Author: Baby Yit Lone

  • ထိုင်း​ရောက်မြန်မာ​တွေကို ​ဒုက္ခ​ပေးဖို့ စစ်အုပ်စုနဲ့​ပေါက်ကိုယ်​တော် ​ခြေတလှမ်းတိုးကြံစည်

    ထိုင်း​ရောက်မြန်မာ​တွေကို ​ဒုက္ခ​ပေးဖို့ စစ်အုပ်စုနဲ့​ပေါက်ကိုယ်​တော် ​ခြေတလှမ်းတိုးကြံစည်

    ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ​ပေါက်ကိုယ်​တော်ပူး​ပေါင်းပြီး ထိုင်း​ရောက်မြန်မာ​တွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်​တွေနဲ့ ဒုက္ခ​ပေးဖို့ကြံစည်​နေကြပါပြီ ။ ပြီးခဲ့တဲ့ ၄နှစ်​ကျော်လုံး လက်နက်ကိုင်​တွေခြံရံပြီး မန္တ​လေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်​ပေးမယ့် ပျူ​စောထီး​တွေ​မွေးထုတ်ပြီး တော်လှန်​ရေးအင်အားစု​တွေ နဲ့ ပြည်သူ​တွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်နေတဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲက နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် စတင်ဖော်နေပါပြီ။ အဲဒါက ပေါက်ကိုယ်တော်ဟာ ပျူစောထီးအဖွဲ့ဝင် လူငယ်အချို့ကို ဘန်ကောက်မြို့တော်ကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာဖို့ ဖြစ်ပါတယ်။ ပေါက်ကိုယ်တော်က…

  • ရန်ကုန်မြို့က ပင်လုံလမ်းပေါ်မှာဖွင့်ထားတဲ့ ပရိဘောဂဆိုင်ကို လူအုပ်စုတစုက ဝင်ရောက် ဖျက်စီးသွား

    ရန်ကုန်မြို့က ပင်လုံလမ်းပေါ်မှာဖွင့်ထားတဲ့ ပရိဘောဂဆိုင်ကို လူအုပ်စုတစုက ဝင်ရောက် ဖျက်စီးသွား

    ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမကြီးပေါ်မှာ ဖွင့်ထားတဲ့ ပရိဘောဂ ပစ္စည်းဆိုင် တစ်ဆိုင်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ လူအုပ်စု တစုက ဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ “နိုင်” အမည်ရှိ ပရိဘောဂဆိုင်ကို လူအုပ်စုလိုက် ရောက်ရှိလာပြီး ဆိုင်ကို ဖျက်ဆီးသွားခဲ့တဲ့ ဖြစ်စဉ်ကို ဆိုင်ပိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်ပေါ်မှာ အသိပေးဖော်ပြခဲ့ပါတယ်။ “နာမည်ကြီး ဆိုင်တဆိုင်က လူရမ်းကားတစုက ကျမတို့ ဆိုင်ထဲထိ ဝင်ခွဲ ဝင်ရိုက်တာ၊ ကျမဆိုင်က ဝန်ထမ်းကောင်မလေး ၂ ယောက်ရယ်၊ ကျမကလေး ၂ ယောက် နဲ့ အမေ တို့ပဲ ရှိတဲ့အချိန်မှာ လုပ်သွားတာ၊ ကျမ သားငယ်လေးဆို ကြောက်လွန်းအားကြီးပြီး ငိုယိုထွက်ပြေးပြီး အခန်းထဲ ဝင်ပုန်းခဲ့ရတာ၊…

  • စကစ ဒေါက်တိုင် သီတာဦး ရဲ့ သားတော်မောင် သြစီမှာ ဘယ်လိုဇာတ်မြုပ်နေလဲ

    စကစ ဒေါက်တိုင် သီတာဦး ရဲ့ သားတော်မောင် သြစီမှာ ဘယ်လိုဇာတ်မြုပ်နေလဲ

    🟥 သစ္စာဖောက် သီတာဦးဆိုတာဘယ်သူလဲ အရင်ဆုံး သစ္စာဖောက် သီတာဦးဆိုတာ တကယ်တမ်း NLD အစိုးရလက်ထက်တုန်းက ယခု ဥပဒေရေးရာဝန်ကြီးဌာနဖြစ်သွားပြီဖြစ်တဲ့ ပြည်ထောင်စုရှေ့နေရုံးချုပ်မှာ အမြဲတမ်းအတွင်းဝန်ရာထူးကိုထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 2019 ခုနှစ် ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) နဲ့ တရားစွဲခဲ့စဥ်ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ ဥပဒေရေးရာအဖွဲ့မှာပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းအပြီးမှာတော့ ထိပ်ဆုံးက ဘက်ပြောင်းသစ္စာဖောက်စာရင်းထဲမှာ သီတာဦးတစ်ယောက် ထိပ်ဆုံးကနေပါလာခဲ့ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာပဲ မူလရာထူး ဖြစ်တဲ့ အမြဲတမ်းအတွင်းဝန်ထက် မြင့်တဲ့ အကြမ်းဖက် မင်းအောင်လှိုင်က ခန့်အပ်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရာထူးကို တွေဝေခြင်းမရှိလက်ခံခဲ့တာပါ။ သီတာဦးကို ရှေ့နေချုပ် မင်းအောင်လှိုင်ခန့်အပ်ရတဲ့ အကြောင်းအရင်းကလည်း မူလရှေ့နေချုပ် ဗိုလ်ချုပ်ထွန်းထွန်းဦးဟာ မင်းအောင်လှိုင်ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ငြင်းဆိုခဲ့တာကြောင့်သာ ဖြစ်ပါတယ်။…

  • ICJ တရားရုံးတွင် ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်  စွပ်စွဲချက်နှင့် လျှောက်လဲချက်များ

    ICJ တရားရုံးတွင် ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်နှင့် လျှောက်လဲချက်များ

    ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကနေ စွပ်စွဲထားတဲ့ အမှုအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာစစ်ဆေးမှုတွေ စတင်နေတာမှာ ဇန်နဝါရီ ၁၂ ရက်နေ့က ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်တွေကို အနှစ်ချုပ် စုစည်းဖော်ပြပေးလိုက်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက် မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက် (Genocide Convention) ပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ပြီး ရိုဟင်ဂျာ တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာက စွပ်စွဲထားပါတယ်။ စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုများ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေး” စစ်ဆင်ရေးတွေအတွင်း မြန်မာစစ်တပ် (တပ်မတော်)က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အုပ်စုလိုက်…

  • Rental Family

    Rental Family

    Rental Family (2025) ဒါရိုက်တာ – Hikari (Netflix ရဲ့ နာမည်ကြီး “Beef” စီးရီးကို ပူးတွဲရိုက်ကူးခဲ့သူ) ရဲ့လက်ရာဖြစ်ပြီး Dave Franco, Hiroto Kanai, Takayuki Yamada တို့လို နာမည်ကြီးတွေ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကတော့ ဂျပန်နိုင်ငံရဲ့ ထူးခြားပြီး အံ့ဩစရာကောင်းတဲ့ “Rental Family” (မိသားစု ငှားရမ်းခြင်း) ဆိုတဲ့ ယဉ်ကျေးမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Comedy Drama ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တိုကျိုမြို့မှာ နေထိုင်နေတဲ့ အမေရိကန် သရုပ်ဆောင်တစ်ဦး (Dave Franco) ဟာ အလုပ်အကိုင် အဆင်မပြေဖြစ်ပြီး ဘဝပျက်လုနီးပါး ဖြစ်နေပါတယ်။ သူဟာ မျှော်လင့်ချက် ကုန်ဆုံးနေချိန်မှာပဲ ဂျပန်က ထူးဆန်းတဲ့…