မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ၊ အောင်တော်မူဘုရားဝင်း ရေလျှံနေလို့ ဘုရားဖူးခွင့် ယာယီပိတ်

မန္တလေးမြို့မှာ စက်တင်ဘာ ၁၃ရက် ညပိုင်းက စတင်ကာ ညလုံးပေါက် မိုးရွာသွန်းပြီး ဒီကနေ့ မနက်ပိုင်းအထိ မိုးဆက်လက် ရွာသွန်းတာကြောင့် လမ်းမတွေ ရေကြီးရေလျှံဖြစ်ကာ သွားလာရေး ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ လမ်း ၃၀ နဲ့ ၃၅ လမ်းအပါအဝင် မြို့တွင်း အဓိက လမ်းမကြီးတွေ ရေကြီးရေလျှံနေသလို ရွှေတချောင်း၊ ရေနီမြောင်း စတဲ့ ချောင်းမြောင်းတွေလည်း ရေလျှံနေပြီး ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်းနဲ့ ၆၃ လမ်းထောင့်ရှိ အောင်တော်မူဘုရားဝင်းအတွင်း ရေလျှံနေတာကြောင့် ဘုရားဖူးခွင့် ယာယီပိတ်ထားတယ်လို့ ဘုရားဂေါပကနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

“ညက တညလုံးရွာတယ်။ ၁၀နာရီ၊ ၁၁လောက်ကတည်းက စရွာတာ။ ဒီနေ့လည်း တမနက်လုံးရွာနေတာ၊ အခုထိလည်း ရွာနေတုန်းပဲ။ ရပ်ကွက်တွေထဲလည်း ရေတွေဝင်တယ်။ တော်ရုံရေမဝင်တဲ့အိမ်တွေပါ ရေဝင်တယ်” လို့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

မိုးရွာကာ ရေကြီးရေလျှံနေသလို သစ်ပင်တချို့ လမ်းပေါ်လဲကျတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ စက်တင်ဘာ ၁၄ရက်မှာလည်း မန္တလေးမှာ မိုးဆက်လက် ရွာနိုင်ပြီး ရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ အောင်တော်မူဘုရားဝင်းအတွင်း ရေဝင်လို့ ဘုရားဖူး ယာယီပိတ်ထားစဉ်နဲ့ မန္တလေးမြို့တွင်း မိုးရွာရေကြီးမှုကို တွေ့ရစဉ်/photo – SM FB, UML FB

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *