Author: Baby Yit Lone

  • လက်ပံတန်းမြို့ပေါ်မှာ PDF တပ်ရင်းမှုး ၁ ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင်မျက်လုံးများဖောက်ထုတ်ခံရ

    လက်ပံတန်းမြို့ပေါ်မှာ PDF တပ်ရင်းမှုး ၁ ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင်မျက်လုံးများဖောက်ထုတ်ခံရ

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့၊ မြို့မရပ်ကွက်မှာ မတ်လ၁၂ရက်နေ့က PDF တပ်ရင်းမှု ၁ ဦးကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

    အဆိုပါPDFတပ်ရင်းမှုးကိုစစ်တပ်ကအုတ်ဖိုစစ်ကြောရေးမှာဖမ်းဆီးထားပြီးနောက် မျက်လုံး၂လုံးလုံးကိုဖောက်ထုတ်လိုက်တယ်လို့ သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

    ဖြစ်စဉ်မှာ အဆိုပါPDFတပ်ရင်းမှုးဟာ လက်ပံတန်းမြို့ပေါ်က ‘စပိုင်စီ’ စားသောက်ဆိုင်မှာ အမျိုးသမီး၂ဦးကိုသွားရောက်တွေ့ဆုံစဉ်မှာ စစ်တပ်ဖက်ကသိရှိပြီးဖမ်းဆီးသွားတာဖြစ်ပါတယ်။

    အဆိုပါအမျိုးသမီး၂ဦးမှာလဲ စစ်တပ်ဖက်ကလွှတ်ထားတဲ့သူတွေဖြစ်ပြီး PDFတပ်ရင်းမှုးကိုဖမ်းဆီးဖို့ “ငါးစာချထာ” ဟု သတင်းအရင်အမြစ်ကဆက်ပြောပြပါတယ်။

    ဖမ်းဆီခံရတဲ့ ‘စပိုင်စီ’ စားသောက်ဆိုင်ဟာလဲ စစ်တပ်ဖက်ကဖွင့်ထားတဲ့ဆိုင်ဖြစ်ပြီး ဒေသခံတွေတောင် အဆိုပါဆိုင်မှာထိုင်ရင်း အဓမ္မစစ်မှုထမ်းနဲ့ဖမ်းဆီးခံရတာတွေရှိတာကြောင့် မသွားကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဖမ်းဆီးခံရတဲ့ တပ်ရင်းမှုနဲ့အတူ ပစ္စတို ၁ လက်၊ ဗုံးသီး ၃ လုံး၊ ကျည် ၇ တောင့်လည်းပါသွားတယ်လို့သိရပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ကတော့ အဆိုပါကိစ္စနဲ့ပါတ်စက်ပြီး AAMIJရဲ့မေးမြန်းမှုကိုဖြေးကြားဖို့မရှိသေးကြောင်း အကြောင်းပြန်လာပါတယ်။

    (ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်းခြင်းနှင့် အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံခြင်းအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ – ပဲခူးခရိုင် ပကဖ)

    AAMIJ

  • မြို့ပြညရဲ့ အိမ်ပြန်လမ်းတွေ

    မြို့ပြညရဲ့ အိမ်ပြန်လမ်းတွေ

    ဒီနေ့ည အိမ်အပြန်လမ်းဟာ အိမ်ရောက်တာတောင် ရင်တုန်မပြေနိုင်လောက်အောင် ဆိုးဝါးလွန်းခဲ့ပါတယ်။

    ခေတ်ပျက်နေတဲ့အချိန်မှာ ကိုယ်တိုင်ကြုံလိုက်ရတဲ့ အဖြစ်အပျက်မို့ အားလုံးသင်ခန်းစာယူနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

    🚩 မယုံကြည်ရတဲ့ ဖြစ်စဉ်များ

    App ထဲက ကားနံပါတ်နဲ့ လာရပ်တဲ့ကားက တစ်ခြားစီ – “ကားပြင်နေလို့ အစားထိုးမောင်းတာပါ” ဆိုတဲ့ စကားကို ယုံမိပြီး တက်စီးခဲ့တာက ကျွန်တော့်အမှားပါ။

    လူတစ်ယောက် ထပ်တင်ဖို့ ကြိုးစားလာခြင်း – လမ်းတစ်ဝက်မှာ “သူ့သူငယ်ချင်းပါ” ဆိုပြီး လူတစ်ယောက်ကို ကားပေါ်ထပ်တင်ဖို့ ကြိုးစားလာတဲ့အတွက် အတင်းဆင်းခဲ့ရပါတယ်။

    ဟန်ဆောင်အကူအညီတောင်းမှ ပြေးသွားခြင်း – ဖုန်းထုတ်ပြီး တစ်စုံတစ်ယောက်ကို အကူအညီတောင်းသလို ဟန်ဆောင်လိုက်မှပဲ အဲဒီလူတွေ ကားမောင်းပြေးသွားပါတော့တယ်။

    💔 လုံခြုံမှုပျောက်ဆုံးနေတဲ့ မြို့ပြ

    ည (၁၀) နာရီဆိုတဲ့ အချိန်မှာ… အားကိုးရပါတယ်ဆိုတဲ့ Service တွေက ဒီလောက်အထိ အောက်တန်းကျနေပြီလား?

    ဒါ စီးပွားရေးလုပ်တာလား၊ အုပ်စုဖွဲ့ အနိုင်ကျင့်ဖို့ ပြင်ဆင်နေတာလား?

    အိမ်ပြန်လမ်းတိုင်းဟာ တစ်ညပြီးတစ်ည အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ “Survival Game” တစ်ခုလို ဖြစ်နေပါပြီ။

    လူတစ်ယောက်အတွက် အေးချမ်းရမယ့် အိမ်ပြန်လမ်းဟာ ဘာလို့ ဒီလောက်ထိ ကြောက်လန့်စရာ ကောင်းနေရတာလဲ။

    ဒီညတော့ ကံကောင်းလို့ အသက်ဘေးက လွတ်ခဲ့ပေမယ့် နောက်နေ့ညတွေမှာ ဘယ်သူ့အလှည့် ဖြစ်ဦးမလဲ မသိနိုင်ပါဘူး။ ⚠️

    အားလုံးပဲ အထူးသတိထားပြီး ဘေးကင်းကင်းနဲ့ အိမ်ပြန်နိုင်ကြပါစေ။

  • တောင်သာတွင် PLA စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၂ ဦး သေဆုံးပြီး ယာဉ် ၁ စီး ပျက်စီး

    တောင်သာတွင် PLA စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၂ ဦး သေဆုံးပြီး ယာဉ် ၁ စီး ပျက်စီး

    မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကော်မရှင်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးပြီး စစ်သုံးယာဉ်တစီး ပျက်စီးသွားကြောင်း PLA က ယနေ့ (မတ်လ ၁၅ ရက်) တွင် သတင်းထုတ်ပြန်သည်။

    ဆိတ္ထိန်းရွာမှ အေးရွာဘက်သို့ ထွက်ခွာလာသော ကားသုံးစီးပါ စစ်ကော်မရှင် ယာဉ်တန်းကို PLA ရဲဘော်များက ယမန်နေ့ (မတ်လ ၁၄ ရက်) ညနေ ၆ နာရီခန့်တွင် အငိုက်ဖမ်း စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    “ကျွန်တော်တို့ ရဲဘော်တွေဘက်က တယောက်ပေါ့နော်။ မစိုးရိမ်ရတဲ့ ဒဏ်ရာရတာပဲရှိပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကပြောသည်။

    တိုက်ပွဲဖြစ်ပွားရာနေရာ၌ပင် စစ်ကော်မရှင်တပ်သား ရှစ်ဦး သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း ၎င်းပြောသည်။ နောက်ဆက်တွဲရရှိသည့် အတည်ပြုချက်များအရ စုစုပေါင်း သေဆုံးသူ ၁၂ ဦးအထိ ရှိလာကြောင်း PLA ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

    ငါးမိနစ်ခန့်ကြာမြင့်သည့် ထိုထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်ရှင်ဘက်မှ ကားတစီး လမ်းဘေးသို့ထိုးရပ်ကာ ပျက်စီးသွားခဲ့သည်ဟု PLA ထံက သိရသည်။

    တိုက်ခိုက်မှုအပြီးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ရဲဘော်များအားလုံး ပြင်းထန်ဒဏ်ရာ မရရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ထိုစစ်ကော်မရှင်စစ်ကြောင်းတွင် အင်အား ၃၀၀ ခန့်ပါဝင်ပြီး ယမန်နေ့ နံနက်ပိုင်းက စတင်က ကျောက်ပန်းတောင်း – မြင်းခြံလမ်းပိုင်းရှိ အေးရွာ သို့ စစ်ကြောင်းထိုးရောက်ရှိလာကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

    အဆိုပါစစ်ကြောင်းသည် လမ်းတလျှောက်ရှိ ရွာများဖြစ်သည့် ခါးပတ်ရွာတွင် အင်အား ၃၀ ခန့် ၊ သမုန်းပင်လမ်းခွဲတွင် အင်အား ၃၀ ခန့်၊ ကျားနေအိုင်လမ်းခွဲတွင် အင်အား ၃၀ ခန့်နှင့် ဆိတ္ထိန်းရွာလမ်းခွဲတွင် အင်အား ၃၀ ခန့်ဖြင့် အင်အားခွဲ၍ နေရာယူထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

  • ဧရာဝတီတိုင်းက ဆိုင်ကယ်အရောင်းဆိုင်တွေ လိုင်စင်အပွားလုပ်ရောင်းလို့ ဝယ်သူတွေ ဖမ်းဆီခံရမှုတွေ ရှိနေ

    ဧရာဝတီတိုင်းက ဆိုင်ကယ်အရောင်းဆိုင်တွေ လိုင်စင်အပွားလုပ်ရောင်းလို့ ဝယ်သူတွေ ဖမ်းဆီခံရမှုတွေ ရှိနေ

    ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင်က ဆိုင်ကယ်ဆိုင်တွေမှာ လိုင်စင်မဲ့(Without) ဆိုင်ကယ်တွေကို နံပါတ်အပွားနဲ့ ရောင်းချမှုတွေ လုပ်နေပြီး မသိနားမလည်တဲ့ ဝယ်ယူသူတွေ လတ်လောမှာ ဒုက္ခရောက်နေရတယ်လို့ သိရပါတယ်။

    AYY/MDY/ယ လိုင်စင်တွေနဲ့ ရောင်းချတာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးခံရချိန် လိုင်စင်မဲ့ ဝှီးတက်အတုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

    “ယာဉ်ထိန်းရဲကစစ်တော့ အပွားကြီးပြောတယ်၊ ဆိုင်ကယ်ပိုင်ရှင်ကလည်း အစစ်ပါပေါ့၊ အစစ်ဆို စာရွက်စာတန်းပြဆိုတော့ သူဝယ်လာတာတွေပြတယ်၊ အကုန်လွဲနေတယ်ဆိုပြီး နားလည်မှုနဲ့ မသိမ်းဘဲ ဒဏ်ရိုက်တယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

    လိမ်လည်ရောင်းချခံထားရတာကြောင့် သက်တမ်းကုန်ဆုံးလို့ ယာဉ်သက်တမ်းတိုးတဲ့အခါမှာ မသိနားမလည်တဲ့ ပြည်သူတွေ ဒုက္ခရောက်ကြရတယ်လို့လည်း သိရပါတယ်။

    “အဖမ်းအဆီးများလာတော့ လိုင်စင်သက်တမ်းလွန်တာတွေ သက်တမ်းတိုးကြတယ်၊ အဲ့ဒီမှာ အကုန်အတုတွေ ဖြစ်နေတာတွေ အများကြီးပဲ၊ အများစုက Pcx တို့ Click 160 တို့၊ Scoopy တို့ ခုနောက်ပေါ်တာတွေ အများဆုံး အပွားခံရတာ၊ မသိတဲ့သူက ပုံမှန်အတိုင်း ဝယ်မှာပဲလေ၊ ပြီးမှ အပွားဆိုတာ သိကြတာ” လို့ ရဲနဲ့နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။

    လတ်တလော ဖမ်းဆီးခံရမှုတွေဟာ ဆိုင်ကယ်ပွဲစားတွေနဲ့ ကညန က ဝန်ထမ်းတွေ ပူးပေါင်လုပ်ဆောင်ခဲ့တဲ့ ဝှီးတက်အတုနဲ့ ရောင်းချမှုတွေကြောင့် ဆိုင်ကယ်စီးနင်းသူတွေ ဖမ်းဆီးခံရမှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

  • ဂမ္ဘီရကြက်ခြေ ပါကြရဲ့လား

    ဂမ္ဘီရကြက်ခြေ ပါကြရဲ့လား

    ပါတဲ့သူတွေဟာ ကံအထူးဆုံးလူသားတွေပါ

    ဂမ္ဘီရကြက်ခြေ ပါရှိခြင်းသည် ကောင်းသော အမှတ်အသားတစ်ခုဖြစ်ကြောင်း ကျွန်တော် ထောက်ခံပါသည်။

    သို့သော် ဤလက်အမှတ်ပါရှိသူများသည် ဤဘဝတွင် လောကဓံကို အတော်အသင့် ခံစားကြရမည့်သူများ ဖြစ်သည်ဟု အတိအကျ ပြောလိုပါသည်။

    သက်သက်သာသာနှင့် ဘာတစ်ခုမျှ အလကားရရှိခြင်း မရှိသလို၊ တစ်ကြိမ်တည်း ကြိုးစားရုံမျှဖြင့်လည်း အဆင်မပြေတတ်ပေ။

    အနည်းဆုံး နှစ်ကြိမ် ကြိုးစားအားထုတ်ရသူများ ဖြစ်ပါသည်။

    ဂမ္ဘီရကြက်ခြေ ပါရှိသူများ၏ ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    ၁. အများအကျိုးဆောင် : လူပင်ပန်း၊ စိတ်ပင်ပန်းခံကာ အများအတွက် ဆောင်ရွက်ပေးရသူများ ဖြစ်သည်။

    ၂. အားကိုးခံရသူ : လူအများ၏ အားကိုးအားထား ခံကြရသူများ ဖြစ်သည်။

    ၃. အိပ်မက်ထူး : ထူးဆန်းသော အိပ်မက်များကို မြင်မက်လေ့ရှိသည်။

    ၄. ရင်းနှီးမှု့အထူး : တစ်ခါမျှ မရောက်ဖူးသော နေရာသို့ ရောက်သွားလျှင်ပင် ရင်းနှီးပြီးသားလို ခံစားရတတ်သည်။

    ၅. သန့်ရှင်းမှု့အထိအခိုက်ခံနိုင်မှု : မသန့်ရှင်းသော နေရာ သို့မဟုတ် အသုံးအဆောင်တစ်ခုခုနှင့် ကြုံတွေ့ပါက စိတ်ကသိကအောက် ဖြစ်တတ်ကာ ဓာတ်ပြင်းသူများဆိုလျှင် ယားယံခြင်းပင် ဖြစ်တတ်သည်။

    ၆. လူ့သဘောကို ပေါက်မြင်ခြင်း : လူတစ်ဦးကို တွေ့လိုက်သည်နှင့် မသိစိတ်က ပုံဖော်မိပြီး လူကောင်း ဟုတ် မဟုတ် ချက်ခြင်း သိနိုင်စွမ်းရှိသည်။

    ၇. ဓာတ်ကူနိုင်စွမ်း : ဓာတ်ပြင်းသူများဆိုပါက စုန်း၊ တစ္ဆေပူးသူအနီးသို့ ရောက်ရှိသွားရုံမျှဖြင့် ထိုသူ၏ရောဂါ ပျောက်ကင်းတတ်သည်။

    ၈. မွေးမြူရေးအဆင်မပြေ : မွေးမြူရေးလုပ်ငန်း လုပ်ဆောင်ပါက အရင်းပြုတ်တတ်သည်။

    ၉. အကုသိုလ်အလုပ်အကျိုးမပေး : အကုသိုလ်အလုပ်မျိုး လုပ်ဆောင်ပါက အကျိုးမပေးတတ်ပေ။

    ၁၀. မတော်တဆမှုမျိုးစုံကြုံရ : မီးလောင်ခြင်း၊ ရေနစ်ခြင်း၊ ဓာတ်လိုက်ခြင်း စသည့် မတော်တဆမှုမျိုးစုံ ကြုံတွေ့ရတတ်သည်။

    ၁၁. အိမ်ထောင်ရေးသာယာမှုနည်း : အိမ်ထောင်ရေးသာယာမှု နည်းပါးပြီး ကွဲကွာခြင်း (သို့) ခွဲနေရခြင်းမျိုး ကြုံရတတ်သည်။

    ၁၂. အခက်အခဲမှ ကယ်တင်သူ : အခက်အခဲများစွာ ကြုံလာရပြီး နောက်ဆုံးအချိန်တွင် ကူညီမည့်သူ ပေါ်လာတတ်သည်။

    ၁၃. အချုပ်အနှောင် ကြုံရ : အချုပ်အနှောင် သဘောမျိုး ကြုံရတတ်သည်။

    ၁၄. သွားပုပ်လေလွင့်ခံရ : လူအများ၏ ကဲ့ရဲ့ပြောဆိုခြင်း ခံရတတ်သည်။

    ၁၅. နေဝင်ချိန်မှ ချမ်းသာ : ဘဝနေဝင်ချိန် (အိုမင်းချိန်) တွင်မှ ဥစ္စာချမ်းသာ၊ တရားအသိချမ်းသာကို ရရှိသည်။

    ၁၆. အရွယ်ရောက်မှ အေးချမ်း : ပထမ၊ ဒုတိယ၊ တတိယအရွယ်များတွင် ဒုက္ခခံစားရပြီး စတုတ္ထအရွယ်တွင်မှ အေးချမ်းရသည်။ ဤသည်ကို ကောင်းသည်ဟု ပြောမလားမေးလျှင် ကောင်းသည်ဟုပင် ဖြေပါမည်။

    နိဂုံးချုပ် အဆုံးအဖြတ်

    ဤဂမ္ဘီရကြက်ခြေ လက်ပိုင်ရှင်များသည် အနည်းဆုံး သောတာပန် (မဂ်ဉာဏ်ပထမအဆင့်) သို့ ကူးပြောင်းတော့မည့်သူများ ဖြစ်သည်ဟု ရှေးဟောင်းကျမ်းများက ဆိုထားပါသည်။ သံသရာပြတ်ရန် ငါးဘဝသာ ကျန်တော့သည်ဟု ဆိုလေ့ရှိကြသည်။

    ထို့ကြောင့် ဂမ္ဘီရကြက်ခြေ ပါရှိပြီး လောကဓံဒဏ်ကို ခံစားနေရသူများအား ပြောကြားလိုသည်မှာ –

    “ဝဋ်ကြွေး အကုန်အဆပ်ခံရအောင် အကြွေးတောင်းခံနေရခြင်း ဖြစ်ပါသည်။ လောကဓံတရားများသည် သင့်အား အတိတ်က အကြွေးများ ဆပ်ခိုင်းနေခြင်းဖြစ်သလို သံသရာမှ ပြတ်ထွက်ရန် တွန်းပို့နေခြင်းလည်း ဖြစ်ပါသည်။”

    ထို့ကြောင့် စိတ်ဓာတ်မကျပါနှင့်။

    ဤလက်သည် ဘယ်တော့မှ ထမင်းမငတ်သော လက် ဖြစ်သည်။

    ကိုယ်စိတ် နားမရဘဲ ပင်ပန်းရမည် ဖြစ်သော်လည်း၊

    သူတစ်ပါး၏ လက်ချက်ဖြင့် ဘယ်တော့မှ သေရမည် မဟုတ်ပေ။

    မတော်တဆမှုကြောင့်လည်း မသေနိုင်ပေ။

    သို့သော် ခွဲစိတ်ကုသမှု ခံယူရမည်မှာ ၁၀၀% နီးပါး သေချာပါသည်။

    ဤလက်ကို “သူတော်ကောင်းလက်” သို့မဟုတ် “သူတော်ကောင်းဖြစ်တော့မည့်လက်” ဟု အာမခံပြောရဲပါသည်။

    တရားထိုင်လျှင် တရားထူး အမြန်ရမည် ဖြစ်သည်။ ထူးခြားသော ပုဂ္ဂိုလ်များ၊ ဖြစ်စဉ်များကို ကြုံတွေ့ရမည် ဖြစ်သည်။ နိဗ္ဗာန်ကို မြင်နေရပြီ ဖြစ်သည်။ ရောက်ရှိရန် အားထုတ်ရမှာကတော့ မိမိ၏ တာဝန်သာ ဖြစ်ပါသည်။

    သူတစ်ပါးများ ဝေးကွာနေသေးသည့် နိဗ္ဗာန်ကို မြင်နေရသော လမ်းပေါ်သို့ ခြေချမိပြီးဆိုလျှင် စိတ်ညစ်စရာ ဘာကျန်ပါသေးသနည်း။

    မြန်မြန်သွားလျှင် မြန်မြန်ရောက်မည်၊ နှေးနှေးသွားလျှင် နှေးနှေးရောက်မည်။ ဤမျှသာ ကွာခြားပါတော့သည်။

    မိတ်ဆွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

    ဘဘဦးဖိုးနီ