Author: Baby Yit Lone
-

အဆိုတော်ရှင်မင်းမြတ် မူဆယ်မှာ ပြန်ပေးဆွဲခံရ
တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့သို့ ပွဲငှားဟန်ဆောင်ကာ ခေါ်ခဲ့ပြီး ပြန်ပေးဆွဲ ရိုက်နှက်ငွေညှစ်ခံခဲ့ရသည့်အပေါ် အရေးယူဆောင်ရွက်ပေးရန် Underground To Stage အဆိုပြိုင်ပွဲဝင် ရှင်မင်းမြတ်က ၎င်း၏လူမှုကွန်ရက်မှတဆင့် တောင်းဆို အသိပေးထားသည်။ မိတ်ဆွေတဦးမှတဆင့် မူဆယ်မြို့ မင်္ဂလာပွဲတခုအတွက် ငှားရမ်းမှုအပေါ် ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်- မန္တလေး၊ မန္တလေး-မူဆယ်သို့ အဆင့်ဆင့်သွားရောက်ပြီး နောက်တရက်၌ ပြည်သူ့စစ်ဆိုသူတဦးအပါ ၄ ဦး၏ ကားဖြင့်ခေါ်ဆောင်ရာသို့ လိုက်သွားပြီးနောက် ပြန်ပေးဆွဲခံခဲ့ရကြောင်း ၎င်းက ဆိုထားသည်။ ၎င်းတို့အား မျက်လုံးအဝတ်စည်းကာ လက်ထိပ်ခတ်ပြီး ကျားဖြန့်လိမ်လည်မှုဂိုဏ်းတခုထံ ခေါ်ဆောင်သွားကာ ကျပ်သိန်း ၇၀၀၀ ပေးရန် စတင်တောင်းဆိုခဲ့ကြောင်း၊ မပေးနိုင်သည့်အတွက် ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခံခဲ့ရပြီး နောက်ဆုံးတွင် ကျပ်သိန်းသုံးထောင်ကျော်ကို မိတ်ဆွေများထံမှ အကူအညီဖြင့် ပေးခဲ့ရကြောင်း ၎င်းက ပြောသည်။ မိတ်ဆွေများထံမှ ပိုက်ဆံများအား…
-

စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စစ်တပ်စခန်း များကို ထိုးစစ်ဆင်မည်
ချင်းညီနောင်၏ မိတ်ဖက် ချင်းပြည်သူ့တပ်မတော် -CPA က ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF၊ မဟာမိတ်တပ်ပေါင်းစု SRA တို့နှင့် ပူးပေါင်းပြီး စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စစ်တပ်စခန်း များကို ထိုးစစ်ဆင်မည် ချင်းညီနောင်၏ မိတ်ဖက် ချင်းပြည်သူ့တပ်မတော် -CPA က မဟာမိတ်တပ်ပေါင်းစု SRA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကိုင်း၊ မကွေးတိုင်း တို့ရှိ စစ်တပ်စခန်း များကို ထိုးစစ်ဆင်မည်ဖြစ်ကြောင်း ချင်းပြည်သူ့တပ်မတော်-CPA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သည့် ချင်းပြည်သူ့အစည်း အရုံး/ ချင်း ပြည်သူ့ တပ်မတော်က CPU/CPA ဖွဲ့စည်းခြင်း သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက…
-

ပသစ ကျားဖြန့်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ရှင်မင်းမြတ်
ရဲတပ်ဖွဲ့သို့ တိုင်ကြားစာ (ဖြစ်စဉ်ဖော်ပြချက်) ကျွန်ုပ် အောင်ကျော်စိုး (မှတ်ပုံတင်အမှတ် ၁၃/ကလတ(နိုင်) ၀၄၄၁၈၅) သည် အောက်ပါအတိုင်း ဖြစ်ပွားခဲ့သော အမှုအခင်းအား တရားဝင် တိုင်ကြားလိုပါသည်။ မိတ်ဆွေတစ်ဦး၏ မိတ်ဆွေမှတဆင့် မိတ်ဆွေ၏ မိတ်ဆွေဟု ဆိုသူတစ်ဦးက မင်္ဂလာပွဲဆိုင်ရာ ကိစ္စဖြင့် ဖိတ်ကြားခဲ့ပါသည်။ ထိုသူအား ယုံကြည်မှုဖြင့် လက်ခံခဲ့ပြီး ၎င်းတို့ဘက်မှ ရန်ကုန်မှ မန္တလေးသို့ လေယာဉ်လက်မှတ်ကို ကြိုတင်စီစဉ်ပေးခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်အနေဖြင့် လုံခြုံရေးအတွက် သတိမပြုနိုင်ခဲ့ပါ။ ၎င်းတို့၏ စီစဉ်မှုအရ 2026 ဇန်နဝါရီလ 4 ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ လေယာဉ်ဖြင့် ခရီးသွားခဲ့ပြီး မန္တလေးမြို့ရှိ Magic Hotel တွင် တည်းခိုစေခဲ့ပါသည်။ 5 ရက်နေ့ မနက် 5:30 အချိန်တွင် မူဆယ်မြို့သို့…
-

ICJ ၏ ကြားဖြတ်အစီအမံများကို မြန်မာစစ်အုပ်စုက မလိုက်နာကြောင်း ဂမ်ဘီယာရှေ့နေများ လျှောက်လဲ
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ထားသည့် ကြားဖြတ်အစီအမံ (Provisional Measures) များကို မြန်မာစစ်ကော်မရှင်တပ်က လိုက်နာမှုမရှိဘဲ ဆက်လက်ချိုးဖောက်နေကြောင်း ဂမ်ဘီယာရှေ့နေများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ကြားနာစစ်ဆေးမှုတွင် အထောက်အထားသစ်များဖြင့် လျှောက်လဲခဲ့ကြသည်။ ဂမ်ဘီယာရှေ့နေ အာစလန်ဆူလေမန်က မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးသော ရိုဟင်ဂျာ ၆၀၀,၀၀၀ သိန်းခန့်မှာ စစ်တပ်၏ ဖိနှိပ်မှုနှင့် လူမျိုးရေးခွဲခြားအုပ်ချုပ်သောစနစ်အောက်တွင် ဒုက္ခခံစားနေရကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။ ၎င်းတို့သည် တင်းကျပ်သော ခွဲခြားဆက်ဆံမှုများ၊ သွားလာခွင့်ကန့်သတ်ချက်များအပြင် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများပါ ပိတ်ဆို့ခံထားရသည်ဟု ဆိုသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရိုဟင်ဂျာ ၅,၀၀၀ ကျော်ကို စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းခဲ့ပြီး အာရက္ခတပ်တော်…
-

လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်ပြော
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ ယောက်ျား ဒုတိယပျူစောထီး ခေါင်းဆောင်ကို မြင်းခြံ အမှတ် (၃) တပ်ရင်းမှ ဖမ်းဆီးထားပြီး လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်က သူမရဲ့ လူမှုကွန်ရက်မှတဆင့် ပြောဆိုလိုက်ပါတယ်။ သီတာယုမွန်ရဲ့ ယောက်ျားစိန်လွင်ကို မူးယစ်ဆေးဝါး၊ လိင်စိတ်ကြွဆေးဝါးများနဲ့အတူ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံ အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ ယောကျာ်းဖြစ်သူကို PDF တို့ ဖမ်းဆီးထားသော်လည်း မြင်းခြံပျူခေါင်းဆောင် သီတာယုမွန် ထမင်းစားမပျက် မြင်းခြံပျူစောထီးခေါင်းဆောင် သီတာယုမွန်သည် ယောကျာ်းဖြစ်သူကို PDFတပ်ဖွဲ့က ဖမ်းဆီးထားသော်လည်း ထမင်းစားမပျက်ကြောင်းသိရသည်။ ဇန်နဝါရီ ၁၄ရက်၊ နံနက် ၉နာရီခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်းတစ်နေရာတွင် ပုဂံသို့ အပန်းဖြေခရီးထွက်လာသည့်…