Author: Baby Yit Lone
-

The Christmas Showdown
The Christmas Showdown (2025) ငယ်ဘဝ သူငယ်ချင်းအရင်းတွေဖြစ်ခဲ့ကြတဲ့ ဧပရယ် နဲ့ ချက်စ်တို့ဟာ ဧပရယ်က ပဲရစ်မှာ အလုပ်အကိုင်ရှာဖို့ ထွက်ခွာသွားပြီးကတည်းက စိမ်းကားခဲ့ကြပါတယ်။ ဧပရယ် အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ပြန်ရောက်လာတဲ့အခါ Sugar Heights Christmas Eve Spectacular အတွက် ပွဲစီစဉ်မှု အလုပ် တစ်ခုတည်းကို နှစ်ယောက်လုံး ယှဉ်ပြိုင်ကြရပါတယ်။ ထုတ်လုပ်သူ ဟန် ကို စွဲဆောင်နိုင်ဖို့အတွက် သူတို့ဟာ အချင်းချင်း ပြိုင်ဆိုင်မှုတွေကို စိမ်းကားသွားတဲ့ အခြေအနေတွေနဲ့ လုပ်ဆောင်ကြရင်း ခရစ်စမတ်အနှစ်သာရရှိတဲ့ ပွဲတစ်ပွဲကို ဘယ်လိုအတူတူ ပပြန်လည် ပူးပေါင်းပြီး အဖွဲ့လိုက်ဆောင်ရွက်ကြမလဲ ဆိုတာ ခရစ်စမတ် မတိုင်ခင်ထွက်လာတဲ့ ဇာတ်ကားသစ်လေးကို ငြိမ့်ငြိမ့်လေးခံစားချင်တယ်ဆိုရင် ဆက်လက်ကြည့်ရှု အားပေးကြပါဦး။
-

Very Merry Mystery (2025)
Very Merry Mystery (2025) ဒီရုပ်ရှင်ဟာ ခရစ္စမတ်အကြိုကာလတွင် ဖြစ်ပွားသည့် လျှို့ဝှက်ဆန်းကြယ်တဲ့အမှုဖော်ထုတ်ခြင်း အမျိုးအစား ဇာတ်ကားလေးဖြစ်ပါတယ်။ ခရစ္စမတ်ရဲ့အငွေ့အသက်နှင့်အတူ မြို့ငယ်လေးတစ်ခုအတွင်းရှိ လူများ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြသသွားသည့် စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီးအေးဆေး အပန်းဖြေအနားယူနိုင်ဖို့ အတွက်စိတ်ဝင်စားစရာကောင်းသောဇာတ်ကားလေး တစ်ကားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ။
-

တကိုယ်ရေထဲ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့်
စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ခွင့်ရဖို့ NDF ကိုပြောင်းခဲ့ပေမဲ့ ပါတီထပ်ဖျက်ခံရတာကြောင့် တကိုယ်ရေထဲ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွှေးကောက်ပွဲအတုကို တက်တက်ကြွကြွ ထောက်ခံပြီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ စစ်တပ်ပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီထံမှာပဲ ထပ်မံရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။ ဒေါ်စန္ဒာမင်းဟာ အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲအတုမှာ ရန်ကုန်တိုင်း၊ လသာမြို့နယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီး အာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆံရေး ဆက်လက်ကောင်းမွန်နေခဲ့သူတစ်ဦးဖြစ်ပြီး၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ဖို့အတွက် NDF ပါတီကို ကူးပြောင်းခဲ့ပါတယ်။ ရန်ငါပြတ်တဲ့ အကြမ်းဖက်စစ်တပ်ကတော့ သူတို့ရဲ့နေရာကို တစက်မှအထိမခံဘဲ NDF ပါတီကို ရမယ်ရှာ ဖျက်သိမ်းလိုက်တဲ့အခါမှာတော့…
-

ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စား
ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စားနေလို့ စျေးသည်တွေအခက်တွေ့နေ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက အသစ်ဖွင့်တဲ့ လမ်းဘေးဆိုင်တွေကို ပိုက်ဆံမပေးဘဲ အလကားဝင်စားနေလို့ အခက်တွေ့နေတယ်လို့ စျေးသည်တွေက ပြောပါတယ်။ ပြင်ဦးလွင်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက ဖွင့်လှစ်ထားတာမကြာသေးတဲ့ လမ်းဘေး အစားအသောက်ဆိုင်လေးတွေကို ဝင်လာပြီး ရောင်းချတဲ့အစားအစာတွေကို ငွေမရှင်းဘဲ မကြာခဏ လာစားနေတယ်လို့ စျေးသည်အချို့က ပြောပါတယ်။ “မာလာဟင်းဆိုင်ဆိုလည်း တစ်ခါစားရှစ်သောင်းတစ်သိန်း၊ ခေါက်ဆွဲဆိုင်ဆိုလည်းအုပ်စုလိုက်တစ်သိန်းကျော်ဖိုးအလကားဝင် ဝင်စားတာ။ နောက်ဆုံးကုန်ကုန်ပြောမယ်။ မုန့်ပေါင်းဆိုင်လည်း အလကား၊ကွမ်းယာဆိုင်ပါမကျန် အလကားဝင် ဝင်မြိုတာ သူတို့အားလုံးက။ အရင်းပြုတ်တော့မယ်။”လို့ လမ်းဘေးစျေးသည်တစ်ဦးက ပြောပါတယ်။ လမ်းဘေးစျေးသည်တချို့ဟာ ပြင်ဦးလွင်မြို့မှာ စစ်ရှောင်လာနေရင်း စျေးရောင်းကြတဲ့သူတွေလည်းရှိပြီး မကြာခဏ အလကားလာလာစားကြလို့ အခက်အခဲတွေရှိနေကြောင်း စျေးသည်အချို့က ပြောပါတယ်။ ဒါ့အပြင် လမ်းလေးစျေးဆိုင်တွေကို တစ်ရက်တစ်ထောင့်ငါးရာကျပ် စျေးကောက်ကောက်နေပြီး အိမ်မှာဖွင့်တဲ့ဆိုင်ကအစ…
-

မန္တလေး သိပ္ပံလမ်းမှာ လူတစ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူ
မန္တလေးမြို့ သိပ္ပံလမ်းမှာ လူတ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူသွားကြောင်း သတင်းရရှိပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁နာရီဝန်းကျင်က မန္တလေးမြို့ပေါ် လူစည်ကားရာ အဓိကလမ်းမကြီးဖြစ်တဲ့ သိပ္ပံလမ်းနဲ့ လမ်း ၆၀ ထောင့်အနီးမှာ ဆိုင်ကယ်နဲ့လာတဲ့ လူငယ်အမျိုးသားတစ်ဦးကို လူတစ်စုက စစ်ဆေးမယ်ဆိုပြီး ရပ်တန့်ခိုင်းခဲ့ကြောင်း၊ အဲဒီနောက် Tool Box ထဲထည့်လာတဲ့ ကျပ်သိန်း ၁၂၀ ကျော်ကို လုယူသွားကြောင်း သိရပါတယ်။ “ဆိုင်ကယ်ရပ်ပြီး ဖုန်းကိုင်တဲ့အချိန် အောက်က ယူနီဖောင်းခံဝတ်ထားပြီး စစ်မယ်ဆိုပြီး ပိုက်ဆံတွေ တွေ့တော့ ယူသွားတာတဲ့”လို့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ လုယူသွားတဲ့သူတွေဟာ သုံးဦးဖြစ်ပြီး Click ဆိုင်ကယ်တစ်စီးနဲ့ Scoopy တစ်စီးလည်း…