Author: Baby Yit Lone
-

ဝက်လက်မြို့နယ်တွင် ကျေးရွာ ပအဖ တာဝန်ခံ ၁ ဦး ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီ၀န်းကျင်က ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အမည်ဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကက “ပစ်ခတ်ခံရသူက ကျီးကန်မြောက်ရွာ ပအဖ တာဝန်ခံ ဦးမင်းသန့် ဖြစ်ပါတယ်။ အသက် ၅၀ လောက်ရှိပါပြီ။ ကျီးကန်နဲ့ လှတောရွာကြားမှာ အပစ်ခံလိုက်ရတာပါ” လို့ ပြောပါတယ်။ ပစ်ခတ်ခံရတာကြောင့် ညာဘက်နားနောက်မှာ ကျည်ဆန်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတယောက်က “သူက စူပါကတ်ဆိုင်ကယ်နဲ့ ကျီးကန်ကနေ လှတောဘက်ကို အအေးဘူးတွေ သွားဝယ်ပြီးပြန်လာတော့ ဆိုင်ကယ်နဲ့လူ ၂ ယောက်က နောက်ကလိုက်ပြီးပစ်သွားတာ။ ၉ မမ ကျည်ခွံ ၁…
-

ကြံခိုင်ရေးပါတီ အမတ်ဟောင်းရဲ့ ရွှေဆိုင်ကို ကလေးဆော့တဲ့ သေနတ်နဲ့ ဓားပြတိုက်
ကြံခိုင်ရေးပါတီ အမတ်ဟောင်းရဲ့ ရွှေဆိုင်ကို ကလေးဆော့တဲ့ သေနတ်နဲ့ ဓားပြတိုက်ခံရ ရှမ်းပြည် တောင်ပိုင်း၊ ပင်းတယမြို့က ကြံ့ခိုင်ရေးပါတီ ( USDP) အမတ်ဟောင်း ရဲ့ ရွှေဆိုင်ကို မနေ့က ကော်သေနတ် နဲ့ ဓားပြတိုက်ခံရတယ်လို့ သိရပြီး သေနတ်သမား ချော်လဲလို့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၁၁ နာရီခန့်က ကိုကျော်ငြိမ်း+မခင်မျိုးသင်း အမည်ရှိ ရွှေဆိုင်ကို ကလေးတွေဆော့တဲ့ ကော်သေနတ်အတုနဲ့ အသက် ၃၀ ဝန်းကျင် လူငယ်တဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓားပြတိုက် လုယက်ခဲ့တာလို့ သိရပါတယ်။ “နေ့ခင်းကြီး သေနတ်ပြပြီး ဆိုင်ထဲကလူတွေက ထိုင်ခိုင်းပြီးတော့ သူက ရွှေလက်စွတ်နဲ့ ဆွဲကြိုးကောင်တာထဲက ရွှေထည်တွေထည့်ပြီး အထွက်မှာ အောက်ကခင်းထားကကြွေပြားကြောင့် ချော်လဲသွားတာ။…
-

မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ
မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ၊ အောင်တော်မူဘုရားဝင်း ရေလျှံနေလို့ ဘုရားဖူးခွင့် ယာယီပိတ် မန္တလေးမြို့မှာ စက်တင်ဘာ ၁၃ရက် ညပိုင်းက စတင်ကာ ညလုံးပေါက် မိုးရွာသွန်းပြီး ဒီကနေ့ မနက်ပိုင်းအထိ မိုးဆက်လက် ရွာသွန်းတာကြောင့် လမ်းမတွေ ရေကြီးရေလျှံဖြစ်ကာ သွားလာရေး ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့ လမ်း ၃၀ နဲ့ ၃၅ လမ်းအပါအဝင် မြို့တွင်း အဓိက လမ်းမကြီးတွေ ရေကြီးရေလျှံနေသလို ရွှေတချောင်း၊ ရေနီမြောင်း စတဲ့ ချောင်းမြောင်းတွေလည်း ရေလျှံနေပြီး ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်းနဲ့ ၆၃ လမ်းထောင့်ရှိ အောင်တော်မူဘုရားဝင်းအတွင်း ရေလျှံနေတာကြောင့် ဘုရားဖူးခွင့် ယာယီပိတ်ထားတယ်လို့ ဘုရားဂေါပကနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ “ညက တညလုံးရွာတယ်။ ၁၀နာရီ၊ ၁၁လောက်ကတည်းက…
-

ထိုင်းမှာ သစ်သီးခြံထဲ ပုန်းနေတဲ့ မြန်မာနိုင်ငံသား ၇၀ ဦး အဖမ်းခံရ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၀ ကို သစ်သီးခြံတစ်ခြံထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။ အဲဒီမြို့နယ်ထဲမှာပဲ ရေနစ်သေဆုံးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးရဲ့ အလောင်းတွေကို အာဏာပိုင်တွေက တွေ့ခဲ့ပြီးတဲ့နောက်တစ်ရက်မှာ အခုဖမ်းဆီးမှု ထပ်ထွက်ပေါ်လာတာပါ။ အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၂၂ ဦးကို ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကျွဲကောသီးခြံတစ်ခုမှာ ပုန်းနေတာကနေ တွေ့ရှိတာဖြစ်ပြီး တရားဝင် အထောက်အထားတွေလည်း မရှိကြဘူးလို့ သတင်းက ဆိုပါတယ်။ ဒါ့ကြောင့် သူတို့ကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲထားတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေက ဆိုပါတယ်။ ဆန်ကလာဘူရီမြို့နယ်ထဲမှာပဲ ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်တုန်းကလည်း ရွှေ့ပြောင်းလုပ်…
-

ဗန်းမော်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်ခု လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြု
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ တင့်ကားတပ် အမှတ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နေရာတွေကို ပြန်လည် လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြုပါတယ်။ “ဗန်းမော်နဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ တင့်ကားတပ်နဲ့ ခလရ ၂၃၆ ကို စစ်တပ်က ပြန်ရသွားတဲ့ အခြေအနေက မှန်ပါတယ်။ တခြားနေရာတွေမှာက ကျနော်တို့ဘက်က ဆက်ရှိနေပြီးတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေပါသေးတယ်”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။ ဗန်းမော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဗန်းမော်ကို စစ်သင်္ဘောတွေ အစီး ၂၀ ကျော်ဝင်ရောက်သွားတဲ့နောက်ပိုင်း စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ဩဂုတ်လထဲကနေ ဒီကနေ့ စက်တင်ဘာလ…