁၇ ရက်) နံနက် ၁၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ပန်းရွာ အနီးတွင် ဖွင့်လှစ်ထားသည့် NUG အခွန်ဂိတ်ကို BNRA…
-

ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်နေ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၇ နာရီခွဲကစပြီး ညနေ့ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေက စောဟဲ၊ ကောင်းမှုနဲ့ မိဖာလဲ့ စတဲ့ကျေးရွာတွေဘက်ကို လူအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် KNLA နဲ့ အမှတ် ၃၁ ဗျူဟာ (ဗိုလ်ကျော်သက်) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် လေကြောင်းကနေ လေယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက “ဒရုန်းတွေကော လေယာဉ်တွေကော၊ လက်နက်ကြီးတွေကောဆိုတော့…
-

အရာတော်က မူကြိုကျောင်းကို စစ်တပ်ကဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကံရင်းကျေးရွာက မူကြိုကျောင်းကို ဇန်နဝါရီ ၁၇ ရက် နေ့ခင်းပိုင်းမှာ စစ်တပ်က ဗုံးကြဲလို့ ကလေး ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မွန်းလွဲ ၁ နာရီကနေ ၁ နာရီခွဲလောက်အတွင်း တိုက်လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲခဲ့တာဖြစ်ပါတယ်။ အရာတော်မြို့နယ် တောင်ပိုင်းတိုက်နယ်ပအဖအဖွဲ့ တာဝန်ရှိသူတယောက်က “တံတာဦးတက် ဂျက်ဖိုက်တာတစီး တက်လာပြီလို့ စကားပြောစက်ကနေအသိ ပေးပြောတာကြားလိုက်ရပြီး သိပ်မကြာလိုက်ဘူး ဗုံးကြဲချသံကြားလိုက်ရတာပဲ။ အသံက ကျယ်တယ်။ ပေါင် ၅၀၀ ဗုံးဖြစ်လိမ့်မယ်။ အခု သတင်းရတာကတော့ ကံရင်းရွာ မူကြိုကျောင်းကို ကြဲချသွားတယ်။ ကလေးတယောက်၊ အရပ်သား၂ ယောက် သေဆုံးပြီး တဦး ဒဏ်ရာပြင်းထန်ရတယ်လို့လည်း သိထားရတယ်”…
-

ကျော်ကျော့်ကျေးဇူးရှင် မလှမေ
ကျွန်တော့် ဘဝမှာ ပထမဆုံး တွေ့ကြုံခဲ့ရတဲ့ အစ်မကြီး တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ ပြောရရင် ကျွန်တော့် ကျေးဇူးရှင်ဆိုလည်း မှားမယ်မထင်ဘူး။ သူ့ကြောင့်ဘဲ ကျနော့မှာ ကျွမ်းကျင်အဆင့် (၁) ဖြစ်ခဲ့ရတာပါ။ အဲဒီ အစ်မကြီး နာမည်က မလှမေ ပါ။ ကျနော်တို့ မိသားစုက ဒီရပ်ကွက်ကို နယ်ကနေ ပြောင်းလာကြတာ။ အစ်မလှမေတို့က ကျနော်တို့ အိမ်ရှေ့အိမ်က၊ သူတို့အိမ်မကြီးက ခြံနောက်ဘက်မှာ။ အစ်မလှမေက ခြံရှေ့မှာ အိမ်သေးသေးလေးနဲ့ စက်ချုပ်တယ်။ သူတို့အိမ်မှာ အစ်မလှမေက အိမ်ထောင်သည် ကလေးတစ်ယောက်အမေ။ သူ့ယောကျ်ားက ပုံနှိပ်စက်က စက်ဆရာ။ အိမ်မှာ မလှမေတို့ အမေကြီးရယ်၊ မောင်နှစ်မတွေရယ်၊ အားလုံး အတူတူ နေကြတယ်။ နေ့လယ်ဆိုရင် အိမ်ရှေ့က ဆိုင်လေးမှာ အစ်မလှမေက စက်ချုပ်တယ်။ ကျနော်တို့က…