Author: Baby Yit Lone
-

မန္တလေးတွင် ပေါက်ကွဲမှုဖြစ်ပြီး မိန်းကလေးငယ် သေဆုံး၊ မိဘများ ဒဏ်ရာရ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က နေအိမ်တလုံးမှာ အောက်တိုဘာ ၁၁ ရက် မနေ့ ညနေ ၃ နာရီကျော်က ပေါက်ကွဲမှုဖြစ်လို့ အသက် ၁၃ နှစ်အရွယ်မိန်းကလေး သေဆုံးပြီး မိဘတွေ ဒဏ်ရာရသွားတယ်လို့ ဖြစ်စဉ်မှာ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။ ပန်းရံလုပ်ငန်းလုပ်သူ ကိုဝင်းနိုင်ဦးဟာ သူနေတဲ့ (စ) ရပ်ကွက်၊ ၁၂၃x၁၂၄ လမ်းကြားကနေအိမ်မှာ သန့်ရှင်းရေးလုပ်ငန်း လုပ်တဲ့ဆီကနေ ထည့်ယူလာတဲ့ သံတိုသံစထုပ်ကို ထုတ်ကြည့်ရာမှာ ဗုံးလို့ယူဆရတဲ့ ပစ္စည်းတခုက အစထွက်နေတဲ့ ကြိုးစလေးကို ဆွဲထုတ်မိရာက ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ကူညီဆောင်ရွက်ပေးခဲ့သူတယောက်က “ရှမ်းပြည်နယ်၊ နောင်ချိုမြို့ဆေးရုံကြီးမှာ သန့်ရှင်းရေးလုပ်ငန်း လုပ်ပြီး ထည့်ယူလာတဲ့ သံတိုသံစအိတ်ထဲကနေပါလာတဲ့ ဗုံးလို့ ယူဆရတဲ့ဟာက ပေါက်ကွဲ။ ကြိုးစလေးထွက်နေတာကို ဆွဲလိုက်တော့ ယမ်းအနံ့ထွက်လာလို့ ရေအိုးတွေထားတဲ့ဘက်ကို လွှင့်ပစ်လိုက်တာ။ ရေချိုးနေတဲ့…
-

ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား
ပြည်သူတွေက BC လုပ်ထားလို့ ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာတွေ မရှိတော့လို့ ထိုင်စောင့်နေရကြောင်းပြည်သူတွေကသပိတ်မှောက် (BC-boycott)ထားတဲ့ စစ်တပ်ထောက်ခံသူ ဟာသလူရွှင်တော် ဒိန်းဒေါင်ကပြောပါတယ်။ အာဏာသိမ်းကာလတလျှောက်လုံး စစ်ကောင်စီကိုထောက်ခံခဲ့ပြီး စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေ၊ ဝါဒဖြန့်ဖျော်ဖြေပွဲတော်တွေမှာ လုပ်ကိုင်ပေးခဲ့တဲ့ ဟာသလူရွှင်တော်ဒိန်းဒေါင်ဟာ ပွဲငှားရော ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေပါ ခေါ်ယူတာတွေ မရှိတော့လို့ စောင့်မျှော်နေရကြောင်း NSS Youtube channel မှာ ဖြေဆိုထားတာတွေ့ရပါတယ်။ “ပွဲငှားတွေနည်းသွားတယ်။ ဇာတ်ကားတွေလည်း မရိုက်ရဘူး။ ရင်ထဲကခံစားချက်လေးပေါ့။ တချို့တွေ ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားကို ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာ၊ ဒါရိုက်တာတွေလည်းရှိတယ်။ နံပါတ် ၁ မရိုက်ရခြင်းအကြောင်းရင်းပေါ့။”လို့ ဒိန်းဒေါင်က ပြောပါတယ်။ ယခင်က စစ်ကောင်စီရဲ့…
-

အွန်လိုင်းဆယ်လီ သမီးဆိုးကို ရန်ကုန်လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်း
အွန်လိုင်းဆယ်လီ သမီးဆိုး ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ကနဦး သိရသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းက အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိနေသော သမီးဆိုး (ခ) သက်ကိုကို ကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) ၊ နံနက်ပိုင်းက ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်ကနေကြားသိရပါတယ်။ သမီးဆိုး သည် နိုင်ငံတော်အကြီးအကဲများနှင့် ၄င်းတို့၏ဇနီးများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အွန်လိုင်းဆယ်လီများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဝေဖန်ပြောဆိုနေသူတစ်ဦးဖြစ်သည်။ ရန်ကုန်လေဆိပ်မှာ လေယာဉ်ပေါ်ရောက်ပြီးမှ အေသင်ကိုရဲ့ ပါဝါကြောင့် ထွက်ခွာခွင့်မရဘဲ ပြန်ဆင်းလာရတဲ့ သမီးဆိုး သားနဲ့ ယောကျာ်းကို ထိုင်းဘက်ပြေးခိုင်း ကိုယ်တိုင်ကတော့ ဘယ်သူမှ မမှတ်မိအောင်လုပ်ပြီး စင်ကာပူကို ထွက်ဖို့လုပ်တဲ့အချိန် လေယာဉ်ပေါ်မှာ မိသွားတယ်လို့ သတင်းများ…
-

မန္တလေးမှာ ပေါက်ကွဲမှု ဖြစ်ပြီး မိသားစု သုံးဦးထိခိုက်ဒဏ်ရာရ
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်မှာမနေ့( အောက်တိုဘာ ၁၁ ရက်) နေ့ခင်းပိုင်း ၃ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပြီး မိသားစုဝင် သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံဆီကသိရပါတယ်။ ပေါက်ကွဲမှုကတော့ပြည်ကြီးတံခွန်၊(စ)ရပ်ကွက်၊၁၂၃လမ်းနဲ့ ၁၂၄ လမ်း ကြား၊ ၅၄( ဘီ )လမ်းမှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်ကတော့ ပန်းရံ အလုပ် လုပ်တဲ့အမျိုးသားက ရှမ်းပြည်မြောက်ပိုင်း နောင်ချို ဆေးရုံ မှာ ဆေးရုံ ပြင်ဆင်ရေး လုပ်ကိုင်ရင်း စွန့်ပစ် သံတိုသံစအထုပ်ကိုမန္တလေးကိုယူဆောင်ခဲ့ရာ အိမ်မှာ နေထိုင်တဲ့ အခြား အမျိုးသား က အထုပ်ကို ဖွင့်ကြည့်ပြီး တရုတ် လုပ် ကြိုးဆွဲလက်ပစ်ဗုံးလို့ ယူဆရတဲ့ အရာကို ကိုင်တွယ်ရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့သိရပါတယ်။ “အသံကတော်တော်လေးကျယ်တယ်၊ ရဲတွေ၊ ပျူတွေရောက်လာတော့တာပဲ၊ဒဏ်ရာရတဲ့သူတွေကို လူမှုရေးအသင်းကားနဲ့ ခေါ်သွားတယ်”လို့ ရပ်ကွက် နေပြည်သူတစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုကြောင့်…
-

ထိုင်းက နေရပ်ပြန်ပို့သည့် မြန်မာလုပ်သားများကို စစ်တပ်က အဓမ္မစစ်သား စုဆောင်း
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီးနောက် အချုပ်ထောင်ကနေ ပြန်လွတ်လာတဲ့ မြန်မာလုပ်သားတွေကို နေရပ်ပြန်ပို့တဲ့အခါ စစ်တပ်က အဓမ္မ စစ်သား စုဆောင်းနေပါတယ်။ ထိုင်းနိုင်ငံ၊ ရနောင်းမြို့က အချုပ်ထောင်မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ ကို အောက်တိုဘာလ ၉ ရက်က မြန်မာဘက်အခြမ်း ကော့သောင်း လှေဆိပ်ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာအမျိုးသား ၈၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်ကို မြန်မာနိုင်ငံဘက်အခြမ်း ပို့ဆောင်ပြီးနောက် စစ်တပ်က အဓမ္မ စစ်သားစုဆောင်း ခေါ်ဆောင်သွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ အဓမ္မ စစ်သား စုဆောင်းခံရရင် ငွေကြေး တတ်နိုင်သူသာ ပြန်လွှတ်လေ့ရှိပြီး အများစုက စစ်သင်တန်းပေးခံရတယ်လို့ သိရပါတယ်။ နီးစပ်သူတယောက်က…